backup og meta

နို့သီးခေါင်းမှ အရည်များထွက်ခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့သီးခေါင်းမှ အရည်များထွက်ခြင်း

    နို့သီးခေါင်းမှ အရည်များထွက်ခြင်

    သားမြတ်(ရင်သား)မှာရှိတဲ့ နို့သီးခေါင်းကနေ အရည်တစ်မျို းမျိ ု ုးထွက်ခြင်းကိုဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင်သည် မဟုတ်တဲ့အမျိ ု းသမီးတွေနဲ့ ကလေးနို့မတိုက်တဲ့ အမျို းသမီးတွေမှာပါ ထွက်တတ်ပါတယ်။ ဖြစ်နိုင်ရင် နို့သီးခေါင်းကနေ အရည်တစ်မျိ ု းမျိ ု းထွက်နေပြီဆိုပါက ဆရာဝန်ဆီသွားပြီး စစ်ဆေးမှုခံယူတာ အကောင်းဆုံးပါပဲ။ အမျိ ု းသားတစ်ယောက်အတွက် နို့သီးခေါင်းကနေ အရည်တွေထွက်နေတယ်ဆိုရင် ကြီးမားတဲ့ ပြဿ နာအကြောင်းခံတစ်ခုခုရှိနေနိုင်ပါတယ်။

    အဲ့ဒါကို ဘယ်လိုပုံစံမျိ ု းတွေ့ရတတ်သလဲ

    ရင်သားတစ်ဖက် သို့ နှစ်ဖက်စလုံးကနေ ထိုအရည်တွေထွက်တတ်ပါတယ်။ အလိုလျောက်သော်လည်းကောင်း ရင်သားကိုလက်နဲ့ ညှစ်လိုက်ရင်သော်လည်းကောင်းထွက်လာတတ်ပါတယ်။ ထိုအရည်တွေဟာ အကြည်ရောင် နို့ကဲ့သို့အရောင်နောက်နောက် သို့ အရောင်တစ်မိ ျု းမျိ ု း ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ သွေးကဲ့သို့အရောင်တွေဖြစ်တတ်ပါတယ်။ ထိုအရည်တွေဟာ မိခင်နို့ရည်နဲ့ တူညီတဲ့နေရာကထွက်လာပေမယ့် မိခင်နို့ရည်တော့မဟုတ်ပါဘူး။ ထွက်ရှိမှုဟာ အနည်းအများပြောင်းလဲနိုင်သလို ထွက်လာတဲ့အရည်ဟာလည်း ပျစ်တာကျဲတာ ကွာခြားနိုင်ပါတယ်။

    ဘာတွေကဖြစ်စေသလဲ

    ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ နို့သီးခေါင်းကနေ အရည်(နို့ရည်)တွေထွက်တယ်ဆိုတာပုံမှန်ပါပဲ။ ရာသီလာချိန်နဲ့ တွယ်ဆက်တစ်ရှူ းအမျှင်တွေ ပြောင်းလဲတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်းဖြစ်နိုင်ပါတယ်။ နို့တိုက်ချိန်မှာ သားမြတ်နှစ်ဖက်စလုံးကနေ ထွက်နိုင်ပါတယ်။ ကလေးငယ်အားနို့ဖြတ်ပြီး နောက်၂နှစ်လောက်အထိ ဆက်လက်ထွက်ရှိနိုင်ပါတယ်။

    သွေးကဲ့သို့အရည်တွေထွက်တယ်ဆိုတာ အရည်ပြားအောက်မှာ ကင်ဆာမဟုတ်တဲ့အဖုအကျိတ်တွေရှိလို့လဲ ဖြစ်နိုင်ပါတယ်။ ထိုအကျိတ်တွေဟာ နေရာမရွေးဖြစ်ပေါ်နိုင်ပြီး နို့ထုတ်ပြွန်တစ်ခုကိုသာ သက်ရောက်နိုင်ပါတယ်။ ထိုအရည်တွေဟာ အလိုလျောက်ထွက်နေပြီး အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ultrasound ရိုက်ကြည့်ဖို့တော့လိုပါတယ်။ အဖြေထွက်လာလို့ နို့ထုတ်ပြွန်တွေမှာပိုးဝင်ပြီ းအနာတရဖြစ်နေတာတွေ့ရင် ဆရာဝန်က ရင်သားကင်ဆာ ဟုတ်မဟုတ်သေချာအောင် အသားစကို ဓါတ်ခွဲစစ်ဆေးခိုင်းပါလိမ့်မယ်။

    ရင်သားကင်ဆာ ဖြစ်လာနိုင်သလား

    နို့သီးခေါင်းကနေ အရည်တွေထွက်တယ်ဆိုတာ အသက်အန္တရာယ်မရှိပေမယ့် ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ ထိုသို့ဖြစ်ပါက အောက်ပါလက္ခဏာတွေ ပြပါလိမ့်မယ်။

    -သားမြတ်ထဲတွင် အဖု အခဲ ဖြစ်နေခြင်း

    -သားမြတ်တစ်ဖက်ထဲကသာထွက်ခြင်း

    -သွေးစများ ပါလာခြင်း

    -အလိုလျောက် စိမ့်ထွက်နေခြင်း

    -ပြွန်တစ်ခုထဲကိုသာ သက်ရောက်ခြင်း

    ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကဘာလဲ

    -ပြည်တည်ခြင်း

    -ရောဂါပိုးဝင်ရောက်ခြင်း သို့ ရင်သားကင်ဆာ

    -နို့ထုတ်ပြွန်အတွင်း၌ ကင်ဆာအကျိတ်ဖြစ်ခြင်း

    -ဟော်မုန်းများ ချိ ု့ယွင်းခြင်း

    -(ကလေးမမွေးထားဘဲ)နို့ရည်များ စိမ့်ထွက်နေခြင်း

    -သားမြတ်ရှိ တွယ်ဆက်တစ်ရှူ းအမျှင်များ ပြောင်းလဲခြင်း

    -သားမြတ်အား အလွန်အမင်း နှုံ့ဆော်မှုဖြစ်စေခြင်း

    -သားမြတ်တွင်ထိခိုက်ဒဏ်ရာရခြင်း

    -နို့ထုတ်ပြွန်များကျယ်နေခြင်း

    -နို့ထုတ်ပြွန်အတွင်း၌ အကျိတ်တည်ခြင်း

    -ဆေးဝါးများ

    -ရာသီလာချိန် ဟော်မုန်းပြောင်းလဲခြင်း

    -ရင်သားကင်ဆာတစ်မျိ ု း

    -နို့ထုတ်ပြွန်တစ်ဝိုက်မှာ ရောင်ရမ်းနေခြင်း

    -Pituitary gland(ဟော်မုန်းထုတ်ပေး)၌ အကျိတ်တည်ခြင်း

    ဘယ်အချိန်မှာ ဆေးဝါးကုသမှုခံယူရမလဲ

    နု့ိသီးခေါင်းက အရည်တွေထွက်နေတိုင်း ကင်ဆာဖြစ်တယ်လို့ပြောလို့မရပါဘူး။ ဒါပေမယ့် အောက်မှာဖော်ပြမယ့် အခြေအနေအတွက်တော့ ဒါဟာသတိထားစရာပါပဲ။ ရာသီလာချိန်ပြီးဆုံးသွားပေမယ့် သွေးတွေဆင်းတာနဲ့ နို့ထုတ်ပြွန်မှ အရည်တွေစိမ့်ထွက်တာ မရပ်သေးဘူးဆိုရင်တော့ ဆရာဝန်နှင့် သွားပြသင့်ပါပြီ။ သင်က သွေးဆုံးပြီးသားဖြစ်နေပြီး အထက်မှာဖော်ပြထားတဲ့ လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် မြန်မြန်ဆန်ဆန် ဆေးကုသမှုခံယူတာအကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement