backup og meta

မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ။ ။

    ကိုယ်ပေါ်က အရာတွေ အားလုံးမှာ ကိုယ်ပိုင်အနံ့တွေရှိတတ်ကြပါတယ်။ ခံတွင်းနံ့၊ ကိုယ်သင်းနံ့၊ ဆံပင်နံ့ စတာတွေလိုပဲ မိန်းမကိုယ်မှာလည်း အနံ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊သွေးဆုံးချိန်၊ ကျန်းမာရေး အခြေအနေနဲ့ စားသောက်မှုပုံစံ တို့နဲ့လိုက်ပြီး အနံ့တွေက ပြောင်းလဲနေတာပါ။ ဒီလို အနံ့တွေ ပြောင်းလဲနေတဲ့ မိန်းမကိုယ်မှာ အနံ့ ၇ မျိုးတောင်ရှိတယ်ဆိုရင် အံ့သြသွားမလား ။  ဒီတစ်ခေါက်တော့ မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ။ ။

    ကဲ …. မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။ အရင်ဆုံး ပြောချင်တာက မိန်းမကိုယ်ကထွက်တဲ့ အနံ့ ၇ မျိုးတောင်ရှိတာလားဆိုပြီး အံ့သြမသွားလိုက်ပါနဲ့။ မိန်းမကိုယ် ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲထွက်ပေါ်လာတဲ့ ဒီအနံ့တွေဟာ သင့်မိန်းမကိုယ်ကျန်းမာရေးကို ခြေရာခံနိုင်မယ့် သဲလွန်စတွေပါ။ ဒီတော့အနံ့ ၇ မျိုးက ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။

    ၁ – musky smell ( ချွေးနံ့ )

    ပုံမှန်ကျန်းမာတဲ့ မိန်းမကိုယ်မှာ musky smell ေချွးနံ့လိုမျိုး အနံ့တစ်ခုရှိပါတယ်။ ဒီအနံ့ဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန်၊ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်ဆို မိန်းမကိုယ်ကနေ ထွက်လာတတ်တဲ့ အနံ့တစ်မျိုးပါ။ ပုံမှန် ရေချိုးသန့်စင်ပြီးရင် ပြန်ပျောက်သွားတတ်ပါတယ်။ ထူးခြားတာက ဒီ musky smell ဟာ အမျိုးသားတွေကို ဆွဲဆောင်တဲ့ အနံ့တစ်မျိုးပါတဲ့။

    ၂ – Tangy or fermented ( ချဉ်စူစူးအနံ့)

    ဒိန်ချဉ်လို၊ ချဉ်ဖတ်တွေလိုမျိုး ချဉ်စူးစူးအနံ့တစ်ခု မိန်းမကိုယ်ရနေ ရရင် အလန့်တကြား ဖြစ်မသွားပါနဲ့။ ဒါ မိန်းမကိုယ်အတွင်းပိုင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယား Lactobacilli တွေဆီက ထွက်တဲ့အနံ့ဖြစ်ပါတယ်။ အပြင်က ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် မိန်းမကိုယ်အတွင်းပိုင်း pH ပမာဏကို ၃.၈ ကနေ ၄.၅ ( အက်ဆစ်အပျော့စား) အတွင်းထိန်းထားရတာကြောင့် ချဉ်စူးစူးအနံ့ ထွက်နေရတာဖြစ်ပါတယ်။

    ၃ – ကြေးနီလို သတ္တုဓါတ် အနံ့။ ။

    ကြေးနီ အနံ့လို့ပြောရင် ဝေးနေမှာစိုးလို့ ပိုက်ဆံ အကြွေပြားစေ့ အနံ့လို့ပြောကြရအောင်။ ဒါဆို သိလွယ်တာပေ့ါ။ ဒီလို အကြွေပြားစေ့လို အနံမျိုး မိန်းမကိုယ်က ထွက်နေပြီဆိုရင် ဒါ ဓမ္မတာ လာတော့မယ်ဆိုတာကို ပြောချင်တာပါ။ ရာသီသွေးတွေမှာပါတဲ့ သံဓါတ်ကြောင့် ဒီလို အနံ့ထွက်ရတာဖြစ်ပါတယ်။

    ၄ – ကြက်သွန်နီ ကြက်သွန်ဖြူနံ့။ ။

    ကြက်သွန်နီတို့ ကြက်သွန်ဖြူတို့ စားထားရင် သူတို့ အနံ့စွဲနေတာ ခံတွင်းတစ်ခုတည်းမဟုတ်ပါဘူး။ ဒီကြက်သွန်နီ ကြက်သွန်ဖြူ အနံ့က မိန်းမကိုယ်ကနေလည်း ပြန်ထွက်လာတတ်ပါတယ်။ ပုံမှန်ဆို ကိစ္စမရှိပေမယ့် ကြက်သွန်နီ ကြက်သွန်ဖြူစားထားပြီးနောက်ပိုင်း အမျိုသားနဲ့ အတူနေတဲ့အခါမှာတော့ အနည်းငယ်စိတ်ရှုပ်စရာလေးတွေ ဖြစ်တတ်ပါတယ်။ မစားရဘူးလို့ပြောတာတော့မဟုတ်ပါဘူး။ ကြက်သွန်တွေစားပြီး ခံတွင်းမွှေးအောင် ပြန်လုပ်ရသလိုပဲ မိန်းမကိုယ်ကိုလည်း ပြန်သန့်စင်ပေးရမယ်ဆိုတဲ့ သဘောပါ။

    ၅ – ငါးညှီနံ့။ ။

    မိန်းမကိုယ်ကနေ ငါးညှီနံ့လိုမျိုး အနံ့ထွက်နေပြီဆိုရင်တော့ ဒါ ဘယ်နည်းနဲ့မှ ပုံမှန် မဖြစ်နိုင်ပါဘူး။ သင့်မိန်းမကိုယ်ထဲ ဘက်တီးရီးယားပိုးဝင်နေပြီဆိုတာကို ပြောချင်တာပါ။ ဒီလို အပြင်က ဘက်တီးရီးယားပိုးတွေ ဝင်ရောင်နိုင်တဲ့အကြောင်းအရင်းကတော့ မိန်းမကိုယ်ရဲ့ pH ပမာဏ ကမောက်ကမ ဖြစ်သွားလို့ ဖြစ်ရတာပါ။ မိန်းမကိုယ်ထဲ ဘက်တီးရီးယားဝင်တဲ့အခါ သူနဲ့အတူမိန်းမကိုယ်ယားတာ၊ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ၊မိန်းမကိုယ်ရောင်တာတွေ ပါလာတတ်ပါတယ်။

    ၆ – တဆေး ( yeast ) အနံ့ ။ ။

    ဒီလို တဆေးနံ့ထွက်နေပြီဆိုရင် သင့် မိန်းမကိုယ်မှာ Yeast လို့ခေါ်တဲ့မှိုပိုးတွေ စွဲကပ်နေပါပြီ။ ဒါကလည်း မိန်းကလေးတိုင်း ကြုံတွေ့တတ်တဲ့ပြဿနာ တစ်ခုပါ။ မိန်းမကိုယ်မှိုစွဲတဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်မှာ အဖြူဖတ်တွေကပ်တာ၊ အဖြူအရမ်းဆင်းတာ ၊မိန်းမကိုယ်ယားယံတာ စတဲ့ လက္ခဏာတွေပါ။ ဟော်မုန်းအပြောင်းအလဲ၊ သောက်နေတဲ့ဆေးတွေနဲ့ တစ်ချို့ သန့်စင်ဆေးရည်တွေကြောင့် မိန်းမကိုယ်တွင်းမှိုနဲ့ ဘက်တီးရီးယား ပမာဏ မမျှတတော့တာကြောင့် ဒီလို မိန်းမကိုယ်မှိုစွဲတဲ့ ပြဿနာဖြစ်ရတာပါ။

    ၇ – ပုပ်အဲ့အဲ့ အနံ့ ။ ။

    မိန်းမကိုယ်ကနေ ပုပ်အဲ့အဲ့အနံ့ထွက်နေပြီဆိုရင် ဘယ်နည်းနဲ့မှ ပုံမှန် မဖြစ်နိုင်တာ သေချာနေပါပြီ။ ဒါပေမယ့် ဒါ မိန်းမကိုယ်ကျန်းမာရေးချို့ယွင်းလို့ ထွက်တဲ့အနံ့လည်း မဟုတ်ပြန်ပါဘူး။ ဒါဆို ဘာကြောင့် ဖြစ်ရတာလဲ။ ဓမ္မတာလာချိန် အသုံးပြုတဲ့ မိန်းမကိုယ်တွင်းထည့် တမ်ပွန် သုံးပြီး ပြန်မထုတ်ဖို့ မေ့တဲ့အခါ ရာသီသွေးတွေ ပိတ်ပြီး စုနေတာကြာသွားလို့ ဒီလိုအနံ့တွေ ထွက်လာရတာဖြစ်ပါတယ်။

    ဘယ်လို ဖြေရှင်းကြမလဲ

    ကဲ မိန်းမကိုယ်က အနံ့ရှိတတ်တယ်၊ ထွက်တဲ့ အနံ့ကလည်း ၇ မျိုးတောင်ရှိတာဆိုတော့ ပုံမှန် မဟုတ်တဲ့ အနံဆိုးတွေ မထွက်အောင် ဘယ်လို လုပ်ကြမလဲ ။ ။

    • မိန်းမကိုယ် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ သန့်ရှင်းရေးဆိုလို့ သုံးနေကျ ကိုယ်တိုက် ဆပ်ပြာသုံးပြီးသန့်ရှင်းရေးလုပ်လိုက်တာကို မဆိုလိုပါဘူး။ မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့ အမျိုးသမီး သန့်စင်ဆေးရည်နဲ့ သန့်ရှင်းရေး လုပ်တာမျိုးကို ပြောချင်တာပါ။ အမျိုးသမ်းသန့်စင်ဆေးရည်က pH ပမာဏလည်း ထိန်းညှိပေးတဲ့အပြင် ပိုးမွှားတွေကိုသန့်စင်ပေးပြီး အနံ့မွှေးမွှေးလေးလည်း ရှိတာကြောင့် မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးမှာပါ။
    • အတွင်းခံကို ပုံမှန်လဲပါ။ ဒီနေ့ဝတ်ထားတဲ့အတွင်းခံကို နောက်နေ့ပြန်ဝတ်တာမျိုးက မိန်းမကိုယ် ပိုးဝင်ခြင်းကို ထိပ်ဆုံးက ဖြစ်စေတဲ့အရာတစ်ခုပါ။ ဒါကြောင့် အတွင်းခံတွေကို တစ်နေ့တစ်ကြိမ်ပုံမှန်လဲပါ။ လေဝင်လေထွက်ကောင်းအောင် ချည်သားအတွင်းခံတွေကို ဝတ်ဆင်ပါ။ လျှော်ပြီးသား အတွင်းခံတွေကို နေသေချာ လှန်းပါ။
    • မိန်းမကိုယ်တွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို အားပေးတဲ့ဒိန်ချဉ်စားပေးလို့လည်း ရပါတယ်။

    ဒါတွေကတော့ မိန်းမကိုယ်ကနေထွက်တတ်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ပျောက်အောင်လုပ်ရမလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်အတွက် မိန်းမကိုယ်ကျန်းမာရေးက အရေးကြီးတာကြောင့် ဒီချက်တွေ သိထားပြီးလိုက်နာသင့်တယ်နော် ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement