- လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေရှိနေရင် စောစီးစွာ သိနိုင်မယ်
လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတိုင်းဟာ ဆီးပူညောင်းကျ၊ ကလာမိုင်းဒီးယား အစရှိတဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိသိနိုင်ဖို့အတွက် နှစ်စဉ်စစ်ဆေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါတွေဟာ မကုသဘဲ ထားရင် ကလေးမရနိုင်တာမျိုး ဖြစ်စေနိုင်လို့ပါပဲ။
လိင်ဆက်ဆံဖော် များတဲ့ အမျိုးသမီးတွေက ဒီလိုရောဂါမျိုးတွေ ကူးစက်နိုင်ခြေပိုများတဲ့အတွက် ပိုလို့ စစ်ဆေးသင့်ပါတယ်။ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေအပြင် ဆီးအိမ်ပြဿနာ၊ မျိုးပွားခြင်းနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ နဲ့ အရိုးရောဂါတွေကိုလည်း စစ်ဆေးနိုင်ပါသေးတယ်။
- သားဆက်ခြားထားတာကို စစ်ဆေးပေးမယ်
တကယ်လို့ သင်ဟာ တားဆေး၊ထိုးဆေး၊ ကပ်ခွာ၊ သားအိမ်တွင်းထည့်ပစ္စည်း ဒါမှမဟုတ် အမျိုးသမီး အင်္ဂါတွင်းထည့်ကွင်း စတဲ့ ပဋိသန္ဓေတားဆေးတွေကို အသုံးပြုတယ်ဆိုရင် အိုဂျီနဲ့ နှစ်စဉ် ပြသစစ်ဆေးသင့်ပါတယ်။
Diaphragm လို့ခေါ်တဲ့ သားအိမ်တွင်းထည့်ကွင်းတွေဟာ သုံးနှစ်တခါလောက် ပြန်စစ်ဆေးဖို့လိုသလို ကလေးမွေးပြီးနောက် ဒါမှမဟုတ် ကိုယ်အလေးချိန်ပြောင်းလဲပြီးနောက်မှာလည်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ သားဆက်ခြားတာနဲ့ ပတ်သက်လို့ အကြံဉာဏ်လိုအပ်တယ်ဆိုရင် သင့်အိုဂျီဆီသွားတာထက် ပိုကောင်းတဲ့ နေရာဘယ်မှာ ရှိဦးမှာလဲ။
- အရေးကြီးတဲ့ ကျန်းမာရေး ဗဟုသုတတွေ သိရမယ်
နှစ်စဉ် အိုဂျီနဲ့ ပြသစစ်ဆေးချိန်မှာ လုံခြုံစိတ်ချရတဲ့ လိင်မှုကိစ္စတွေကို ဘယ်လိုလုပ်ဆောင်မလဲ၊ အမျိုးသမီးရောဂါလက္ခဏာ စတဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာတွေကိုလည်း မေးမြန်းလေ့လာနိုင်ပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။