လာတော့လည်း ကိုက်ခဲရတယ်၊ နေရထိုင်ရ မသက်မသာဖြစ်တယ်။ မလာတော့လည်း တွေးပူရတယ်။ နောက်ကျတော့လည်း စိုးရိမ်ရတဲ့ကိစ္စက လေဒီတိုင်းလိုလိုတွေ့ကြုံဖူးမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ လာတာနောက်ကျလို့ စိတ်ပူနေတဲ့ လေဒီလေးတွေကို ဘာကြောင့် ရာသီသွေးဆင်းနောက်ကျတာလဲဆိုတာလေး ပြောပြပေးပါရစေလား။ ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ရာသီသွေး နောက်ကျနေပြီလား…..
အရင် ဒီရက်ဆိုသွေးဆင်းနေကျပါ။ ခုတော့ ရာသီသွေးခုထိမပေါ်သေးဘူးဆိုပြီး စိတ်ညစ်နေပြီလား။ တစ်ခုခုမှားယွင်းနေတယ်လို့များယူဆတွေးပူနေမိပြီလား။ လေဒီလေးတို့ကို ရာသီသွေးဆင်းနောက်ကျစေတဲ့အချက်ကတော်တော်လေးတော့များပါတယ်။ ဒီထဲမှာမှ ကိုယ်က ဘယ်အချက်နဲ့ကိုက်ညီနေလဲဆိုတာ ဆန်းစစ်ကြည့်လိုက်နော်။ ပုံမှန်ကတော့ ရာသီသွေးက ၂ ရက် ၃ ရက်လောက်အထိနောက်ကျတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ထက်ကျော်ပြီး နောက်ကျနေတယ်ဆိုရင်တော့ ဒီအချက်တွေထဲက တစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်နော်။
ရာသီသွေး နောက်ကျနေတာ ဒီအချက်တွေကြောင့်ပါ
ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ သင့်ကို ရာသီသွေးနောက်ကျနေစေတဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက
အလုပ်ဖိအားကြောင့်ဖြစ်ဖြစ်၊ မိသားစုကိစ္စ၊လူမှုရေးကိစ္စတစ်ခုခုကြောင့် ကာလရှည်ကြာခံစားနေရဲ့ စိတ်ဖိစီးမှုက လေဒီလေးတွေရဲ့ ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ရာသီသွေးတာ ပုံမှန်ထက်ပိုများတာ၊ နည်းတာ၊ လုံးဝမဆင်းတော့တာမျိုး နဲ့ ရာသီသွေးဆင်း နောက်ကျတာမျိုးရှိနိုင်ပါတယ်။ ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာကလည်း စိတ်ဖိစီးမှုများနေလို့ပါ။
ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှုပြေလျော့စေမယ့်သူတစ်ဦးဦးကို ရင်ဖွင့်ပါ။ အာဟာရပြည့်ဝအောင်စားပါ။
ကိုယ်အလေးချိန်နည်းလွန်းနေတာ
ဒါက သက်လတ်ပိုင်းအမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဒီရောဂါလက္ခဏာက အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ မြင်သာတဲ့ လက္ခဏာတွေအနေနဲ့ သားအိမ်ထဲမှာ အလုံးတည်တာ၊ ဝက်ခြံထွက်တာ၊ မျက်နှာမှာ အမွှေးအမျှင်တွေထူတာ၊ ဆံပင်ကျွတ်တာ၊ အဝလွန်တာတွေဖြစ်နိုင်ပါတယ်။ အခုပြောတဲ့ လက္ခဏာတွေကိုလည်း ခံစားရမယ်။ ရာသီသွေးလည်း မမှန်ဘူး၊ နောက်ကျနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။
ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ပြမလဲ……..
လေဒီလေးတွေအနေနဲ့ ပုံမှန်ကတော့ ၆ လတစ်ကြိမ်လောက် ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ်လောက် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရာသီသွေးနောက်ကျတာက ပုံမှန်ဖြစ်တတ်တယ်ဆိုပေမယ့် ဒီလိုအခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
- ရာသီသွေးထိန်တာက ၃ လထက်ကျော်လာမယ်ဆိုရင်
- ကိုယ်ဝန်ရှိနေတာဆိုရင်
- မမျိုးဥအိမ်မှာရေအိတ်တည်ခြင်း (polycystic ovary syndrome (PCOS)) ခံစားနေရတာဆိုရင်
- အကြောင်းအရင်းမရှိ ဝိတ်တက်လာမယ်
- အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် အရမ်းကျမယ်
- စိတ်ဖိစီးမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြကြည့်ဖို့ပြောပါရစေနော်။
[embed-health-tool-ovulation]