backup og meta

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

ကျွန်မတို့ အမျိုးသမီးလေးတွေ အပျိုဖော်ဝင်ပြီဆိုတာနဲ့ စပြီးကြားရတာက ရာသီလာ စောရတာဟာ ကိုယ်တိုင်က လိင်စိတ် များရလို့ ဖြစ်တယ်။ ရာသီလာရင် ယောက်ျားလေးတွေနဲ့ ထိလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။ ရာသီလာရင် ရေမချိုးရဘူး။ ရာသီလာတာက ခန္ဓာကိုယ်ထဲက မသန့်ရှင်းတဲ့ သွေးတွေ၊ သွေးပုပ်တွေ ဆင်းတာဖြစ်တယ် စတဲ့ ချင်း(ဂျင်း)စကားတွေပါပဲ။ မိရိုးဖလာ လက်ခံခဲ့ကြတဲ့ ဒီ ပါးစပ်ပြောယုံတမ်းစကားတွေကြောင့် တလွဲဆံပင်ကောင်းပြီး အရှက်၊အကြောက် ကြီးကြလွန်းလို့ ရောဂါဝင်လို့ ဝင်မှန်းမသိ ဖြစ်ခဲ့ကြတဲ့ အမျိုးသမီးလေးတွေ မနည်းလှပါဘူး။ ဒီယုံတမ်းစကားတွေထဲက ကျွန်မတို့ ကြားရအများဆုံး ယုံတမ်းစကားတွေကို ပြောပြပေးချင်ပါတယ်။

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး တွေကတော့

၁။ ရာသီလာရင် ရေမချိုးရဘူး။ ခေါင်းမလျှော်ရဘူး

ဒါဟာ လုံးဝ (လုံး၀) မှားနေတဲ့ အချက်ပါ။ ဘယ်အခြေအနေပဲဖြစ်ဖြစ် တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးကြီးပါတယ်။ ရာသီလာနေချိန်မှာ ရေချိုးလို့လည်း ရသလို ခေါင်းလျှော်လို့လည်း ရပါတယ်။ သွေးတချို့ ဆုံးရှုံးနေချိန်မို့ သံဓာတ်အားနည်းတာက လွဲရင် ကျန်တာ လူက ပုံမှန်အတိုင်းပဲမို့ ရေချိုး၊ ခေါင်းလျှော်ပြီးရင် ခေါင်းကို ခြောက်အောင်သုတ်ပြီး နွေးနွေးထွေးထွေးနေမယ်ဆိုရင် အဆင်ပြေပါတယ်။ ဝါသနာပါရင် ရေကူးလို့တောင် ရသေးတယ်နော်။ ရေကူးမယ်ဆိုရင်တော့ Tampon ဖြစ်ဖြစ်၊ Menstrual Cup ဖြစ်ဖြစ် သေချာသုံးဖို့တော့ လိုတာပေါ့။ ရေနွေးနွေးလေးနဲ့ သေချာ ရေချိုးပေးတာက ဓမ္မတာကြောင့် ဖြစ်တတ်တဲ့ ဗိုက်အောင့်၊ဗိုက်နာ၊ ခါးကိုက်တာတွေကိုတောင် သက်သာစေနိုင်ပါသေးတယ်။

၂။ ရာသီလာတယ်ဆိုတာ သွေးပုပ်တွေ ဆင်းတာဖြစ်တယ်။

ရာသီသွေးဟာ ပုံမှန် ကျွန်မတို့ ခန္ဓာကိုယ်သွေးကြောထဲက သွေးတွေနဲ့တော့ မတူတာ အမှန်ပါပဲ။ ဒါပေမဲ့ ရာသီသွေးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်တဲ့ သွေးပုပ်သွေးညစ်တွေ မဟုတ်ပါဘူး။ သန္ဓေတည်ဖို့ အသင့်ပြင်ထားတဲ့ မမျိုးဥ၊ သားအိမ်နံရံတွေက သန္ဓေမဖြစ်တည်လို့ ကွာကျလာတာပါ။ ဒါကြောင့် ရာသီသွေးထဲမှာ သွေးနည်းနည်း၊ သားအိမ်တစ်ရှူး၊ အချွဲ (Mucus Lining) နဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ရာသီသွေးထဲမှာပါတဲ့ သွေးဆဲလ် ပမာဏက ပုံမှန်သွေးထက် ပိုနည်းပါတယ်။

၃။ ရာသီဟာ ဒီနေ့ဆို ဒီနေ့၊ (၃) ရက်ဆို (၃) ရက်၊ တစ်ပတ်ဆိုတစ်ပတ် အတိအကျ လာပါတယ်။ မလာရင် တစ်ခုခု မှားယွင်းနေပါပြီ။

အမျိုးသမီးအများစုအတွက် ရာသီလာခြင်း ဖြစ်စဉ်ဟာ ၄ပတ်၊ ၅ပတ် အကြာမှာ တစ်ကြိမ်ဖြစ်ပြီး တစ်ခါလာရင် (၅) ရက်ဝန်းကျင် ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြား ကာလဟာ ဒီထက် ပိုပြီး တိုတာမျိုး၊ ဒီထက်ပို ကြာတာမျိုး၊ စောတာ၊ နောက်ကျတာ ဖြစ်တတ်သလို ရာသီလာချိန်ဟာလည်း (၃) ရက်ကနေ (၅) ရက်အတွင်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရင်လက (၃) ရက်ပဲ လာလို့ ဒီလ (၄) ရက်မြောက်နေ့မှာ လစဉ်သုံး မပါဘဲ အပြင်ထွက်မယ် မလုပ်ပါနဲ့။ ကြိုတင်ပြင်ဆင်သွားတာ အကောင်းဆုံးပါနော်။

၄။ ရာသီလာချိန်မှာ လေ့ကျင့်ခန်း မလုပ်ရဘူး။ သားအိမ်ကို ထိခိုက်စေနိုင်ပါတယ်။

ရပါတယ်ရှင်။ ရပါတယ်။ အရမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မဟုတ်ရင် လုပ်သာလုပ်ပါ။ ရာသီလာတဲ့အချိန်မှာ မလှုပ်ရှားချင်တာ၊ ပင်ပန်းနေတာက Progesterone နဲ့ အီစထရိုဂျင်တွေက အနိမ့်ဆုံးအနေအထားကို ရောက်နေလို့ပါ။ ဒါကြောင့် လေ့ကျင့်ခန်း မလုပ်ဘဲ ငြိမ်ငြိမ်လေးနေလို့ နေလို့ကောင်းသွားမှာ မဟုတ်ဘဲ ဆက်ပြီး ပင်ပန်းနေ၊ နုံးနေဦးမှာပါပဲ။ အဲဒီတော့ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလို လှုပ်လှုပ်ရှားရှားနေပေးတာက ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေ၊ Mood Swings (စိတ်အပြောင်းအလဲ မြန်တာတွေ)၊ ပင်ပန်းတာတွေကိုတောင် သက်သာစေပြီး ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

ဒါတွေကတော့ ကျွန်မတို့ ကြားလေ့ကြားထရှိတဲ့ ယုံတမ်းစကားတွေပါပဲ။ ဆေးပညာအရ ဒါတွေဟာ မှားယွင်းနေကြောင်း သက်သေပြထားပြီး ဖြစ်ပေမဲ့ အရိုးစွဲနေတဲ့ ပုံပြင်တွေကြားထဲမှာ မိန်းကလေးငယ်လေးတွေ လမ်းပျောက်နေကြဆဲပါပဲ။ မှန်ကန်တဲ့ အသိပညာတွေ လက်ဆင့်ကမ်းယူပြီး နောက်မျိုးဆက်တွေအတွက် ကျွန်မတို့ အဆင်သင့် ပြင်ကြရအောင်ပါ။

Wathun Myat Chal

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

9 things you should not do during your menstrual cycle.

https://familyshare.com/25604/9-things- you-should-not-do- during-your- menstrual-cycle.

Accessed April 21, 2017.

8 Things a Gynecologist Wants You to Stop Doing During Your Period.

http://www.byrdie.com/what-to- avoid-during-your- period.

Accessed April 21, 2017.

 

 

ယခုပုံစံ

06/01/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ

ရာသီသွေးဆုံးချိန် အကြောင်း သိမှတ်ဖွယ်ရာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/01/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement