မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ကိုယ်ကနေအနံ့ဆိုးတွေထွက်နေလို့ အစည်းအဝေးမထိုင်ရဲ၊ သူငယ်ချင်းတွေနဲ့ စုစုဝေးဝေးမထိုင်ရဲဘဲ အနံ့ဆိုးတစ်ခုခုရတိုင်းလည်း ငါ့ကိုယ်ကများဖြစ်နေလားဆိုပြီး စိုးရိမ်နေတဲ့လေဒီလေးတွေများရှိလား။ အလှကြိုက်တာ အလှဆုံးဖြစ်ချင်တာက မိန်းကလေးတိုင်းရဲ့ စိတ်ကူးပါ။ ဒီလိုလှဖို့ဆိုတာကလည်း အသားလေးဖြူရင်ပြီးရော မိတ်ကပ်လှလှလေးလူးတတ်ရင်ပြီးရောလားဆိုတော့ မဟုတ်သေးဘူးနော်။ မိန်းကလေးတစ်ယောက် တကယ်လှဖို့က အနံ့အသက်ကင်းဖို့လည်း လိုပါတယ်။

ဒီတော့ဘာလုပ်မလဲ အနံ့ဆိုးထွက်နိုင်တဲ့နေရာတွေကို သန့်ရှင်းနေအောင်ဂရုစိုက်မှာပေါ့။ ခန္ဓာကိုယ်ကသန့်ရှင်းနိုင်မှတော်ကာကျမှာပါ။ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ဖို့ အဆင်သင့်အမြဲဖြစ်နေတာပါနော်။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်လိုက်ရင်ကော အနံ့ဆိုးကင်းသွားပြီလားဆိုတော့ ထိုက်သင့်သလောက်ပေါ့။ မိန်းကလေးတစ်ယောက်ကယောက်ျားလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ထားဖို့လိုပါမယ်နော်။

လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခု

လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ မိန်းမကိုယ်အနံ့ဆိုးထွက်တာပါ။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပါပဲ။ မိန်းမကိုယ်ကနေလည်း အနံ့ဆိုးတွေထွက်နိုင်ပါတယ်နော်။ ဒါကလေဒီတိုင်း မကြုံဖူးတာ မရှိသလောက်ပါနော်။ မိန်းမကိုယ်က အနံ့ဆိုးထွက်တာက အလှကြိုက်တဲ့လေဒီလေးတွေအဖို့တော့ အလှပျက်စေတဲ့အချက်တစ်ခုပေါ့။ မိန်းမကိုယ်က အနံ့တော့ရှိပါတယ်။ မကျန်းမာတဲ့အခါမှာတော့ အနံ့ဆိုးက ပိုဆိုးတာမျိုးဖြစ်နိုင်ပါတယ်နော်။

ဘာတွေက မိန်းမကိုယ်အနံ့ဆိုးကိုဖြစ်စေတာလဲ

မိန်းမကိုယ်ကနေ အနံ့ဆိုးဖြစ်စေတဲ့ အချက်တွေတော်တော်များများရှိနေပါတယ်။ အထူးသဖြင့်ကတော့ ဘက်တီးရီးယားတွေ၊ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ၊ လိင်ဆက်ဆံမှု နဲ့ အခြားသောအကြောင်းအရာတွေကြောင့် မိန်းမကိုယ်မှာ အနံ့ဆိုးတွေဖြစ်စေနိုင်ပါတယ်။

ရောဂါပိုးကူးစက်ခံရတာ – မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက မနှစ်မြို့ဖွယ်အနံ့ဆိုးတွေကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တဲ့အခါ မိန်းမကိုယ်ကနေ ငါးညှီနံ့လိုမျိုး အနံ့တွေဖြစ်ပေါ်နိုင်ပါတယ်။ အခြားလက္ခဏာတွေအနေနဲ့ကတော့ မိန်းမကိုယ်မှာ ပူစပ်ပူလောင်ဖြစ်တာ။ အဖြူဆင်းသလိုမျိုး အကျိအချွဲတွေဆင်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေနဲ့အတူ နာကျင်တာနဲ့နေရခက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ -တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ။ အထူးသဖြင့်ရေမှန်မှန်မချိုးတာ၊ လစဉ်သုံးပစ္စည်းကို ပုံမှန်လဲလှယ်တာမျိုးမလုပ်တာ၊ မိန်းမကိုယ်ကို ထိုက်သင့်တဲ့ သန့်ရှင်းမှုတွေမလုပ်တာကြောင့်လည်း မိန်းမကိုယ်ကနေ အနံ့ဆိုးတွေထွက်နိုင်ပါတယ်။

အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ – အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာက မိန်းမကိုယ်ထဲကို ဘက်တီးရီးယာတွေ အလုံးအရင်းနဲ့ဝင်ရောက်ဖို့ ခွင့်ပြုလိုက်ရာကျပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင်မှာ အကာအကွယ်သုံးပေးပါ။ ဒီလိုသုံးတာက မိန်းမကိုယ် အနံ့ဆိုးထွက်တာကို တင်သက်သာစေတာမဟုတ်ဘဲ။ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံရှိတာ – စားလိုက်တဲ့အစားအစာတွေကြောင့်လည်း မိန်းမကိုယ်မှာ အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်နော်။ ဒါကြောင့် မိန်းမကိုယ်အနံ့ဆိုးကင်းစေဖို့ဆိုရင် အစားအသောက်ကိုလည်းသေချာလေးသတိထားဖို့လိုပါမယ်။ မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက်တိုးစေမယ့် အစားအစာတွေကိုကို သတိထားစားသုံးပေးပါ။

အတွင်းခံဘောင်းဘီကြောင့် အနံ့ဆိုးထွက်တာ – အတွင်းခံကိုရေချိုးတိုင်းလဲပေးသင့်တာပါ။ ဒါမှာ အနံ့အသက်ဆိုးကင်းမှာဖြစ်သလို အတွင်းခံသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်တဲ့ မိန်းမကိုယ်ယားယံတာအဖြူဆင်းတာနဲ့ အခြားသောပြဿနာတွေကိုပါ ကင်းစေမှာပါ။ အတွင်းခံသန့်ရှင်းဖို့ ဂရုစိုက်သင့်သလို အတွင်းခံကိုလည်းချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံစစ်စစ်ဖြစ်နေဖို့ သတိထားရပါမယ်။

အနံ့ဆိုးကင်းဖို့ ဒါလေးတွေဂရုစိုက်ပါ

မိန်းမကိုယ်အနံ့ဆိုးကင်းဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ပေးဖို့လိုပါမယ်နော်။

  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
  • ချည်သားအတွင်းခံကို ဝတ်ဆင်ပါ။
  • အနံပြင်းတဲ့ မိန်းမကိုယ်သုံးပစ္စည်းတွေကိုရှောင်ပါ။
  • ဒိန်ချဉ်စားပါ။
  • လစဉ်သုံးပစ္စည်းတွေကို ပုံမှန်လဲလှယ်ပေးပါ။

အခုပြောခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်လုပ်ဆောင်လို့နေ့ရက်တိုင်းမှာအနံ့အသက်ဆိုးကင်းလို့ လှချင်တိုင်းလှလိုက်တော့နော်လေဒီလေးတို့ရေ…….. ……………..

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း         

နှကိုဗစ် စစ်ဆေးတဲ့အခါ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။

ရေးသားသူ Dr. Thiha Phyo Myint

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေပိုင်ဆိုင်ဖို့ စားသုံးရမဲ့အစားအသောက်တွေသိရှိရုံနဲ့မပြီးသေးပါဘူး။ အရိုးကိုတဖြည်းဖြည်းအားနည်းစေနိုင်တဲ့ အစားအသောက်တွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဖြည်းဖြည်းဆေးဆေးလုပ်ကြမယ်

မြန်မြန်ပြီးတိုင်းကောင်းတာမဟုတ်တဲ့ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်းအပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် ဘာ Product မှ မလိုအပ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
လိင်မဆက်ဆံပဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

လိင်မဆက်ဆံပဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read