သားသမီးတွေကို မျက်ခြည်ပြတ်မခံ အမြဲတစေစောင့်ကြည့်နေတတ်တာက မေမေတွေပါ။ အမူအရာလေးတစ်ခုခုပြောင်းလဲနေရင်တောင် စက္ကန့်ပိုင်းနဲ့ သိကြတဲ့သူတွေပေါ့။ ကမ္ဘာပေါ်မှာ နားလည်မှုအပေးနိုင်ဆုံးကလည်း မေမေတွေပါပဲ။ မေမေတစ်ယောက်ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးတွေကို အချိန်ပြည့်စောင့်ကြည့်တာက မသိလိုက်ဘဲနဲ့တောင်လုပ်နေမိတတ်ပါတယ်။ ဒီလိုစောင့်ကြည့်နေတဲ့အခါ ဆယ်ကျော်သက်သမီးက ကျန်းမာပျော်ရွှင်နေရင် ကိစ္စမရှိပေမယ့် ကြည့်ရတာ ပင်ပန်းနေပုံပေါက်နေရင် အနည်းနဲ့အများတော့ စိတ်ညစ်မိမှာပါ။