မိန်းကလေးတွေ အရွယ်ရောက်လာတာနဲ့ ဓမ္မတာရာသီပန်း ပွင့်လန်းတတ်ကြတာဟာ ကမ္ဘာဦးအစကတည်းက ဖြစ်ပါတယ်။ ဒါဟာ ရှောင်လွဲ္ပ္ပလို့ မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာနဲ့ ဆေးပညာတွေ မထွန်းကားခင်တုန်းက မိန်းကလေးတွေ ရာသီပန်းပွင့်လန်းတာကို ညစ်ပတ်တဲ့ ကိစ္စတစ်ခု အဖြစ်ရှုတ်ချထားကြတာတဲ့။ တင်းကြပ်တဲ့ ဒေသတွေမှာ ရာသီလာတဲ့ မိန်းကလေးတွေကို မကောင်းဆိုးဝါးမိန်းမတွေ အဖြစ် ဖယ်ကျဉ်ထားကြတဲ့ အတွက်ကြောင့် မိန်းကလေးများ အနေဖြင့် ရာသီလာတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့မရတာကတစ်ကြောင်း၊ အသိပညာဗဟုသုတနည်းတာကြောင့် ရာသီပန်းပွင့်လန်းခြင်းအကြောင်းကို ရှင်းလင်းသေချာစွာ မသိတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ဓမ္မတာလာခြင်း ကိစ္စမှာ မှားယွင်းနေသော တစ်ချို့ အယူအဆတွေရှိခဲ့ပါတယ်။ မြန်မာအမျိုသမီးတွေဆိုတာ နဂိုကတည်းက အရှက်အကြောက်ကြီးတဲ့သူတွေ မဟုတ်လား။ ခုခေတ် ဗဟုသုတတွေတိုးတက်လာပေမယ့်လည်း မိရိုးဖလာမှ ဆင်းသက်လာတဲ့ ရာသီနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆတွေ ရှိနေဆဲပါ။ အဲ့ဒီထဲက ထိပ်ဆုံး (၅) ခုကို ပြောပြချင်ပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။