backup og meta

ရင်သားကင်ဆာနှင့်ဟော်မုန်းကုထုံး


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာနှင့်ဟော်မုန်းကုထုံး

    သွေးဟော်မုန်းတွေ သက်ရောက်မှုပေါ်မူတည်ပြီး ရင်သားကင်ဆာ အမျိုးအစား အများကြီးရှိပါတယ်။ ဒီရင်သားကင်ဆာ အမျိုးအစားတွေကို ကုသဖို့ ဆရာဝန်က သင့်ကို ဟော်မုန်းကုသမှု ယူစေပါလိမ့်မယ်။ ဒါဟာ ရင်သားက ဆဲလ်တွေကိုသာမ က တစ်ကိုယ်လုံးမှာရှိတဲ့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကိုပါ သက်ရောက်တဲ့ ကုသမှု ဖြစ်ပါတယ်။ ဟော်မုန်း ကုသမှုဟာ ဟော်မုန်း receptor ရှိတဲ့ ရင်သားကင်ဆာ အမျိုးသမီးတွေအတွက်ပဲ အသုံးဝင်တာဖြစ်ပါတယ်။

    ဟော်မုန်းကုသမှုဆိုတာ ဘာကို ဆိုလိုတာလဲ။

    ဟော်မုန်း ထုတ်လုပ်မှု စွမ်းအင်ကို ပိတ်ဆို့ပြီး ကိုယ်ခန္ဓါပေါ်မှာ သက်ရောက်တဲ့ ဟော်မုန်းတွေရဲ့ အာနိသင်ကို တားမြစ်ခြင်းကြောင့် ဟော်မုန်းကုသမှုဟာ

    ဟော်မုန်းကြောင့် ဖြစ်စေတဲ့ အကျိတ်တွေ ကြီးထွားမှုကို ရပ်တန့်စေ (သို့) လျော့ကျစေပါတယ်။ ဟော်မုန်းကြောင့် ဖြစ်တဲ့ (သို့) ဟော်မုန်းကို တုန့်ပြန်ခြင်းမရှိတဲ့ အကျိတ်တွေကို ဒီနည်းနဲ့ ကုသလို့ မရပါဘူး။ အခြားနည်းအတော်များများဖြစ်တဲ့ သားဥအိမ် လုပ်ငန်းဆောင်တာကို ပိတ်ဆို့ခြင်း၊ estrogen ထုတ်လုပ်မှုကို ပိတ်ဆို့ခြင်းနဲ့ estrogen အာနိသင်ကို ပိတ်ဆို့ခြင်းတွေနဲ့ ဟော်မုန်းကြောင့် ဖြစ်တဲ့ ရင်သားကင်ဆာကို ကုသနိုင်ပါတယ်။

    ရင်သားကင်ဆာကို ကုသဖို့ အသုံးပြုတဲ့ ဟော်မုန်း ကုသမှုဆိုတာ ဘယ်လိုမျိုးလဲ။

    ကင်ဆာဆဲလ်တွေပွားတာကို တားမြစ်ဖို့ estrogen ကို ထိန်းပေးတဲ့ နည်းတွေကို အသုံးပြုတဲ့ ဟော်မုန်းကုသနည်းတွေ အများကြီးရှိပါတယ်။ ဟော်မုန်း ကုသမှု အများစုဟာ estrogen ပမာဏကို လျော့ကျစေတာ (သို့) estrogen ကို ရင်သားကင်ဆာဆဲလ်တွေပေါ် သက်ရောက်မှု ရပ်တန့်စေတာဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချိန်တွေမှာ ဟော်မုန်းကုသမှုကို ပေးမှာ ဖြစ်ပါတယ်။

    • ခွဲစိတ်ကုသပြီး

    ခွဲစိတ်ကုသပြီး ဟော်မုန်းကုသမှု ပေးခြင်းကို adjuvant treatment လို့ ခေါ်ပြီး သူ့ကို ကင်ဆာဆဲလ်တွေ အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို ပြန့်ပွားမှု လျော့ကျအောင် (သို့) ရင်သားကင်ဆာ ပြန်ဖြစ်မှု လျော့ကျအောင် အသုံးပြုတာ ဖြစ်ပါတယ်။

    • ခွဲစိတ်ကုသမှု မပြုလုပ်ခင်

    ကင်ဆာဆဲလ် အရွယ်အစားကို လျှော့ချဖို့အတွက် (သို့) ခွဲစိတ်ကုသမှုကို ပြောင်းလဲဖို့အတွက် ဟော်မုန်းကုသမှုကို ခွဲစိတ်ကုသမှု မတိုင်ခင်မှာ ဟော်မုန်းကုသခြင်းကို ပေးနိုင်ပါတယ်။ ဒီကုသမှုဟာ အခြားကျန်းမာရေး အခြေအနေတွေ (အဆုတ် နဲ့ နှလုံးရောဂါများ) ရှိတဲ့ သူတွေမှာ အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်ကုသမှု မပြုလုပ်ခင် ဟော်မုန်း ကုသမှု ယူခြင်းဟာ ကြီးမားတဲ့ အကျိတ်တွေကို ကျုံ့သွားစေပါတယ်။ ဒီလိုကျုံ့သွားတာကြောင့် လူနာတွေဟာ ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်မယ့်အစား ကင်ဆာဆဲလ်တွေကိုသာ ဖြတ်ထုတ်နိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။

    • တကယ်လို့ ကင်ဆာ ပြန်ဖြစ်လာခဲ့ရင် (သို့) ပြန့်ပွားခဲ့ရင်

    ဟော်မုန်းကုသမှုဟာ ကင်ဆာပြန်လည် ဖြစ်ပွားခြင်း (သို့) အခြားနေရာတွေကို ပြန့်ပွားခြင်းတွေအတွက်လည်း အသုံးပြုပါတယ်။ သင့်အရင်တုံးက ရင်သားကင်ဆာ ကုသမှုတွေပေါ်မူတည်ပြီး ဟော်မုန်းကုသမှုကို အခြားကုသမှုတွေနဲ့ တစ်ချိန်တည်းမှာ ပေးနိုင်ပါတယ်။ တကယ်လို့ ဟော်မုန်းကုသမှု ယူခဲ့ပြီး ရင်သားကင်ဆာ ပြန်ဖြစ်လာတယ်ဆိုရင် မတူညီတဲ့ ဟော်မုန်းကုသမှု တစ်မျိုးကို ယူသင့်ပါတယ်။

    ဟော်မုန်းကုသမှုကို ခွဲစိတ်ကုသမှုအပြီးမှာ ရင်သားကင်ဆာ ပြန်ဖြစ်ခြင်းကနေ ကာကွယ်ဖို့ အသုံးပြုပါတယ်။ တခါတလေမှာတော့ ခွဲစိတ်မှု မပြုခင် ဟော်မုန်းကုသမှုကို ပေးကြပါတယ်။ ရှားပါးတဲ့ ကိစ္စတွေမှာ ဟော်မုန်းကုသမှုကို ကုသပြီး ပြန်ဖြစ်တဲ့ ကင်ဆာတွေကုသဖို့လည်း အသုံးပြုကြပါတယ်။ ရင်သားကင်ဆာလူနာတွေဟာ ဟော်မုန်းကုသမှုကို အနည်းဆုံး ငါးနှစ်ယူသင့်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းတွေ့ရတဲ့သူတွေမှာ ER-positive ဖြစ်တာကြောင့် လေ့လာမှု အတော်များများက ရင်သားကင်ဆာ ကာကွယ်ခြင်းမှာ ဟော်မုန်းကုသမှု အကျိုးရှိပုံကို သက်သေပြပြီး ဖြစ်ပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားဖို့ ရာခိုင်နှုန်းများတဲ့သူတွေဟာ ဒီလိုထိရောက်တဲ့ ကုသမှုမျိုးကို ယူသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement