backup og meta

ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေကြောင့် လူတော်တော်များများမှာ ခံစားလာရတဲ့ Apathy

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေကြောင့် လူတော်တော်များများမှာ ခံစားလာရတဲ့ Apathy

    အရင်လိုမျိုး အချိန်တွေ ဘယ်တော့များမှ ပြန်ရပါ့မလဲ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြော စားသောက်ကြရတာတွေ၊ အလုပ်တွေလုပ်ရတာ၊ သင်တန်းတွေ ကျောင်းတွေတက်ရတာ၊ ခရီးတွေ သွားရတာလိုမျိုး ပေါ့ပါးလွတ်လပ်မှုတွေကို ဘယ်တော့မှများ ပြန်ရပါ့မလဲဆိုတဲ့ အတွေးတွေက အခုလို ကာလမှာ လူတိုင်း လိုလိုရဲ့ ခေါင်းထဲမှာ တွေးမိနေမယ့် အရာပါ။

    ဘဝရဲ့ အဆင်မပြေမှုတွေကြောင့် စိတ်ညစ်နေရသူတွေ၊ ကူရာကယ်ရာမဲ့တဲ့ ခံစားချက်တွေနဲ့အတူ ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားရပြီလို့ ခံစားနေရသူတွေကလည်း အများသားပါ။ ဒီလို ဆုံးရှုံးမှုတွေနဲ့အတူ စိတ်ထဲမှာ ခံစားလာရတဲ့ စိတ်ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ Apathyလို့ ခေါ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာ စိတ်ဝင်စားနိုင်စွမ်း၊ လုပ်ဆောင်လိုစိတ်တွေ ကင်းမဲ့လာတာပါ။

    ဒီတစ်ခေါက်တော့ လူတော်တော်များများမှာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ရပ် Apathyအကြောင်းလေး ပြောပြပေးချင်ပါတယ်။

    Apathy ဆိုတာ

    Apathyဆိုတာ နေ့စဉ် လုပ်ဆောင်နေကျ လုပ်ငန်းစဉ်တွေအပေါ်မှာ စိတ်ဝင်စားမှု မရှိတာကို ဆိုလိုတာပါ။ လူတွေနဲ့ ပြောဆိုဆက်ဆံဖို့လည်း စိတ်မပါတဲ့ အခြေအနေမျိုးပါ။ ဒီလို ဖြစ်နေတာက လုပ်ငန်းခွင်မှာ လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေနိုင်သလို ဆက်ဆံရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဘဝ ပျော်ရွှင်မှုကိုပါ ပျောက်ဆုံးစေတာပါ။

    နားလည်လွယ်အောင် ပြောပြရရင် နေ့စဉ်ဘဝမှာ အကောင်းဆုံး နေထိုင်မယ်ဆိုတဲ့ စိတ်အားထက်သန်မှု (motivation) ပျောက်ဆုံးနေတာပါ။ လူတိုင်းလိုလိုက ဘဝမှာ ဒီအခြေအနေမှာ တစ်ကြိမ်လောက်တော့ မလွဲမသွေ ကြုံရနိုင်ပါတယ်။ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးနေပြီး နေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ စိတ်ဝင်စားမှုတွေ မရှိတော့တာပါ။ ဒါက apathyရဲ့ ပုံမှန် အခြေအနေ တစ်ရပ်ပါ။

    Apathyက အာရုံကြော နဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ လက္ခဏာ တစ်ရပ်ပါ။ ရောဂါလက္ခဏာ တစ်ရပ်လို့ ဆိုလို့ရပါတယ်။ နာတာရှည် ရောဂါ တစ်ရပ်ရပ်ကို ခံစားနေရမယ်ဆိုရင် ပိုပြီးပြင်းထန်နိုင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင်လည်း ပိုဆိုးလာနိုင်ပါတယ်။

    Apathy  ဖြစ်စေတဲ့ အကြောင်းအရင်း

    Apathy ကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့

    Apathyအမျိုးအစားများ

    Apathy စိတ်ကျန်းမာရေး အခြေအနေမှာ အခုလို အမျိုးအစားတွေ ကွာခြားပါသေးတယ်။

    Emotional apathy – အပြုသဘောဆောင်တဲ့ ခံစားမှုရော အပျက်သဘောဆောင်တဲ့ ခံစားမှုပါ မရှိတာ

    Behavioral apathy – ကိုယ့်ကိုယ်ကို ကျေနပ်မှုတွေ ပျောက်ဆုံးနေတာ

    General apathy- စိတ်အားထက်သန်မှု မရှိတာ၊ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု အားနည်းလာတာ၊ လူမှုဆက်ဆံရေး နည်းပါးလာတာ

    Compassion fatigue – စိတ် တအားပင်ပန်းပြီး အခြားသူတွေအပေါ် သည်းခံနိုင်စွမ်း နည်းသွားတာတွေဆိုပြီး အမျိုးအစားတွေ ကွာခြားနိုင်ပါတယ်။

    လက္ခဏာများ

     Apathyရဲ့ လက္ခဏာတွေအနေနဲ့

    • နေ့စဉ် လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ ခက်နေမယ်
    • မတူညီဘဲ ကွာခြားမှုတွေ ရှိနေတယ်လို့ ခံစားရမယ်
    • ခံစားမှုတွေ ကင်းမဲ့နေမယ်
    • နေ့စဉ် လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့အတွက် စိတ်ဝင်စားမှု မရှိဖြစ်နေမယ်
    • လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့အတွက် စိတ်အားထက်သန်မှု ကင်းမဲ့နေမယ်
    • ကိုယ်ထဲမှာ အားမရှိသလို ခံစားရမယ်
    • လုပ်ငန်းဆောင်တာတွေမှာ ပါဝင်လုပ်ဆောင်ဖို့ စိတ်ဝင်စားမှု မရှိဖြစ်နေမယ်
    • ကောင်းတဲ့ ကိစ္စမှာရော မကောင်းတဲ့ ကိစ္စတွေမှာပါ ပါဝင်ဆောင်ရွက်ဖို့အတွက် စိတ်မပါဘဲ ဖြစ်နေမယ်။

    အခုပြောခဲ့တဲ့ လက္ခဏာတွေက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနိုင်ပေမယ့် စိတ်ဓာတ်ကျတာက နေ့စဉ် လုပ်ငန်းဆောင်တာတွေရဲ့ အသွားအလာကို နားလည်ပေမယ့် Apathy ခံစားနေရပြီဆိုရင်တော့ လုပ်ဆောင်နေကျ  အလုပ်တွေကို လုပ်ဆောင်ဖို့တောင် စိတ်ဝင်စားမှု မရှိတာမျိုး ခံစားရနိုင်ပါတယ်။

    ဘယ်လို သက်သာအောင် လုပ်ရမလဲ။

    ခံစားနေရတဲ့ Apathyကို သက်သာစေဖို့ဆိုရင်

    • goal သေးသေးလေးတွေ ချမှတ်ပါ – ရည်မှန်းချက်ကို အကြီးကြီး ထားတာမျိုး မလုပ်ဘဲ ဖြစ်နိုင်ခြေရှိရှိတဲ့ ခပ်သေးသေးလေးတွေကို ချမှတ်ပါ။ သေးသေးလေးတွေကို ပြီးမြောက်အောင် လုပ်ဆောင်ပါ။
    • လုပ်ငန်းကြီးကြီးတွေကို သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေ အဖြစ် ခွဲထုတ်ပါ – လုပ်ငန်းကြီးကြီးတွေကို တစ်နေ့တာထဲမှာ ပြီးဆုံးအောင် လုပ်ဆောင်ဖို့က ခက်ပါမယ်။ ဒါကြောင့် လုပ်ငန်းကြီးကြီးတွေကို တစ်နေ့တာ ပြီးလောက်မယ့် ပမာဏလေးတွေ ပိုင်းခြား သတ်မှတ်ပြီး ပြီးစီးအောင် လုပ်ဆောင်ပါ။
    • အကြောင်းရင်းခံကို ရှာဖွေပါ – ဘယ်အချက်က စိတ်ကို ထွက်ပေါက်ပိတ်စေတာလဲဆိုတာကို ရှာဖွေပြီး ဖြေရှင်းပါ။ ဖြေရှင်းလို့ မရနိုင်တာမျိုးဆိုရင် သက်သာစေမယ့် အခြေအနေ တစ်ရပ်ရပ်ကို ရှာဖွေပါ။
    • နေ့စဉ် လုပ်ဆောင်နေကျ ပုံစံကို ပြောင်းလဲပါ – နေ့တိုင်း ဒီအလုပ်ပြီးရင်း ဒီအလုပ်ပဲ လုပ်ရတဲ့အခါ စိတ်ညစ်ညူးလာနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် လုပ်နေကျ အလုပ်လေးတွေကို နည်းနည်းလောက်ဖြစ်ဖြစ် ပုံစံ ပြောင်းလိုက်ပါ။
    • ဆေးကုသမှု ခံယူပါ– ဘာကိုမှ စိတ်ပါဝင်စားမှု မရှိတာက နေ့စဉ်ဘဝကို ထိခိုက်လာရင်၊ စိတ်ဓာတ်ကျတဲ့ဘက်ကို ကူးပြောင်းလာရင် စိတ်ရောဂါပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

    Apathy ဆိုတာ

    Apathy ဆိုတာ နေ့စဉ်လုပ်နေကျ အလုပ်တွေကို စိတ်ဝင်စားမှုမရှိတော့ဘဲ ခံစားချက်မဲ့နေတာမျိုးပါ။ တစ်ခါတလေ စိတ်ဖိစီးမှုတွေများလွန်းတဲ့အခါ ဒီလိုခံစားရတတ်ပေမယ့် ဆက်တိုက်မှ ဘာကိုမှ စိတ်မဝင်စားတော့ရင်၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ မရှိတော့ရင်၊ အသက်ရှူနေတာကလွဲပြီး အသက်ရှင်နေတယ်လို့ မခံစားရတော့ရင် ဒါကို Apathyလို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement