backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နည်းလည်းမကောင်းသလို များပြန်လည်း မကောင်းတဲ့ အက်စထရိုဂျင်ဟော်မုန်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နည်းလည်းမကောင်းသလို များပြန်လည်း မကောင်းတဲ့ အက်စထရိုဂျင်ဟော်မုန်း

လေဒီလေးတွေအတွက် အရေးပါတဲ့ဟော်မုန်းလေးတစ်ခုအကြောင်း နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ ဒီ ဟော်မုန်းက များလည်း မကောင်းသလို နည်းလည်း မကောင်းပြန်ပါဘူး။ မရှိလို့မဖြစ်အောင် အရေးပါတဲ့ဟော်မုန်းလေးနဲ့ ပတ်သက်လို့လေဒီတိုင်း သိထားလို့ရအောင် ဒီဆောင်းပါးလေးကနေပြောပြပေးပါရစေနော်။

အက်စထရိုဂျင် ဟော်မုန်း

လေဒီလေးတိုင်းအတွက်လိုအပ်တဲ့ဟော်မုန်းပါ။ မိန်းကလေးတွေဖွံ့ဖြိုးကြီးထွားဖို့အတွက် အရေးပါတဲ့ဟော်မုန်းတစ်မျိုးပါ။ အပျိုဖော်စဝင်ချိန်မှာ သားဥအိမ်က လစဉ်ရာသီလာချိန်မှာ ထုတ်ပေးပါတယ်။ ရာသီစက်ဝန်းတဝက်ခန့်မှာဟော်မုန်းပမာဏကိုမြင့်တက်စေပြီး မျိုးဥတွေကိုကြွေစေနိုင်ပါတယ်။ မျိုးဥကြွေပြီးချိန်မျာဟော်မုန်းပမာဏက သိသိသာသာလျော့ကျစေနိုင်ပါတယ်။

ဒီဟော်မုန်းဟာ များသောအားဖြင့်သွေးကြောတွေထဲမှာ အရည်ပုံစံနဲ့ စီးဆင်းနေပါတယ်။ ခန္ဓါကိုယ်တစ်ရှုးတွေထဲက ဆဲလ်တွေနဲ့ အပြန်အလှန်ဓါတ်ပြုပါတယ်။

အက်စထရိုဂျင်ဟော်မုန်းဟာ ပရိုဂျက်စတင်ဟော်မုန်းနည်းတူ အမျိုးသမီးတွေအတွက် အရေးပါတဲ့ဟော်မုန်းတစ်မျိုးပါ။ ကိုယ်ဝန်မြဲစေဖို့နဲ့ သားအိမ်ထဲမှာ မမျိုးဥတွေဖြစ်ပေါ်စေဖို့ ပရိုဂျက်စတင်ဟော်မုန်းက လုပ်ဆောင်ပေးပါတယ်။

အက်စထရိုဂျင်ဟော်မုန်း ဘယ်နှမျိုးရှိလဲ

အက်စထရိုဂျင်ဟော်မုန်းအမျိုးအစားက အကြမ်းဖျင်းအားဖြင့် ၃ မျိုးရှိနေတာပါ။

Estrone (E1) –အက်စထရိုဂျင်ဟော်မုန်းရဲ့ အပျော့စားပုံစံတစ်မျိုးပါ။သွေးဆုံးပြီးနောက်အမျိုးသမီးတွေမှာတွေ့ရတဲ့ဟော်မုန်းအမျိုးအစားပါ။ ခန္ဓါကိုယ်ထဲက တစ်ရှုးအများစုမှာရှိနေနိုင်ပြီး အထူးသဖြင့်ကတော့ ကြွက်သားနဲ့ အဆီတစ်ရှုးတွေမှာရှိနေနိုင်ပါတယ်။ ခန္ဓါကိုယ်ကestrone ကိုestradiol အဖြစ်ပြောင်းလဲပြီးestradiol ကိုestrone အဖြစ်ပြောင်းလဲနိုင်ပါတယ်။

Estradiol (E2) – အက်စထရိုဂျင်ရဲ့ အားအပြည့်ဝဆုံးသောပုံစံတစ်မျိုးပါ။ သားဥအိမ်ကနေထုတ်လုပ်တဲ့ဟော်မုန်းတစ်မျိုးပါ။ မီးယပ်ဆိုင်ရာ ကင်ဆာတွေကိုဖြစ်စေနိုငတဲ့ အကြောင်းရင်းခံတစ်ခုပေါ့။

Estriol (E3) – အားအပျော့ဆုံး အက်စထရိုဂျင်ဟော်မုန်းတစ်မျိုးပါ။ ခန္ဓါကိုယ်ကestradiol ကို အသုံးပြုပြီးနောက်ထုတ်လွှတ်လိုက်တဲ့ စွန့်ထုတ်ပစ္စည်းတစ်မျိုးပေါ့။ ကိုယ်ဝန်ဆောင်နေချိန်မှာestriol ပမာဏ သိသိသာသာမြင့်တက်နေတာပါ။Estriol ကိုestradiol အဖြစ်ရောestrone အဖြစ်ပါမပြောင်းလဲ နိုင်ပါဘူး။

ဘာအတွက်အရေးကြီးတာလဲ

လေဒီတွေရဲ့ လိင်မှုဘဝနဲ့ မျိုးပွားစနစ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ အက်စထရိုဂျင်ဟော်မုန်းကို အဓိက ထုတ်လုပ်သူတွေက အမျိုးသမီးတွေပါ။ အမျိုးသားတွေက ဒီဟော်မုန်းကို ထုတ်လုပ်ပေမယ့် အနည်းအကျဉ်းပါပဲ။ ရာသီသွေးဆင်းမှု၊ မျိုးဥကြွေမှု နဲ့ ကိုယ်ဝန်ဆောင်မှုတွေအတွက် အဓိကဇာတ်လိုက်ပါ။

ဘာလုပ်ပေးတာလဲ

မျိုးပွားစနစ်ဖွံ့ဖြိုးဖို့နဲ့ အမျိုးသမီးတစ်ဦးအတွက် အရေးပါတဲ့ ရာသီသွေးပေါ်ဖို့ လုပ်ဆောင်ပေးတာပါ။

ခန္ဓါကိုယ်အပေါ်မှာ ဘယ်လိုသက်ရောက်နေလဲ

အမျိုးသမီးတွေအပေါ်မှာ ဒီလိုသက်ရောက်နေပါတယ်။

မျိုးဥအိမ် – မမျိုးဥတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးတယ်။

မွေးလမ်းကြောင်း – နံရံတွေကိုကောင်းစွာဖွံ့ဖြိုးအောင်တည်ဆောက်ပေးတယ်။ရောဂါပိုးတွေကူးစက်ခံရမှုကနေ ကာကွယ်ပေးတယ်။ မိန်းမကိုယ် pH ပမာဏကို ထိန်းညှိပေးတယ်။

သားဥပြွန် – သားဥတွေနဲ့ သုက်ပိုး တွေတွေ့ရှိစေနိုင်ဖို့အတွက် သားဥပြွန်နံရံတွေကို ဖွံဖြိုးအောင်လုပ်ဆောင်ပေးတယ်။

သားအိမ် – သားအိမ်အတွင်းနံရံသားကိုဖြစ်ပေါ်စေပြီး သားအိမ်ကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေပါတယ်။ သားအိမ်ကြွက်သားတွေ ကျန်းမာသန်စွမ်းစေဖို့ထောက်ပံ့ပေးပါတယ်။ ရာသီသွေးဆင်းချိန်မှာ သားအိမ်နံရံက ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ကလေးမွေးဖွားချိန်မှာ သားအိမ်ညှစ်အားကောင်းအောင်လုပ်ဆောင်ပေးပြီး အချင်းကိုသွေးပို့ပေးပါတယ်။

သားအိမ်ခေါင် – သုက်ပိုးတွေ မမျိုးဥဆီရောက်ရှိမှုကို အကောင်းဆုံး ထောက်ပံ့ပေးပြီး မျိုးအောင်နိုင်စွမ်းမြင့်အောင်လုပ်ဆောင်ပေးပါတယ်။

နို့ရည်ဂလင်း – ဆယ်ကျော်သက်အရွယ်မှာ ရင်သားဖွံ့ထွားစေဖို့ထောက်ပံ့ပေးပါတယ်။ ရင်သားထိပ်အရောင်အတွက်ရောင်ခြယ်ပစ္စည်းဖြစ်ပေါ်စေပါတယ်။ ရင်သွေးလေးအတွက် နို့ရည်ကိုဖြစ်ပေါ်စေပါတယ်။ ရင်သွေးလေးအရွယ်ရောက်သွားတဲ့အခါ နို့ရည်မထွက်တော့အောင်လည်း လုပ်ဆောင်ပေးပါတယ်။

ဒါတွေတင်လားဆိုတော့ အက်စထရိုဂျင်ဟော်မုန်းက အမျိုးသား၊ အမျိုးသမီးခန္ဓါကိုယ်ဖွံ့စည်းမှုကွာခြားတဲ့အပေါ်မှာ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ အချိုးအဆစ် ပီပြင်အောင်လည်း တာဝန်ယူထားပါတယ်။ ခန္ဓါကိုယ်ရဲ့ အမွှေးအမျှင်တွေ။ အသံအနေအထာပြောင်းလဲမှုနဲ့ အရွယ်ရောက်လာလို့ပေါက်လာတဲ့ ဝက်ခြံကအစ အရာအားလုံးကို ကြိုးကိုင်ထားသူပါ။

အခြားဘယ်နေရာတွေမှာသက်ရောက်မှုရှိသေးလဲ

  • ဦးနှောက်
  • ခန္ဓါကိုယ်အပူချိန်
  • စိတ်ခံစားမှု
  • အရေပြား
  • အရိုး
  • အသည်း နဲ့
  • နှလုံးစတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေးမှာလည်း သက်ရောက်နေတတ်ပါတယ်။

နည်းလွန်းလည်းမကောင်၊း များလွန်းလည်း မကောင်းပါ

အရာရာကမျှတနေမှ အဆင်ပြေတဲ့ ဆိုတဲ့ စကားက အက်စထရိုဂျင်ဟော်မုန်းနဲ့ ပတ်သက်လာရင်လည်း မှန်ကန်တဲ့ အဆိုပါပဲ။ ကိုယ်တွင်းမှာ ဒီဟော်မုန်းပမာဏ မမျှတတော့ဘူးဆိုရင်

  • ရာသီသွေးဆင်းတာနည်းတာ၊ ရက်တိုတာ၊ ရာသီသွေးမမှန်တာ၊ ရာသီသွေးရပ်သွားတာမျိုး
  • ရာသီသွေးအရမ်းဆင်းတာမျိုး
  • ပူစပ်ပူလောင်ဖြစ်တာ
  • ညဘက်မှာချွေးစေးပြန်တာ
  • ရင်သားနဲ့ သားအိမ်မှာ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဖြစ်တာ
  • အိပ်မပျော်တာ
  • စိတ်ခံစားမှု အပြောင်းအလဲမြန်တာ
  • ကိုယ်အလေးချိန်တက်လာတာ (အထူးသဖြင့် တင်ပါး၊ပေါင်နဲ့ ခါးနေရာတွေမှာပါ)
  • လိင်စိတ်ကုန်ခမ်းတာ
  • ခြေကုန်လက်ပမ်းကျတာ
  • စိုးရိမ်စိတ်များတာ
  • စိတ်ဓါတ်ကျတာ
  • အသားအရေတွေခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။

အမျိုးသားတွေမှာ အက်စထရိုဂျင်ဟော်မုန်းများတယ်ဆိုရင်တော့

  • မျိုးအောင်နိုင်စွမ်းကျတာ
  • လိင်တံထောင်မတ်နိုင်စွမ်းကျတာ
  • ဆီးကျိတ်ကင်ဆာခံစားရတာ
  • ရင်သားတွေဆူထွက်လာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement