မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဆံပင်တို့ မျက်ခုံးမွှေးတို့ဆိုတာ လူတိုင်း နှစ်သက်ကြ၊ လှအောင်ပြင်ချင်ကြတဲ့အရာတွေပါ။ ကိုယ်ပေါ်မှာကလည်း ဆံပင် မျက်ခုံးမွှေးလောက်ပဲ လူတွေက လိုချင်ကြတာဆိုတော့ အခြားနေရာက မလိုချင်တဲ့ အမွှေးအမျှင် ေတွကို ဖယ်ရှားဖို့ လုပ်ကြပါတော့တယ်။ ဒီတိုင်း ရိတ်တာတို့ နှုတ်တာတို့ဆိုရင် ပြန်ထွက်နိုင်တဲ့အတွက် ခုနောက်ပိုင်း လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားတာဟာ နာမည်ကြီးလာပါတယ်။ လူတိုင်းနဲ့ စိမ်းတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် လေဆာကုထုံးနဲ့ ပက်သက်ပြီး မေးချင်တဲ့ မေးခွန်းတွေ များနေလိမ့်မယ်လို့ထင်ပါတယ်။ ။
နှုတ်ခမ်းမွှေး၊ ြေခသလုံးမွှေး ချိုင်းမွှေးနဲ့ စည်းခုံမွှေးတို့ဟာ လူတိုင်း မလိုချင်တဲ့ အမွှေးအမျှင်တွေဆိုတော့ သူတို့ကို ဖယ်ရှားဖို့အတွက် ရိတ်ကြ၊ နှုတ်ကြတာတွေကို လုပ်ရပါတယ်။ ဒါပေမယ့် ဒီလို ရိတ်တာ၊ နှုတ်တာတွေက ယာယီလောက်သာ ခံတာမို့ အမွှေးတွေ ပြန်ထွက်လာလိုက် ပြန်ရိတ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါ့ကြောင့် တစ်သက်လုံး အပြီး ဘယ်တော့မှ အမွှေးအမျှင်တွေ ပြန်မထွက်နိုင်တဲ့လေဆာနဲ့ ဖယ်ရှားနည်းက နာမည်ကြီးတာပါ ။ ။
ယောက်ျား မိန်းမ မရွေး အကုန်သုံးလို့ရပါတယ်။ သုံးချင်တဲ့ နေရာတွေသာ မတူကြတာပါ။ အမျိုးသမီးတွေက ချိုင်းအောက်နဲ့ ဘီကီနီနေရာတို့ကို ပိုရွေးချယ်လေ့ရှိပြီး အမျိုးသားတွေကတော့ လည်ပင်းနဲ့ ကျောနောက်က အမွှေးတွေကို ဖယ်ရှားဖို့အတွက်သုံးကြပါတယ်။
လေဆာ အလင်းတန်းလေးက အသားကိုဖြတ်သွားပြီး အရေပြားအောက်မှာရှိတဲ့ မွှေးညင်းအိတ် လေးတွေကို ဖျက်ဆီးပစ်ပါတယ်။ အလင်းတန်းတစ်ခါလွှတ်ဖို့ စက္ကန့်ပိုင်းလောက်သာကြာတဲ့အတွက် တစ်ခါထွက်လည်း အမွှေးတော်တော်များများကို မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်ပါတယ်။ ဖယ်ရှားနေတဲ့ အမွေးရှိရာ နေရာပေါ်မူတည်ပြီး ကုသချိန် ၁၀ မိနစ်ကနေ မိနစ် ၃၀ လောက်ကြာတတ်ပါတယ်။
ကိုယ်ပေါ်က အမွှေးတွေက မတူညီတဲ့ အရှိန်နဲ့ ထွက်ကြတဲ့အတွက် အမွှေးအမျှင်အားလုံး အကုန်ကုန်သွားဖို့ဆို လေဆာနဲ့ဖယ်ရှားတဲ့ကုထုံးကို ၄ ခေါက်ကနေ ၆ ခေါက်လောက်အထိ လုပ်ပေးရပါတယ်။ ပထမဦးဆုံး တစ်ခေါက်မှာတင် အမွှေးအမျှင်တွေထွက်တာ နှေးလာမယ်၊ အသားအရေကလည်း ချောမွေ့သွားတာကို တွေ့မြင်ရမှာပါ။ ကုသမှု တစ်ခေါက်ပြီး တစ်ခေါက်တိုးတက်လာတာကို တွေ့မြင်ရမှာဖြစ်ပြီး အောင်မြင်သွားတဲအခါကျရင် မလိုချင်တဲ့ နေရာမှာ အမွှေးအမျှင်တွေ လုံးဝ ပေါက်မလာတာကို တွေ့ရမှာပါ။
ကုသမှု တစ်ခုနဲ့ တစ်ခုကြားမှာ ၁လ ကနေ ၁လခွဲလောက် အထိခြားထားပါတယ်။လေဆာကုထုံးအောင်မြင်ဖို့ဆို ၆ ခါလောက်လုပ်ရမှာဖြစ်ပါတယ်။
အချိန်ကုန်လည်းသက်သာတယ်၊ ဖယောင်းကပ်ခွာတို့ ရိတ်တာ၊ နှုတ်တာတို့လို နာကျင်မှု ဝေဒနာလည်း မခံစားရဘူး။ ကုသမှုလုံးဝ ပြီးသွားပြီဆိုတာနဲ့ အမွေးအမျှင်တွေထပ်ထွက်မလာတော့လို့ ကိုယ်လိုချင်တဲ့ ရလဒ်အတိုင်း ထွက်လာမှာ ဖြစ်ပါတယ်။
ထုံးစ့အတိုင်း အဆင့်မြင့်နည်းပညာဖြစ်လို့ ကုန်ကျမှု အထိုက်အလျောက်တော့ရှိမှာပါ။ တစ်ခါလုပ်လိုက် တစ်ပတ်လောက်ကြာတော့ ပြန်ထွက်လာလိုက်ဖြစ်တဲ့ ဖယောင်းကပ်ခွာ၊ ရိတ်တာ နှုတ်တာတွေလောက် မသက်သာဘူးဆိုပေမယ့် ပြန်တွက်ကြည့်ရင် သူတို့က ခဏခဏ လုပ်နေရတာ၊ လေဆာနဲ့ကကျ ၆ခါလောက်လုပ်ပြီးတာနဲ့ ကိုယ့်စိတ်တိုင်းကျ ရလဒ်အတိုင်း ထွက်လာတာဆိုတော့ ကုန်ကျမှုက တူတူလောက်ပဲ သွားကျမှာပါ ။။
ဒါေ့ကြာင့် အသားနာမှာလည်းကြောက်တယ်၊ ခဏခဏလည်း လုပ်နေချင်ဘူး၊ တကယ်ထိရောက်တဲ့ ရလဒ်လည်း လိုချင်တဲ့သူတွေအတွက်ကတော့ ဒီ လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားနည်းကသာ အထိရောက်ဆုံးနဲ့ အသုံးအဝင်ဆုံး ဖြစ်မှာပါ ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။