home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားဥအိမ်ကင်ဆာနှင့် သဟဇာတဖြစ်အောင်နေထိုင်ခြင်း

သားဥအိမ်ကင်ဆာနှင့် သဟဇာတဖြစ်အောင်နေထိုင်ခြင်း

ကင်ဆာရောဂါစစ်ဆေးတွေ့ရှိမှုသည် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်း

ဆိုင်ရာအတက်အကျခရီးစဉ်၏အစဖြစ်သွားနိုင်ပါသည်။ စိန်ခေါ်မှု

များအားကိုင်တွယ်နိုင်ရန်ခက်ခဲလိမ့်မည်ဖြစ်ပြီး သင်သည်မိမိကိုယ်

ကိုမျှော်လင့်ချက်မဲ့သွားခြင်းမျိုးဖြစ်တတ်ပါသည်။ သို့သော်မည်မျှပင်

ခက်ခဲသော်လည်း သင့်ကိုယ်သင်ကင်ဆာအားပိုမဆိုးစေရန်ပြုလုပ်

နိုင်ကြောင်းအမိန့်ပေးပါ။ အမှန်ဆိုလျှင် ရောဂါတွေ့ရှိမှုမှဖြစ်ပေါ်လာ

သောပြောင်းလဲမှုများထဲမှ အရေးကြီးသည်များကိုအာရုံစိုက်၍ဖြေ

ရှင်းနေနိုင်ပြီဖြစ်သောအမျိုးသမီးမြောက်များစွာရှိနေပြီဖြစ်သည်။ ကင်ဆာရောဂါနှင့်အသက်ရှင်ရခြင်းသည် သင်မည်သို့နေထိုင်ရမည်

ကိုသိပါက ခက်ခဲမည်မဟုတ်ပေ။

သင့်စိတ်ခံစားမှုများကို စီမံပါ။

ကင်ဆာရှိနေသည်ဟုသိရပါက သင်သည်ကြောက်လန့်ခြင်း၊ဒေါသ

ထွက်ခြင်း၊စိတ်ရှုပ်ခြင်း၊စိတ်အလိုမကျဖြစ်ခြင်း၊အပြစ်ရှိသလိုခံစားရ

ခြင်း၊စသည်ဖြင့်များပြားလှသောစိတ်အခြေအနေများကို ရင်ဆိုင်ရ

နိုင်သည်။ သင့်စိတ်ခံစားမှုများသည် ကုသနေစဉ်နှင့်ကုသမှုအပြီး

တွင်ပြောင်းလဲသွားခြင်း(သို့)ပိုမိုပြင်းထန်ဆိုးဝါးလာခြင်းများဖြစ်

တတ်ပါသည်။ အချို့မှာကုသနေစဉ်တွင်စိတ်ဖိစီးမှုများကိုရင်ဆိုင်ရသော်လည်း အချို့မိန်းမများသည် ကုသမှုပြီးဆုံးချိန်သည်သူတို့အ

တွက်အဆိုးဆုံးအချိန်ဖြစ်ကြောင်းဖွင့်ဟဝန်ခံကြသည်။ သင်သည်

အချိန်ကြာလာသည်နှင့်အမျှ မျှော်လင့်ချက်ကင်းမဲ့လာပြီး ဆရာဝန်

များနှင့်ကံအပေါ်အားကိုးနေရခြင်းမှလွဲ၍ကျန်တာဘာမှမလုပ်နိုင်ဟု

ထင်လာတတ်သည်။ ထိုသို့ခံစားရခြင်းမှာပုံမှန်ပင်ဖြစ်သော်လည်း

အတွေးဆိုးများသည် သင့်အတွက်ထိခိုက်စေနိုင်ပြီး သင့်ဘေးရှိလူ

များကိုလည်းအနှောင့်အယှက်ပေးနိုင်ပါသည်။ သင်တွေ့ကြုံရသော

မကောင်းသည့်စိတ်ခံစားချက်များသည် အချိန်တန်လျှင်ပျောက်

သွားမည်ကို သတိရပါ။ သို့သော်လည်း သင်သည်သင့်စိတ်ခံစား

ချက်များကိုကိုင်တွယ်ဖို့ကြိုးစားလုပ်ကိုင်သင့်ပြီး အကောင်းမြင်တတ်ဖို့လိုအပ်ပါသည်။

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကိုသတိထားပါ။

ကင်ဆာရောဂါသည်များသည် ကင်ဆာ(သို့)ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးများကြောင့်ဖြစ်သောအချို့သောရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့်ရောဂါလက္ခဏာများကိုခံစားရနိုင်ပါသည်။ အချို့သောအဖြစ်များသည့် ရောဂါလက္ခ

ဏာများမှာ

  • ပျို့ခြင်း၊အန်ခြင်း
  • အစားစားချင်စိတ်မရှိခြင်း
  • နာကျင်ကိုက်ခဲခြင်း
  • ဗိုက်ကယ်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • သွေးဆုံးခြင်း
  • ပင်ပန်းနွမ်းနည်ခြင်း
  • ဝမ်းချုပ်ခြင်း

အမျိုးသမီးတိုင်းထိုလက္ခဏာများကို မခံစားရနိုင်ပါ။ လူနာများသည်

ရောဂါလက္ခဏာများ(သို့)ဘေးထွက်ဆိုးကျိုးများကိုခံစားရပါက

ကျန်းမာရေးကျွမ်းကျင်ပညာရှင်ကို အသိပေးသင့်ပါသည်။

သင့်ရောဂါအကြောင်းကို နားလည်အောင်လုပ်ပါ။

ရောဂါနှင့်ကုသမှုအကြောင်းနားလည်ခြင်းသည်သင့်အား မည်သည်

ကိုမျှော်လင့်၍ကုသမှုအတွက်စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုများပြင်ဆင်ပြုလုပ်ရမည်ကို သိရှိရန်အထောက်အကူပြုပါ

သည်။ သင်သည် သင့်ကင်ဆာရောဂါအမျိုးအစား၊ကုသမှု

များနှင့်ပတ်သတ်သောများပြားလှသည့်သတင်းအချက်အလက်များကို အင်တာနက်တွင်ရှာဖွေနိုင်ပါသည်။ သို့သော်အထူးကုများနှင့်

ကျန်းမာရေးကျွမ်းကျင်ပညာရှင်များကိုပြသတိုင်ပင်ရန်အကြံပြုပါ

သည်။ သင့်အခြေအနေနှင့်ပတ်သတ်၍ထိုသူများနှင့်ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ပြီးသင်သည်မိမိကိုယ်ကိုထောက်အပံ့နိုင်သော၊သင့်တွင်ရှိလာလောက်သောပြဿနာများကိုပြင်ဆင်ထားပေးနိုင်သည့်အထောက်အကူပေးသောအကြံဉာဏ်များကို ရရှိနိုင်ပါသည်။ ဆရာ

ဝန်နှင့်ပြသသောအခါပို၍ကောင်းစွာသတင်းအချက်အလက်များရ

ရှိနိုင်သည့်နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • သင်သွားရောက်မပြသခင်တွင်မေးခွန်းများကိုကြို၍ရေးချထားပါ။
  • သင့်အားပြောလိုက်သောအကြောင်းများကို ကူညီမှတ်သားပေးနိုင်သောတစ်စုံတစ်ယောက်ကိုပါခေါ်သွားပါ။

ကိုယ့်အားကိုယ်ကိုအဖွဲ့(သို့)အထောက်ပံ့ပေးနိုင်သည့်အဖွဲ့တစ်ခုခုသို့ဝင်ထားပါ။

ထိုသို့ပြုလုပ်ခြင်းသည် အမျိုးသမီးများအတွက် ကြီးမားသောအခွင့်

အရေးပေးနိုင်ပြီး ကင်ဆာနှင့်ပတ်သတ်၍ပွင့်ပွင့်လင်းလင်းပြောဆို

ကာတူညီသောအခြေအနေများဖြတ်သန်းခဲ့ ရသူများအားလည်း

နားထောင်နိုင်သည်။ တစ်ယောက်နှင့်တစ်ယောက်မျှဝေနိုင်ပြီးမိမိလည်းရင်ဖွင့်နိုင်ခြင်းသည် ဝေဒနာရှင်များကို စိတ်ဖိစီးမှုနည်းစေပြီး အနာဂတ်အတွက်အကောင်းပိုမြင်စေပါသည်။ ထိုကဲ့သို့အဖွဲ့များကို

သင်မကြိုက်လျှင်လည်းပြဿနာမရှိပါ။ အချို့သောအမျိုးသမီးများ

သည်တူညီသောအခြေအနေကိုဖြတ်သန်းခဲ့ရသူများနှင့်တစ်ယောက်ခြင်းပြောဆိုဖွင့်ဟရခြင်းကို နှစ်သက်တတ်သည်။ စိတ်ပိုင်းဆိုင်ရာ

နှင့်ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများနှင့်အတူ ကင်ဆာအားကိုင်တွယ်ရန်

ခက်ခဲတတ်ပါသည်။ သင်သည်သောကမများစေရန်

သင့်ရောဂါ၊ရောဂါလက္ခဏာများ၊ကုသမှုများ

နှင့်ပတ်သတ်၍ဗဟုသုတကြွယ်ဝနေရန် လိုအပ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။