home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားဥအိမ်ကင်ဆာက ဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာဘေးထွက်ဆိုးကျိုးများကို ဘယ်လိုစီမံမလဲ။

သားဥအိမ်ကင်ဆာက ဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာဘေးထွက်ဆိုးကျိုးများကို ဘယ်လိုစီမံမလဲ။

သင်ဟာ သားဥအိမ်ကင်ဆာ ကုသမှုခံယူနေပါက ခန္ဓါကိုယ်တွင် ပြောင်းလဲမှုများနဲ့ လက္ခဏာများ ခံစားရနိုင်ပါတယ်။ ထိုလက္ခဏာများဟာ ကင်ဆာရောဂါကြောင့် သော်လည်းကောင်း ၊ ကုသမှု ကြောင့်သော်လည်းကောင်း ဘေးထွက်ဆိုးကျိုးများ ကြောင့် ဖြစ်ပါတယ်။ အသက်ရှူခြင်း၊ စားခြင်း၊ ဝမ်းသွားခြင်း၊ နှင့်ပက်သက်၍ ပြဿနာများ ဖြစ်ခြင်း၊ ဖျားခြင်း၊ တို့ဖြစ်ပါက ထိန်းချုပ်ရန် အောက်ပါနည်းလမ်းများကို ကျင့်သုံးနိုင်ပါတယ်။

အသက်ရှူပြဿနာများ

သားဥအိမ်ကင်ဆာသည် အသက်ရှူပြဿနာများကို ဖြစ်စေပြီး အသက်ရှူမဝခြင်းဖြစ်ပါက မစိုးရိမ်သင့်ပါ။ အသက်အန ္တရာယ်မဖြစ်စေပါ။ သို့သော် လူအတော်များများက ထိတ်လန့်ကြပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။ အချိန်အကြာကြီး မလှုပ်ရှားဘဲ မနေသင့်ပါ။ အကြောပြေလျော့စေသော အိပ်မွေ့ချခြင်း၊ visualization

တို့ကို ပြုလုပ်နိုင်ပါတယ်။ ဝမ်းဗိုက်ဖြင့် အသက်ရှူခြင်း၊ အသက်ရှူခြင်းကို ထိန်းချုပ်ခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ အသက်ရှူမဝပါက မထိတ်လန့်စေရန် မိမိကိုယ်မိမိ သတိထားသင့်ပါတယ်။ ထိတ်လန့်နေပါက ဘာမှ မလုပ်နိုင်တော့သောကြောင့်၊ ပိုဆိုးသွားနိုင်သောကြောင့် တည်ငြိမ်စွာနေပါ။ စိတ်လှုပ်ရှားပါက အခြေအနေပိုဆိုးစေပါတယ်။

ခွဲစိပ်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ဓါတ်ရောင်ခြည်ခံခြင်း တို့က အူလမ်းကြောင်း ဝေဒနာများကို ဖြစ်စေပါတယ်။ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ချက်အောက်ပိုင်း ဗိုက်ဝန်းကျင်တွင်လည်း နာကျင်ခြင်း ဖြစ်တတ်ပါတယ်။

ထိုဝေဒနာများကို သက်သာစေရန် ဦးစွာ သင့်ရဲ့ နေ့စဉ် ဘဝနေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲနိုင်ပါတယ်။ ဆေးဖက်ဝင်အပင်များ အသုံးပြုခြင်းက ကောင်းသော အကြံဖြစ်ပါတယ်။ ပူစီနံ သို့မဟုတ် ပူစီနံ ထည့်ထားသော လက်ဖက်ရည်ကို သောက်သုံးခြင်းက ဗိုက်နာခြင်းကို သက်သာစေပါတယ်။ သင့်ရဲ့ စားသောက်ပုံနဲ့ ဆေးများကို ပြောင်းလဲလိုပါက ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အမျှင်ဓါတ်များသော၊ အစေ့၊ အနှံ၊ ဂျုံ၊ အသီးအရွက်များ၊ အရည်များကို ပိုမို စားသုံးခြင်းဖြင့် အူလမ်းကြောင်း ဝေဒနာများကို ကာကွယ်နိုင်ပါတယ်။ အမျှင်ဓါတ်နှင့် အရည်ဓါတ်များက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဝမ်းလျှောပါက အရည်ဓါတ်များ ပြန်လည် ဖြည့်တင်းပါတယ်။

မသက်သာပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

ဖျားခြင်း

သားဥအိမ်ကင်ဆာ ဝေဒနာရှင်တွင် ဖျားခြင်းက ပုံမှန်ဖြစ်တတ်ပါတယ်။ ဖျားပါက ပင်ပန်းခြင်း၊ ပူအိုက်ခြင်း၊ အေးခြင်း၊ တုန်ခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း တို့ဖြစ်တတ်ပါတယ်။ ဆရာဝန်က ပါရာစီတမော သောက်ခိုင်းထားပါက အဖျားမကျလျှင် လေးနာရီ သို့မဟုတ် ခြောက်နာရီခြား တစ်လုံးသောက်နိုင်ပါတယ်။ အညွှန်းကို သေချာ ဖတ်ခြင်း သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးခြင်းများ ပြုလုပ်သင့်ပါတယ်။

ထို့ပြင် အဝတ်အထူများ မဝတ်သင့်ပါ။ ရေချိုးခြင်းကို ခပ်မြန်မြန် ပြုလုပ်နိုင်ပါတယ်။ သို့သော် ရေနွေးဖြင့် ရေပါတ်တိုက်ခြင်းက ပိုကောင်းပါတယ်။

အစားစားခြင်း ပြဿနာများ

ကင်ဆာရောဂါကြောင့် ပင်ပန်းနွမ်းနေယ်ခြင်းက အစားစားချင်စိတ်ကို ပျက်စီးစေသဖြင့် အစားစားဖို့ ခက်ခဲပါလိမ့်မယ်။ သို့သော် ကင်ဆာရောဂါကုသမှု ခံယူနေစဉ် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားသုံးဖို့လိုပါတယ်။ ထို့ပြင် ခံတွင်းပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခံတွင်းအနာများ ပေါက်ခြင်းတို့ကြောင့် အစားမစားလိုခြင်းဖြစ်ပါတယ်။ အစားအစာတိုင်းလိုလိုက အရသာမရှိတော့ပေ။ ထို့ကြောင့် တစ်ခါစားလျှင် နည်းနည်းနှင့် မကြာခဏစားခြင်း၊ သားရေစာ များ စားခြင်းများ ပြုလုပ်နိုင်ပါတယ်။ အာဟာရရှိသော ဖျော်ရည်၊ ပဲ၊ အသီး စသည်တို့ကို စားသုံးနိုင်ပါတယ်။ အစာစားလိုစိတ်ရှိအောင် အစားမစားခင် ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်သင့်ပါတယ်။

သင့်တွင် သားဥအိမ်ကင်ဆာကုသမှု ခံယူနေပါက ဆရာဝန်နဲ့ ပုံမှန်တွေ့ကာ ခံစားရသော ဝေဒနာများ၊ ဘေးထွက်ဆိုးကျိုးများကို ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။