ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်တည်တာကြောင့် ဆီးသွားသွေးပါတာ၊ နာကျင်တာ၊ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်း တလျှောက်မှာလည်း ဆီးကျောက်တွေနဲ့ ပိတ်နေတတ်ပါတယ်။ ဆီးကျောက်တည်တာနဲ့ ပတ်သတ်တဲ့ လက္ခဏာတွေ၊ ကုသနည်းတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ကို ရှာဖွေမည်။

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

မြန်မာနိုင်ငံက လူတွေအတွက်  ရေနွေးကြမ်းက နေ့စဉ် သောက်စရာထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ရေနွေးကြမ်းက ဆီးကျောက်တည်စေတာလား၊ ကြေစေတာလား။ ဘယ်လို အချက်တွေ သတိထားရမလဲ။ ဆီးကျောက်တွေ ဘယ်လိုစဖြစ်တာလဲ။ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ်မှာ ကျောက်ဖြစ်စေမယ့် အရာလေးတွေ အနည်ထိုင် စုစည်းရာက စပါတယ်။ ဆီးကျောက်အမျိုးအစား ၄ မျိုး ရှိတဲ့ အထဲမှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။ Oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်း တစ်ခု ဖြစ်တဲ့အပြင် အသည်း ကနေလည်း နေ့စဉ် ထုတ်လုပ်ပါတယ်။ ကျောက်ကပ်ထဲမှာ စပြီး အနည်ထိုင် ဖြစ်တည်လာတဲ့ […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်မတည်စေရေး ကာကွယ်ရန်နည်းလမ်းများ

ဆီးကျောက်တည်ခြင်း (သို့) ကျောက်ကပ်ကျောက်တည်ခြင်းဆိုတာ ကျောက်ကပ်အတွင်းမှာ သတ္တုဓာတ်များ အနည်အနှစ်ကျလာခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ကျောက်တည်သွားတဲ့အခါ မခံနိုင်လောက်အောင် နာကျင်မှု ခံစားရတတ်ပါတယ်။ တကယ်လို့ ဆီးကျောက်တခါတည်ဖူးခဲ့ရင် နောင်ဆယ်နှစ်အတွင်း ထပ်ဖြစ်နိုင်ဖို့ ၅၀ရာခိုင်နှုန်း အခွင့်အလမ်းရှိနေပါတယ်။ ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် နေထိုင်မှုပုံစံတွေကို သတိထားဖို့ လိုပါတယ်။ ယခုဖော်ပြမှာကတော့ ဆီးကျောက်တည်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။ ၁။ ရေများများသောက်ပါ ရေများများသောက်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေသောက်တည်းရင် ဆီးထွက်လည်း နည်းသွားနိုင်ပါတယ်။ ဆီးထွက်နည်းတာဟာ ဆီးပိုမိုပျစ်သွားခြင်းကို ညွှန်ပြနေပြီး သတ္တုဓာတ်တွေ မပျော်ဝင်နိုငတော့ဘဲ ကျောက်များဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်ရပ်ကို ကာကွယ်နိုင်ဖို့ တနေ့ကို ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။ ဒါမှဟာ ဆီး ၂လီတာခန့် စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်၊ ချွေးထွက်များရင်၊ ကျောက်တည်ဖူးရင် ဒီထက်ပိုပြီး […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ

ကျောက်ကပ်မှာ ဆီးကျောက်တည်တဲ့ ပြဿနာဆိုတာ တော်တော်များများ ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါပဲ။ လှုပ်ရှားမှုနည်းတယ်၊ ရေသောက်နည်းရာကနေ ဆီးသွားနည်းလာတဲ့အခါ ဆီးက ပုံမှန်ထက် ဝါပြီးအနံ့ပြင်းလာသလို အနည်အနှစ် စွန့်ပစ်ပစ္စည်းတွေကလည်း ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ စုပုံလာပါတယ်။ ဒီအနည်အနှစ်တွေက တဖြည်းဖြည်းများလာတဲ့အခါ စုသွားပြီး ကျောက်လို အခဲပုံစံမျိုးဖြစ်သွားပါတယ်။ ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ ။ ဆီးကျောက်တည်ခြင်းကြောင့် ဆီးသွားရာမှာ အခက်အခဲဖြစ်သလို နာကျင်ခြင်း၊ အော့အန်ခြင်းအပြင် ဆီးလမ်းကြောင်းမှာ သွေးထွက်တဲ့အထိ ထိခိုက်စေပါတယ်။ ဆီးကျောက်အသေးလေးတွေကတော့ သိပ်ပြီးဒုက္ခမပေးနိုင်ဘူးဆိုပေမဲ့ ကြီးလွန်းတဲ့ ကျောက်အဆင့်ထိ ဖြစ်လာရင်တော့ ဆီးလမ်းကြောင်းပိတ်သွားတဲ့အထိ အခြေအနေဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆီးသွားနည်းတယ်၊ ဆီးသွားရတာ အခက်အခဲဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်ပြီး ကျောက်ကပ်မှာ တည်နေတဲ့ဆီးကျောက်တွေ ရှိမရှိဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီး သောက်ဆေးနဲ့ […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ

ဆီးသွားလိုက်တဲ့အခါ ဆီးအရောင်က ပုံမှန်နဲ့ မတူဘဲ နောက်ကျိနေတာသတိထားမိတယ်ဆိုရင် အကြောင်းရင်းတစ်ခုခုရှိနိုင်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆရာဝန်ပြပြီးဆီးစစ်ကြည့်မှ အတိအကျသိနိုင်မှာပါ။ ဒါပေမယ့် ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဆိုတာ ကိုယ်တိုင်လည်း ဗဟုသုတအဖြစ် လက္ခဏာလေးတွေနဲ့တွဲပြီး သိထားတာကောင်းပါတယ်။ ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဆိုတော့ (၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးပြွန်တို့ကို ဘက်တီးရီးယားဝင်ရောက်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဆီးသွားတဲ့အခါ အရောင်နောက်ကျိနေတဲ့အပြင် ဒီလက္ခဏာတွေပါ ခံစားရနိုင်ပါတယ် - ဆီးသွားရင် ပူတယ်၊ နာကျင်တယ် ပုံမှန်ထက် ဆီးခဏခဏသွားတယ် ဆီးတစ်စက်တစ်စက် ထွက်နေတယ် ဆီးက အနံ့ဆိုးတယ် ဒါမှမဟုတ် သွေးပါတယ် ရောဂါပိုးကိုနှိမ်နင်းဖို့ ဆရာဝန်က လိုအပ်တဲ့ပဋိဇီဝဆေးတွေပေးပါလိမ့်မယ်။ ညွှန်ကြားတဲ့အတိုင်းဆေးမှန်မှန်သောက်ပါ။ တကယ်လို့ - အဖျားတက်လာရင် ချမ်းတုန်လာရင် ဗိုက်အောက်ပိုင်းအောင့်လာရင် မအီမသာဖြစ် ပျို့အန်လာရင် […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်တည်တာကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကောင်းများ။ ။

ဆီးကျောက်တည်တယ်တဲ့ ဆိုတဲ့ ပြဿနာဟာ လူတိုင်းကြားဖူးနေကြဖြစ်တဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ မြန်မာနိုင်ငံမှာဆို ထုံးဓါတ်များတဲ့ အလယ်ပိုင်းဒေသမှာနေရတဲ့ လူတွေက ပိုဆိုးတာပေါ့။ သူတို့ဆီမှာ အဖြစ်အများဆုံးပြဿနာက ဆီးကျောက်တည်တဲ့ ပြဿနာလေ။ ဒါပေမယ့် ထုံးဓါတ်များတဲ့နေရာမှာ မနေပေမယ့် ဆီးကျောက်တည်တဲ့သူတွေလည်း အများကြီးပါ။ ဆီးသွားရင်နာတယ်၊ ဆီးသွားရင် ကျင်တယ်၊ ကိုယ်တွေလည်းပူပြီး ဆီးသွားရတာ ခက်နေတတ်ပါတယ်။ ဆီးအိမ်ကြီးတင်းပြီး နောက်ပိုင်းကျရင် ဆီးလမ်းကြောင်းတွေပိုးဝင်ပြီး ကျောက်ကပ် တွေ ပျက်စီးတဲ့အထိ ဆိုးကျိုးတွေ အားလုံးဟာ ဆီးကျောက်တည်တဲ့ ပြဿနာကနေ အစပြုတာပါ။ ဒီတော့ ဆီးကျောက်မတည်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ။ ။ ဆီးကျောက်တည်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒါတွေလုပ်ကြည့်ပါ။ ( ၁ ) ရေများများသောက်ပါ။ ရေများများသောက် လေလေ ဆီးအနည်ကျတာ နည်းလေလေဖြစ်ပြီး ဆီးကျောက်တည်တဲ့ပြဿနာတွေ ဝေးသွားမှာ ဖြစ်ပါတယ်။ ရေသောက်နည်းတဲ့အချိန်သွားတဲ့ဆီးအရောင်က […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဒါအချက်တွေရှိရင် ဆီးကျောက်တည်နေတာ ဖြစ်နိုင်ပါတယ်။

ဆီးကျောက်တည်တဲ့ဆိုတဲံ ပြဿနာအကြောင်း မကြာခဏ ကြားဖူးကြမှာပါ။ ဆီးသွားရင်နာတာ၊ ဆီးသွားရင် ညှစ်သွားရတာ စတာတွေက ဆီးကျောက်တည်တာရဲ့ လက္ခဏာတွေပေါ့ ။ ဆီးလမ်းကြောင်းမှာ ကြိုက်တဲ့ ဘယ်နေရာမှာ မဆို ဆီးကျောက်တည်နိုင်ပါတယ်။ ကျောက်ကပ်မှာလည်းတည်နိုင်တယ်၊ ဆီးအိတ်မှာလည်း ကျောက်တည်နိုင်ပါတယ်။ ဆီးကျောက်တည်တယ်ဆိုတာဘာလဲ။ ဆီးကျောက်ကိုဆေးပညာအရ (renal lithiasis, nephrolithiasis) လို့ခေါ်တတ်ပြီး ဆီးထဲမှာပါတဲ့ သတ္တုဓါတ်တွေနဲ့ ဆားဓါတ်တွေက ကျောက်အဖြစ်ပြောင်းသွားပြီး ဆီးလမ်းကြောင်းတစ်နေရာရာမှာ ပိတ်နေတာဖြစ်ပါတယ်။ ဒီလို ကျောက်တည်တာကြောင့် ဆီးသွားရခက်တာ နာကျင့်တာမျိုး ဖြစ်မယ့်အပြင် ကျောက်တည်တဲ့နေရာဝန်းကျင်မှာ ဆီးတွေအိုင်နေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ ပိုးဝင်တာကို မထိန်းနိုင်တဲ့အခါ နောက်ပိုင်း ပိုးဆိပ် ပြန့်တာတွေအထိ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်ပါတယ်။ ဒီတော့ နောက်ကျမှ သိတာမျိုး မဖြစ်ရလေအောင် ဆီးကျောက်တည်တဲ့အခါ ဘယ်လို လက္ခဏာတွေရှိလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုအချက်တွေရှိနေရင် ဆီးကျောက်တည်နေပြီဆိုတာ သိနိုင်မလဲ။ ( ၁ ) […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ရတနာစိန်ကျောက်မဟုတ်တဲ့ ကိုယ်တွင်းကျောက်များ

ရတနာစိန်ကျောက်ဇယ်တောက်တမ်းကစားကြမယ်လေ။ကျောက်တော့ကျောက်ပဲ၊ စိန်တွေ၊ပတ္တမြားတွေတော့မဟုတ်ဘူး။ ခန္ဓါကိုယ်ထဲကကျောက်ကတော့ကြောက်ဖို့ကောင်းပါတယ်။ မရှိကောင်းတဲ့အရာတွေဖြစ်သလို ရှိလာရင်လည်း အတော်ဒုက္ခပေးပါလိမ့်မယ်။ ထုန်ရောင်းလို့လည်းမရတော့လေ။ ဒီကျောက်တွေက ဘယ်နားမှာရှိတတ်တာလဲ၊ ခန္ဓါကိုယ်ရဲ့ဘယ်အပိုင်းမှာ အဖြစ်များလဲဆိုတာရောသိကြလား။ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။ ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ်အပါအဝင် သတ္တုဓါတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါးနဲ့နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီးသွားရင်သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ကျောက်ကသေးရင် ဆီးထဲမှာသူ့အလိုလိုပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။ လည်ချောင်း အာသီးဆိုတာရောဂါပိုးမွှားတွေကိုစစ်ထုတ်ဖယ်ရှားဖို့ကူညီပေးတဲ့ လည်ချောင်းအနောက်ဘက်က တစ်ရှူးအစုနှစ်ခုဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာကပ်ကျန်နေနိုင်ပြီးtonsilloliths လို့ခေါ်တဲ့ကျောက်တွေဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေခံစားရနိုင်တယ်။ ဒီကျောက်တွေကို သွားပွတ်တံနဲ့ ဒါမှမဟုတ် ဂွမ်းစလေးနဲ့အသာအယာဖယ်ရှားနိုင်တယ်၊ ဆားရည်နဲ့ပလုပ်ကျင်းလို့ရတယ်။ မရရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ဆီးအိမ် ဆီးကောင်းကောင်းမသွားနိုင်တဲ့အခါ ဆီးကျောက်တည်လာနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးထဲမှာ သတ္တုဓါတ်တွေများနေပြီး တခြားဓါတ်တွေနည်းနေလို့လည်းဖြစ်နိုင်တယ်။ […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်များကိုဖယ်ရှားနိုင်ရန် ရိုလာကိုစတာစီးပါ

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးကျောက်များသည် သေးငယ်မာကျောသော သတ္ထုနှင့်ဆားအမှုန်အခဲများဖြစ်ပြီး ကျောက်ကပ်ထဲတွင်တည်ရှိသည်။ ကျောက်ကပ်မှသည်ဆီးအိမ်အထိဆီးလမ်းကြောင်း၏ မည်သည့်နေရာတွင် မဆိုဆီးကျောက်ဖြစ်ပေါ်နိုင်သည်။ အချိန်ကြာလာသည့်အခါ ပြင်းထန်သောနာကျင်ခြင်းနှင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။ ဆီးကျောက်၏ အရွယ်အစားပေါ်မူတည်၍ ဆရာဝန်ဆီမှ အကြံဉာဏ်နှင့်ကုသမှုကို ခံယူရပါသည်။ ယုံကြည်စိတ်ချရသောအခြားကုထုံးများကဲ့သို့ပင် ဆီးကျောက်ရောဂါကို ကုသရန်သုတေသီများက အခြားနည်လမ်းတစ်ခုကို လေ့လာစူးစမ်းလျက်ရှိသည်။ ဤသို့ဖြင့် ရိုလာကိုစတာစီးခြင်းသည် နည်လမ်းတစ်ခုအဖြစ်ဖြစ်လာဖွယ်ရှိပါသည်။ နည်းလမ်းသစ်အပေါ်သုတေသန ပြုလုပ်ခြင်းအမေရိကန်အရိုးရောဂါအဖွဲ့မှထုတ်ဝေသောဂျာနယ်တွင် ရိုလာကိုစတာစီးခြင်းကဆီးကျောက်ရောဂါအတွက်အံ့သြဖွယ်ကုထုံးတစ်ခုဖြစ်လာနိုင်သည့် လေ့လာချက်ကိုဖော်ပြထားသည်။ ထိုလေ့လာချက်ကဖြစ်ရပ်မှန်အချို့ကိုအခြေခံထားပါသည်။ ဆီးကျောက်ရောဂါခံစားရသူအမျိုးသားတစ်ဦးကရိုလာကိုစတာစီးပြီးသောအခါ သူ၏ဆီးကျောက်များ ကျသွားကြောင်းအခိုင်အမာဆိုခဲ့သည်။ ထိုဇာတ်လမ်းသည် ဆေးပညာရှင်များကိုလေ့လာမှုပြုလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ လေ့လာမှုဖြစ်စဉ် သုတေသီများသည် လူနာ၏ကျောက်ကပ်နှင့်တူသောသုံးဖက်မြင်ပုံစံတစ်ခပြုလုပ်ခဲ့ကြသည်။ ထိုကျောက်ကပ်ထဲတွင် ဆီးများဖြည့်ပြီးသောအခါ ဆီးကျောက်အစစ်များကိုဆီးလမ်းကြောင်း၏ အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ထည့်သွင်းခဲ့ကြသည်။ လေ့လာချက်ကိုBig Thunder Mountain ဟုခေါ်သောနေရာတွင် ပြုလုပ်ခဲ့ပြီးသုတေသီများကရိုလာကိုစတာအပတ်ရေ ၂၀ ခန့်ဆက်တိုက်စီးနင်း စေခဲ့သည်။ တွေ့ရှိချက်များ ရိုလာကိုစတာစီးမှုပြီးဆုံးလျှင်လေ့လာမှုပြုသောအခါအံ့အားသင့်စရာပင် ဆီးလမ်းကြေင်းအပေါ်ပိုင်းရှိ ကျောက်များသည် အောက်သို့ကျလာသည်ကိုတွေ့ရသည်။ သို့သော် ဆီးလမ်းကြောင်း၏ အလယ်ပိုင်းနှင့် အောက်ပိုင်းရှိကျောက်များမှာမူထူးခြားမှု […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

Kidney Stones (ဆီးကျောက်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Stones (ဆီးကျောက်တည်ခြင်း) ကဘာလဲ ဆီးကျောက်ဆိုသည်မှာ ဆီးအတွင်း၌ပါသော ပစ္စည်းများမှ ကျောက်ကပ်အတွင်း မာခဲခဲအနည်များကျခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဒီဖြစ်စဉ်အား ဆီးကျောက်တည်ခြင်းဖြစ်စဉ် ဟုခေါ်သည်။ ဆီးကျောက်များသည် သေးသေးလေးမှ လက်မလောက်ထိ ကြီးတတ်ပါ၏။ ကျောက်ကပ်မှ ဆီးအိမ်ဆီသို့ ဆီးသယ်ပေးသောပြွန် (ဆီးပြွန်) များတွင် ပြည့်နေသည့် ဆီးကျောက်အကြီးကြီးများကိုStaghorn (စတက်ဟွန်း)ကျောက်ဟုခေါ်သည်။ Kidney Stones (ဆီးကျောက်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးကျောက်တည်ခြင်းသည် တွေ့ရများ၏။ ၎င်းသည် အသက် ၄၀ ကျော်သော လူနာများတွင် တွေ့ရများသည်။ ၎င်းဖြစ်ပွားနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများအား လျှော့ချခြင်းဖြင့် စီမံနိုင်သည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများKidney Stones (ဆီးကျောက်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးကျောက်တည်သူလူနာတွေမှာ တစ်ဝက်လောက်သာ လက္ခဏာများ ပြတတ်သည်ဖြစ်သည်။ လက္ခဏာ မပေါ်လျှင်တောင်မှ ဆီးကျောက်များသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိတ်ခြင်းများကဲ့သို့ ပြဿနာများ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း