အမျိုးသားများ ဆီးကျိတ် ကျန်းမာရေး ကောင်းစေဖို့
အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ် နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေများလာလေ့ရှိပါတယ်။ ဆီးကျိတ်ရောင်တာက စလို့ ဆီးကျိတ်ကင်ဆာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ရောဂါလက္ခဏာတွေကို သိရှိဖို့နဲ့ ဆီးကျိတ် ကျန်းမာရေး ကောင်းစေဖို့ နေထိုင်စားသောက်နည်းတွေကို သိထားသင့်ပါတယ်။ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါများ ဆီးကျိတ်ရောင်ရမ်းခြင်း ဆီးကျိတ်ရောင်ရမ်းတာက ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် ငယ်ရွယ်တဲ့အမျိုးသားတွေ (၃၀-၅၀ကြား)တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းမှာ -ဘက်တီးရီးယားကြောင့် ရောင်ရမ်းခြင်းနဲ့ -ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ တခြားအကြောင်းအရင်းကြောင့် ရောင်ရမ်းခြင်း ဆိုပြီး ၂မျိုးရှိပါတယ်။ လက္ခဏာအနေနဲ့ -ခဏခဏ ဆီးသွားချင်တာ -ဆီးကျန်တာ -ချမ်းတုန်ဖျားတာ -ဆီးပူဆီးကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ ဆီးကျိတ်ကြီးခြင်း ကင်ဆာမဟုတ်တဲ့ ရိုးရိုးဆီးကျိတ်ကြီးခြင်းက အသက်ကြီးလေ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၅၀ဝန်းကျင်ဆို အမျိုးသား၂ယောက်မှာ ၁ယောက် ဖြစ်နိုင်ခြေရှိပါတယ်။ အသက် ၆၀ကျော်လာရင်တော့ ဖြစ်နိုင်ခြေက ၇၅% ထိတက်လာပါတယ်။ လက္ခဏာအနေနဲ့ -ဆီးသွားရခက်တာ -ဆီးညှစ်ပေါက်ရတာ -ဆီးလုံးသေးတာ -ဆီးမထိန်းနိုင်တာ -ခဏခဏ ဆီးသွားချင်တာ -ဆီးကျန်ပြီး တစ်စက်စက်နဲ့ ကျနေတာတွေ ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ အမျိုးသားတွေ အဖြစ်အများဆုံးကင်ဆာတွေထဲမှာ ဒုတိယနေရာမှာ […]