အခြားဆီးလမ်းကြောင်းပြဿနာများ

အခြားဆီးလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားဆီးလမ်းကြောင်းပြဿနာများ

နေ့စဉ် စားသုံးတဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ

နေ့စဉ် စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးအပေါ် သက်ရောက်နေပါတယ်။ နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို အထောက်အကူပြုတာမျိုး ရှိသလို ကျန်းမာရေးကို အထောက်အကူမဖြစ်တာမျိုးလည်း ရှိပါတယ်။ အချို့သော အစားအစာတွေဆိုရင် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်တိုင် သဘောတကျ စားသုံးမိနေတဲ့ အစားအသောက်တွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးအပေါ်  ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ နေ့စဉ် စားသုံးမှုက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာကို မပြောခင် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ။ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းစနစ်မှာ ဘာတွေ ပါဝင်ဖွဲ့စည်း ထားသလဲ ဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ကျောက်ကပ် နဲ့ […]

အခြားဆီးလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ

ဆီးသွားရင် နာကျင်ရတာ၊ ဆီးသွားရခက်နေတာမျိုး တစ်ခါတစ်ခါ ခံစားရတတ်ပါတယ်။ ဆီးပုံမှန်မသွားတာ၊ ဆီးသွားတိုင်း နာကျင်တာ၊ ဆီးအရောင် မကောင်းတာ စသည်ဖြင့် ဆီးနဲ့ပတ်သက်တဲ့ ပြဿနာတွေက အဖြစ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ ဆီးသွားတိုင်း နာကျင်ရတာ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။ ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆီးသွားတဲ့အခါ နာကျင်တယ်ဆိုတာ ဆီးပြွန်မှာ ရောဂါပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးသွားလိုက်တဲ့အခါ ပူတဲ့ခံစားချက်ဖြစ်တာ၊ ဆီးက အနံ့တစ်မျိုးဖြစ်နေတာတွေလည်း ရှိနိုင်ပါတယ်။ ဆီးအရောင်က နီကျင်ကျင်၊ အရောင်ရင့်တာတွေအပြင် ဆီးအရောင်နောက်နေတာတွေဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင်တော့ ပဋိဇီဝဆေးတွေကို လိုအပ်သလို ဆရာဝန်ညွှန်ပါလိမ့်မယ်။ ကျောက်ကပ်ရောဂါ ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ကျောက်ကပ်အထိ ရောဂါဝင်လာနိုင်ပြီး ပိုပြင်းထန်လာနိုင်ပါတယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အဖျားတက်လာမယ်၊ မအီမသာဖြစ်လာမယ်၊ ပျို့အန်မယ်၊ ဆီးအရောင်နောက်မယ်၊ ရင့်မယ်၊ သွေးပါလာမယ်၊ အနံ့ဆိုးမယ်။ ဒါမျိုးတွေက ဆရာဝန်ညွှန်တဲ့ ပိုးသတ်ဆေးနဲ့မှ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ကဘာလဲ။ ဆီးထဲတွင် alkaptonပါခြင်းဆိုတာ ရှားပါးတဲ့ မျိုးရိုးဗီဇ ရောဂါတခုဖြစ်ပြီး ကိုယ်ခန္ဓါကနေ homogentistic dioxygenase (HGD) အင်ဇိုင်းကို အလုံအလောက် မထုတ်နိုင်ရင် ဖြစ်တတ်ပါတယ်။ ဒီအင်ဇိုင်းဟာ အဆိပ်အတောက်ဖြစ်တဲ့ homogentistic acid ကို ချေဖျက်ပေးပါတယ်။ အင်ဇိုင်းကို လုံလောက်စွာ မထုတ်လုပ်နိုင်ရင် homogentistic acidတွေ ကိုယ်ခန္ဓါမှာ စုဝေးလာပါတယ်။ အဲဒီအက်ဆစ်ဟာ အရိုးတွေနဲ့ အရိုးနုတွေကို အရောင်ပြောင်းလာပြီး ပျက်စီးလွယ်လာစေပါတယ်။ ဒါကြောင့် အရိုးအဆစ်ရောင်ခြင်း (အထူးသဖြင့် ကျောရိုးမနဲ့ အဓိက အဆစ်တွေ) တွေ့ရတတ်ပါတယ်။ ဆီးထဲတွင် alkaptonပါခြင်း ဖြစ်ပွားသူတွေရဲ့ ဆီးအရောင်ဟာ အညိုရောင်၇င့်ရင့် ဒါမှမဟုတ် အမည်းရောင် ပြောင်းနေတတ်ပါတယ်။ Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရှားပါးတဲ့ပြသနာဖြစ်ပါတယ်။ အရေအတွက် အတိအကျတော့ မသိရပါဘူး။ လူ၂သိန်းခွဲမှာ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကဘာလဲ။ ဆီးထုတ်ပြွန်မှာဘတ်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်တယ်။ ဘတ်တီးရီးယားတွေများလာတဲ့အခါ ဒါမှမဟုတ် ကိုယ်ခံအားနည်းတဲ့အခါဖြစ်တတ်ပါတယ်။ အမျိုးအစားနှစ်မျိုးဖြစ်နိုင်ပြီး gonococci လို့ခေါ်သော ဘတ်တီးရီးယားကြောင့်ဖြစ်သောရောင်ရမ်းခြင်းနဲ့ ထိုဘတ်တီးရီးယားကြောင့်မဟုတ်ဘဲ တခြားပိုးများကြောင့်ဖြစ်သောရောင်ရမ်းခြင်းတို့ဖြစ်တယ်။ Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ အဖြစ်များတဲ့ဒေသတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကာမအာရုံတက်ကြွသော သူတွေမှာအဖြစ်များပြီး အသက် ၂၀ မှ ၂၄ နှစ်ကြားမှာ အဖြစ်အများဆုံးဖြစ်တယ်။ အမျိုးသားရော၊ အများသမီးများမှာပါဖြစ်တတ်ပီး အမျိုးသမီးတွေမှာ ဆီးထုတ်ပြွှန်ပိုတိုတာကြောင့် ပိုဖြစ်နိုင်ချေရှိပါတယ်။ ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်တွေကို လျှော့ချခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ လက္ခဏာများUrethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုံမှန်အားဖြင့် ဆီးသွားချိန်မှာနာကျင်တတ်ပြီး ဆီးသွားလိုစိတ်တိုးတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့- အမျိုးသားရောအမျိုးသမီးမှာပါ ဆီးထုတ်ပြွန်မှ ပြည်ထွက်ခြင်း ဆီးလမ်းကြောင်းအဝတွင် ယားယံခြင်း၊ ပူစပ်ခြင်း သုတ်ရည်၊ ဆီးတို့တွင်သွေးများပါခြင်း အထူးသဖြင့်အမျိုးသမီးတွေမှာ သတိထားမိနိုင်လောက်သော လက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း တကယ်လို့ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးမျိုး ကူးစက်ထားပါက စစ်ဆေးကြည့်ဖို့လိုပါတယ်။   ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ကဘာလဲ။ ဆီးသွားရာတွင်နာကျင်ခြင်း(ဆီးမသွားနိုင်ခြင်း) သည် ဆီးသွားရာတွင်နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း သို့ ပူလောင်မှုကိုခံစားရခြင်းတို့ဖြစ်ပါတယ်။ နာကျင်မှုဟာ ဆီးအိတ်၊ဆီးပို့ပြွန် သို့ စအိုနှင့် အင်္ဂါများ၏ကြားနေရာမှစတင်ဖြစ်ပေါ်ပါတယ် ။ ဆီးပို့ပြွန်ဆိုတာကတော့ ဆီးကိုခန္ဓါကိုယ်အပြင်သို့စွန့်ထုတ်ပေးသောပြွန်တစ်ခုဖြစ်ပါတယ် ။ ယောက်ျားလေးများတွင်တော့စအိုနှင့်ကပ်ပယ်အိတ်ကြားနေရာကို perineum ဟုခေါ်ပြီး မိန်းကလေးများတွင်တော့စအိုနှင့် အမျိုးသမီးအင်္ဂါကြားနေရာကို perineum ဟုခေါ်ပါတယ်။ Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးသွားရာတွင်နာကျင်ခြင်းဟာအရမ်းအဖြစ်များပါတယ် ။ မိန်းကလေးများသည်ယောက်ျားလေးများထက်ပိုအဖြစ်များပြီး ယောကျာ်းလေးထဲတွင်တော့အသက်ကြီးပိုင်းများသည် အသက်ငယ်ပိုင်းများထက်ပိုအဖြစ်များကြပါတယ် ။ သို့သော်လည်း အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ နာကျင်မှုကိုသက်သာအောင်စီမံနိုင်ပါတယ်။ အသေးစိတ်အကြောင်းအရာများအတွက်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ လက္ခဏာများPainful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးမသွားခြင်းကိုဖြစ်စေတဲ့အကြောင်းအရာပေါ်မူတည်၍ နာကျင်မှုအပြင်အခြားလက္ခဏာများလည်းရှိနိုင်ပါသေးတယ် ။ လက္ခဏာတွေကတော့… – ဆီးလမ်းကြောင်းအောက်ပိုင်းကူးစက်ခံရခြင်းတွင် ဆီးခဏခဏသွားခြင်း ၊ ဆီးအရမ်းသွားချင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း ၊ ဝမ်းဗိုက်အောက်ပိုင်းနားတွင်နာကျင်ခြင်း၊ ဆီးဟာနောက်ကျိနေပြီး အနံ့ပြင်း၍ သွေးများပါလာခြင်း တို့ပဲဖြစ်ပါတယ်။ – ဆီးလမ်းကြောင်းအပေါ်ပိုင်းကူးစက်ခံရခြင်းများတွင် […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Nocturia (ညဘက် ဆီးသွားလွန်ရောဂါ)

Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဆိုတာဘာလဲ။ Nocturia ကို nocturnal polyuria လို့ ခေါ်ပြီး ညအချိန်ဆီးအလွန်အမင်းသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အိပ်ချိန်မှာ သင့်ကိုယ်ခန္ဓါဟာ ပိုပြီး ပျစ်တဲ့ ဆီးကို အနည်းငယ်သာ ထုတ်လုပ်ပါတယ်။ လူအများစုဟာ ဒါကြောင့် ဆီးသွားဖို့အတွက် ညတစ်ရေးနိုးခြင်း မရှိပဲ ခြောက်နာရီမှ ရှစ်နာရီအထိ အနှောင့်အယှက်မရှိပဲ အိပ်နိုင်ကြပါတယ်။ ညအချိန်မှာ ဆီးသွားဖို့ အကြိမ်ကြိမ်အခါခါ နိုးနေပြီဆိုရင် သင်ဟာ ညအချိန်ဆီးအသွားလွန်ခြင်းကို ခံစားနေရပြီ ဖြစ်ပါတယ်။ အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်ရုံသာမက Nocturia ဟာ ကျန်းမာရေး အခြေအနေတစ်ခုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။     Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Nocturia ဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။     Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးတွင်သွေးပါခြင်း အကြောင်းရင်းများ

ဆီးတွင်သွေးပါခြင်း ကို သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိသားစုအသိမိတ်ဆွေတွေဆီမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုတော့ အဲဒီရောဂါရဲ့ အကြောင်းအရင်းကဘာလဲ၊ ဘယ်လိုကုသရမယ်ဆိုတာကို သိသင့်ဖိုလိုပါပြီ။ ယခုဖော်ပြမဲ့ဆောင်းပါးကတော့ အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ ပြောပြပါလိမ့်မယ်။ ဆီးတွင်သွေးပါခြင်း ဖြစ်စေသောအရာများ ဆီးတွင်သွေးပါခြင်း ကတော့ ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်းတစ်နေရာရာက သွေးတွေပါနေအောင် လုပ်ပေးနေလို့ဖြစ်ပါတယ်။ ဆီးထဲမှာသွေးပါစေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ အဲဒါတွေကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆီးပြွန်ကနေတစ်ဆင့် ရောဂါပိုးတွေဟာ ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် ဆီးအိတ်ထဲမှာ ပွားများဖို့ အခွင့်သာလာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်တာပါပဲ။ ရောဂါလက္ခဏာတွေကတော့ ဆီးခဏခဏသွားချင်နေခြင်၊ ဆီးသွားနေချိန် နာကျင်ခြင်းနဲ့ ဆီးနံ့ပြင်းနေခြင်းတွေပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ပိုးဝင်ခြင်းများ ကျောက်ကပ်ပိုးဝင်ခြင်း (Pyelonephritis) ဟာ ရောဂါပိုးတွေက ဆီးလမ်းကြောင်းကနေ ကျောက်ကပ်ကို ရောက်သွားတဲ့အခါ ဒါမှမဟုတ် ရောဂါပိုးတွေက သွေးထဲကနေ ကျောက်ကပ်ကို ရောက်သွားတဲ့ အခါတွေမှာ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားလျှင်နာကျင်ရသည့်အကြောင်းအရင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးသွားလျှင်နာကျင်ခြင်း (သို့မဟုတ်) ဆီးအောင့်ခြင်း ၊ ဆီးကျင်ခြင်းသည် အဖြစ်များသော ရောဂါဖြစ်ပြီး လူနာများသည် ဆီးသွားသောအခါ မသက်မသာဖြစ်၍ နာကျင်ခြင်းကို ခံစားရသည်။ ခံစားရလေ့ရှိသူများဆီးသွားလျှင်နာကျင်ခြင်းကိုမည်သူတို့ကခံစားရလေ့ရှိသနည်း အမျိုးသားများနှင့်ယှဉ်လျှင် အမျိုးသမီးများက ပို၍ဖြစ်နိုင်ချေရှိသည်။ အမျိုးသားများ အနေဖြင့်လည်း အသက်ကြီးသူများက အသက်ငယ်သူများ ထက်ပို၍ အဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များ ၊ ဆီးချိုဝေဒနာရှင်များနှင့် ဆီးအိမ်ရောဂါရှိသူများသည် ဆီးသွားလျှင် နာကျင်ခြင်းကို အခံစားရဆုံးသူများဖြစ်ကြသည်။ လက္ခဏာများဆီးသွားလျှင်နာကျင်ခြင်း၏လက္ခဏာများ ရောဂါဖြစ်သူ အမျိုးသားရော အမျိုးသမီးများပါ ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း ၊ နာကျင်ခြင်း ၊ ယားယံခြင်းတို့ကို ခံစားရလေ့ရှိသည်။ အချို့သူများတွင် ဆီးစွန့်ရာထွက်ပေါက်မှ နာကျင်မှုမျိုးလည်း ရှိတတ်သည်။ အချို့တွင်မူ ခန္ဓါကိုယ် အတွင်းပိုင်းနှင့် ဆီးအိမ် ၊ ဆီးကျိတ်တို့ တည်ရှိရာ နေရာတွင် နာကျင်တတ်သည်။ ရောဂါဖြစ်ပွားစဉ် ကာလတွင် လူနာသည် ဆီးခဏခဏ သွားလိုခြင်းကိုပါ ခံစားရသည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသောအကြောင်းရင်းများဆီးသွားလျှင်နာကျင်ရခြင်း၏အကြောင်းအရင်းများ ဆီးကျင်ခြင်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားနည်းခြင်းသည် ကျန်းမာရေးအတွက်မကောင်းပါ

လက္ခဏာများသင်သည် တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်မျှသာ ဆီးသွားလျှင် သင့်အနေဖြင့် ရေဓါတ်နည်းပါးနေပြီဟု ဆိုနိုင်သည်။ ဆီးဝါခြင်း (သို့မဟုတ်) ဆီးအရောင်ရင့်ခြင်းက သင်သည် လုံလောက်သော ရေပမာဏ မသောက်သုံးဖြစ်သည်ကို ပြနေသည်။ ဆီးကိုအောင့်ထားခြင်းသည် ကောင်းပါသလားအပေါ့စွန့်ခြင်း (သို့မဟုတ်) ဆီးသွားခြင်းကို အောင့်ထားခြင်း သည် အလေးသွားခြင်း (သို့မဟုတ်) ဝမ်းသွားခြင်းကို အောင့်ထားခြင်း ကဲ့သို့ပင် မကောင်းပါ။ အချို့သူများသည် ဝမ်းကိုထိန်းထားခြင်း၌ အခက်အခဲ ရှိတတ်သည်။ ဝမ်းသွားချင်လာလျှင် အခက်တွေ့တတ်ပြီး စအိုရှုံ့ကြွက်သားများကို ပင်ပန်းစေသည်။ ဆီးသွားခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဆီးကို အချိန်ကြာကြာအောင့်ထားသောအခါ ကြွက်သားများက သွားချက်ရက် မသွားနိုင်သည်မျိုး ဖြစ်လေ့ရှိသည်။ ထိုကဲ့သို့ဖြစ်ခြင်းသည် ကျန်းမာရေးအတွက် မကောင်းပါ။ တစ်နေ့လျှင် အချိန်မည်မျှကြာသောအခါ တစ်ခါဆီးသွားရမည်နည်းရေများများ သောက်သောအခါ တစ်နာရီခြား တစ်ခါ၊ နှစ်နာရီကြားတစ်ခါ ဆီးသွားမည်ဖြစ်သည်။ ခန္ဓါကိုယ်က […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးပြွန်ကျဉ်းမြောင်းခြင်း

ဆီးပြွန်အတွင်းထဲမှာ ကျဉ်းမြောင်းမှုဖြစ်လာရင် ဆီးတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ဖို့ ခက်ခဲလာတတ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆီးပြွန်ကျဉ်းခြင်းဟာ ကုသလို့ရနိုင်ပါတယ်။ ကျဉ်းမြောင်းနေတဲ့ အစိတ်အပိုင်းလေးကို ချဲ့လိုက်ရုံပါပဲ။ အမျိုးသားတွေရဲ့ ဆီးပြွန်က ရှည်လျားတာမို့ ဆီးပြွန်ကျဉ်းခြင်း ပိုအဖြစ်များပြီး အမျိုးသမီးတွေမှာတော့ အင်မတန်မှကို တွေ့ရနည်းပါတယ်။   ဆီးပြွန်ကျဉ်းခြင်း ဘာကြောင့် ဖြစ်တာလဲ ဆီးပြွန်တစ်ဝိုက်မှာ ဒဏ်ရာကြောင့် အမာရွတ်ဖြစ်ကျန်နေခဲ့တာကနေ ဖြစ်တာပါ။ အနည်းအပါးကနေ ပြင်းထန်တဲ့အခြေအနေမျိုးထိ ရှိနိုင်ပါတယ်။ တစ်စင်တီမီတာလောက် အမာရွတ်ဖြစ်နေတာမျိုးကနေ ဆီးပြွန်တစ်လျှောက်လုံး ဖြစ်နေတာမျိုးအထိ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေမျိုးရှိတဲ့လူတွေမှာတော့ ပိုပြီးဖြစ်နိုင်ချေများပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ရောဂါပိုးဝင်ဖူးသူ ဆီးပြွန်ထဲကို ကုသမှုဆိုင်ရာ ပစ္စည်းတခုခုထည့်ရင်း ထိခိုက်မိဖူးသူ ဆီးပိုက်ကို အချိန်ကြာမြင့်စွာ သုံးနေရသူ ဆီးပြွန်နဲ့ တင်ပါးဆုံကို တိုက်ရိုက်ထိခိုက်မှု ဖြစ်ဖူးသူ ဆီးကြိတ်ကြီးနေသူ နဲ့ ဆီးကြိတ်ကိုဖယ်ရှားဖို့ ခွဲစိတ်မှုပြုလုပ်ဖူးသူ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Hypospadias (မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypospadias (မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း ) ကဘာလဲ။ မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ဆိုသည်မှာ ယောင်္ကျားလေးတစ်ယောက်၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ အောက်ဖက်တွင် မှားရောက်နေသော မွေးရာပါ အခြေအနေ တစ်ခုဖြစ်သည်။ ဆီးစွန့်ပြန်သည် ဆီးများကို ဆီးအိတ်မှ သယ်ယူကာ လိင်တံမှတစ်ဆင့် ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်သော ပြွန် ဖြစ်ပါသည်။ မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း သည် ဆီးလမ်းကြောင်းပွင့်သော နေရာပေါ်မူတည်၍ မပြင်းထန် နိုင်ရာမှ ပြင်းထန်နိုင်သည် အထိ ဖြစ်နိုင်ပါသည်။ Hypospadias (မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း သည် ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။ မွေးကင်းစ ယောင်္ကျားလေး ၁၀၀၀ မှ ၄ ယောက်တွင် ဖြစ်ပွားပါသည်။ ပိုမိုသော အချက်အလက် များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHypospadias (မွေးရာပါ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်