backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကဘာလဲ။

ဆီးထုတ်ပြွန်မှာဘတ်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်တယ်။ ဘတ်တီးရီးယားတွေများလာတဲ့အခါ ဒါမှမဟုတ် ကိုယ်ခံအားနည်းတဲ့အခါဖြစ်တတ်ပါတယ်။

အမျိုးအစားနှစ်မျိုးဖြစ်နိုင်ပြီး gonococci လို့ခေါ်သော ဘတ်တီးရီးယားကြောင့်ဖြစ်သောရောင်ရမ်းခြင်းနဲ့ ထိုဘတ်တီးရီးယားကြောင့်မဟုတ်ဘဲ တခြားပိုးများကြောင့်ဖြစ်သောရောင်ရမ်းခြင်းတို့ဖြစ်တယ်။

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီး လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ အဖြစ်များတဲ့ဒေသတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကာမအာရုံတက်ကြွသော သူတွေမှာအဖြစ်များပြီး အသက် ၂၀ မှ ၂၄ နှစ်ကြားမှာ အဖြစ်အများဆုံးဖြစ်တယ်။ အမျိုးသားရော၊ အများသမီးများမှာပါဖြစ်တတ်ပီး အမျိုးသမီးတွေမှာ ဆီးထုတ်ပြွှန်ပိုတိုတာကြောင့် ပိုဖြစ်နိုင်ချေရှိပါတယ်။

ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်တွေကို လျှော့ချခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပုံမှန်အားဖြင့် ဆီးသွားချိန်မှာနာကျင်တတ်ပြီး ဆီးသွားလိုစိတ်တိုးတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့-

အမျိုးသားရောအမျိုးသမီးမှာပါ ဆီးထုတ်ပြွန်မှ ပြည်ထွက်ခြင်း

ဆီးလမ်းကြောင်းအဝတွင် ယားယံခြင်း၊ ပူစပ်ခြင်း

သုတ်ရည်၊ ဆီးတို့တွင်သွေးများပါခြင်း

အထူးသဖြင့်အမျိုးသမီးတွေမှာ သတိထားမိနိုင်လောက်သော လက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း တကယ်လို့ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးမျိုး ကူးစက်ထားပါက စစ်ဆေးကြည့်ဖို့လိုပါတယ်။

ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ဖော်ပြထားသောလက္ခဏာများရှိပါက သို့မဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

လူတိုင်းခန္ဓါကိုယ်ကမတူညီနိုင်တာကြောင့် သင့်အတွက်ဆရာဝန်နဲ့တိုင်ပင်တာ အောက်ပါနောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အမျိုးသားများ-

ဆီးအိတ်ရောင်ခြင်း၊ ဆီးကျောက်ရောင်ခြင်း၊ သုတ်လှောင်အိတ်ရောင်ခြင်း၊ သုတ်ထုတ်အင်္ဂါရောင်ခြင်း၊ ဆီးထုတ်ပြွန်ဘေးပြည်တည်နာပေါက်ခြင်း၊ မျိုးမပွားနိုင်ခြင်းနှင့် အရိုးအဆစ်ရောင်ခြင်း။

ရောဂါပိုးပျံ့သွားပါက ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း၊ ပျို့ခြင်း စသည့်လက္ခဏာများလည်းဖြစ်တတ်ပါတယ်။

အမျိုးသမီးများတွင်-

တင်ပါးဆုံရိုးတွင်းအင်္ဂါများရောင်ရမ်းခြင်း၊ မျိုးမပွားနိုင်ခြင်း၊ သားဥပြွှန်တွင်အမာရွတ်ဖြစ်ခြင်းကြောင့် နေရာမှားသန္ဓြေတွယ်ခြင်း၊ စအိုလမ်းကြောင်းရောင်ခြင်း ( နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ပြည်ထွက်ခြင်း)၊ ဆီးအိတ်ရောင်ခြင်း။

အကြောင်းရင်းများ

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဆီးထုတ်ပြွှန်ရောင်ရမ်းစေသော ပိုးမွှားအမျိုးမျိုးရှိပြီး အမျိုးအစားပေါ်မူတည်ပါတယ်-

neisseria gonorrhoereae ဟုခေါ်သော Gonococci ကြောင့်ဖြစ်သည့် ဆီးထုတ်ပြွန်ရောင်ခြင်း

Gonococci မဟုတ်သည့် ပိုးများကြောင့်ရောင်ရမ်းခြင်း-

  • Chlamydia trachomatis;
  • Ureaplasma urealyticum;
  • Mycoplasma species (Mycoplasma hominis, M.genitalium);
  • Trichomonas vaginalis;
  • Adeno virus.
  • မှိုများ
  • ရေယုန်ဗိုင်းရပ်စ်များ

စသည့်ပိုးများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဆီးထုတ်ပြွန်ရောင်ရမ်းခြင်းဟာ လိင်လမ်းကြောင်းတဆင့်ကူးစက်သော ရောဂါများ၏နောက်ဆက်တွဲဖြစ်နိုင်တာကြောင့် ထိုအခြေအနေဖြစ်စေသောအကြောင်းအရင်းများ များပြားစွာရှိပါတယ်-

  • ကာမဆက်ဆံသည့်ပါတနာများခြင်း – လိင်လမ်းကြောင်းမှတဆင့်ကူးစက်သောရောဂါများ ဖြစ်နိုင်ချေများနိုင်ပြီး တစ်ဦးတည်းနှင့်အချိန်ကြာဆက်ဆံခြင်းဟာ ထိုရောဂါများဖြစ်နိုင်ချေနည်းပါတယ်။
  • ရောဂါရှိသူနှင့်ကာယမဆက်ဆံခြင်း
  • လိင်တူဆက်ဆံခြင်းဟာ ရောဂါကူးနိုင်ချေအမြင့်ဆုံးဖြစ်တယ်။

HIV ၊ ကာလသားရောဂါ စသည့် တခြားသော လိင်လမ်းကြောင်းမှတဆင့်ကူးတတ်သည့် ရောဂါများနှင့် ယှဉ်တွဲပြီးလည်းဖြစ်ပေါ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။

ဘယ်လိုသိရှိနိုင်မလဲ

များသောအားဖြင့်တော့ စမ်းသပ်မှုတွေ၊ ဆီးလမ်းကြောင်းမှထွက်လာသောအရည်၊ ပြည်များကိုစစ်ဆေးခြင်းဖြင့်ဖြစ်စေ ရောဂါသတ်မှတ်လေ့ရှိပါတယ်။

  • ရောဂါ၏ထင်ရှားသော လက္ခဏာများကိုစစ်ဆေးခြင်း
  • အတွင်းခံမှအရည်ကိုစစ်ဆေးခြင်း
  • ဆီးထုတ်ပြွန်ဝကိုစစ်ဆေးခြင်း၊ အရည်၊ ပြည်၊ သွေးများ ၊ ပြွန်ဝကျဉ်းနေခြင်းများကိုစစ်ဆေးခြင်း
  • ဘတ်တီးရီးယားစစ်ဆေးခြင်း
  • စသည့် တခြားလိင်လမ်းကြောင်းမှတဆင့် ကူးတတ်သော ရောဂါများအတွက် အရေပြားတွင် အနာများစစ်ဆေးခြင်း
  • သုတ်ထုတ်အင်္ဂါရောင်ရမ်းမှုရှိမရှိစစ်ဆေးခြင်း
  • သုတ်ပို့ပြွန်၊ သုတ်လှောင်အိတ်ရောင်ရမ်းမှုရှိမရှိ စစ်ဆေးခြင်း

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုမှာတော့ ဘတ်တီးရီးယားပိုးသတ်ဆေးနဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့သုံးလေ့ရှိတယ်။ သုံးလေ့ရှိသောဆေးတွေကတော့-

  • Azithromycin ၊ ပဋိဇီဝပိုးသတ်ဆေးတစ်မျိုး၊ ပုံမှန်အားဖြင့် တစ်ကြိမ်သာသောက်ရသောဆေးတစ်မျိုး။
  • Doxycycline ၊ ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးတစ်မျိုး၊ တစ်ရက် ၂ ကြိမ်နှုန်းနဲ့ တစ်ပတ်ခန့်သောက်ရလေ့ရှိသည်။
  • Erythromycin ၊ ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးတစ်မျိုး၊ တစ်ရက် ၄ ကြိမ်နှုန်းနဲ့ တစ်ပတ်ခန့်သောက်ရလေ့ရှိသည်။
  • Ofloxacin ၊ ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးတစ်မျိုး၊ တစ်ရက် ၂ ကြိမ်နှုန်းနဲ့ တစ်ပတ်ခန့်သောက်ရလေ့ရှိသည်။
  • Levofloxacin ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးတစ်မျိုး၊ တစ်ရက် ၁ ကြိမ်နှုန်းနဲ့ တစ်ပတ်ခန့်သောက်ရလေ့ရှိသည်။

ကုသမှုအပြီး ရက်အနည်းငယ်အတွင်း လကဏာများသက်သာသွားလျှင်လည်း ဆေးကိုအညွှန်းအတိုင်း ပြီးဆုံးအောင်သောက်ရပါမယ်။ မပြီးဆုံးပါက ရောဂါပြန်ဖြစ်ပြီး၊ ပိုဆိုးလာနိုင်ပါတယ်။

ဆီးပြွန်ရောင်ခြင်းအတွက်ဆေးများနှင့် ဓါတ်ပြုနိုင်သော တခြားဆေးတွေကတော့-

  • သွေးကျဲဆေး
  • နှလုံးဆေး
  • အတက်ကျဆေး တို့ဖြစ်တယ်။
  • လိင်လမ်းကြောင်းမှတဆင့်ကူးတတ်သောရောဂါများကြောင့် ဆီးပြွန်ရောင်ခြင်းဖြစ်ရတယ်ဆိုရင်တော့ ကာယဆက်ဆံသူပါတနာပါ ဆေးစစ်ဖို့လိုပါလိမ့်မယ်။ ဒါဟာ ကူးစက်ခြင်းနဲ့ ရောဂါပြန်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

    မှန်ကန်သောရောဂါရှာဖွေတွေ့ရှိမှု၊ ကုသမှုတွေနဲ့ ဆီးပြွန်ရောင်ခြင်းဟာ တခြားနောက်ဆက်တွဲပြဿနာတွေမရှိဘဲ ကောင်းသွားနိုင်ပါတယ်။ ကာကွယ်နည်းတွေကတော့-

    • ကာမဆက်ဆံသူများပြားခြင်းရှောင်ပါ
    • ပုံမှန်စစ်ဆေးမှုများပြုလုပ်ပါ
    • မိမိမှာရောဂါတွေ့ရှိပါက တခြားလူများကိုမကူးအောင် သတိထားပါ။
    • ရောဂါပိုးကူးထားနိုင်ချေရှိပါက ကာမဆက်ဆံသူပါ ကုသမှုခံယူသင့်ပါတယ်။

    သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement