ဆီးကျောက်တည်ခြင်း (သို့) ကျောက်ကပ်ကျောက်တည်ခြင်းဆိုတာ ကျောက်ကပ်အတွင်းမှာ သတ္တုဓာတ်များ အနည်အနှစ်ကျလာခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ကျောက်တည်သွားတဲ့အခါ မခံနိုင်လောက်အောင် နာကျင်မှု ခံစားရတတ်ပါတယ်။ တကယ်လို့ ဆီးကျောက်တခါတည်ဖူးခဲ့ရင် နောင်ဆယ်နှစ်အတွင်း ထပ်ဖြစ်နိုင်ဖို့ ၅၀ရာခိုင်နှုန်း အခွင့်အလမ်းရှိနေပါတယ်။