မူးဝေတာ၊ အိပ်ချင်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ ယားယံတာ၊ အရေပြားတွေ နီမြန်းတာမျိုးတွေဖြစ်နိုင်ပါတယ်။ အလွန်အမင်းပြင်းထန်လွန်းရင် အပြင်းအထန် ဝမ်းချုပ်တာ၊ အော်ဂလီဆန်တာ၊ မူးဝေအော့အန်တာ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။
နောက်ပြီးသိထားသင့်တာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောဝေဒနာတွေနဲ့ အစာမှားတာကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝေဒနာတွေကို Antibiotics တွေက သက်သာအောင် မလုပ်ပေးနိုင်ဘူးဆိုတာပါပဲ။ ဘက်တီးရီးယားတွေ၊ ပါရာဆိုက်တွေကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝေဒနာကိုသာ Antibiotics(ပဋိဇီဝဆေး) တွေနဲ့ ကုသနိုင်တာပါ။
ဒါကြောင့် ကိုယ့်ရဲ့ဝေဒနာက ဘာကြောင့်ဆိုတာကို သေချာသိအောင် အရင်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဝမ်းပျက်နေချိန်မှာ Antibiotics(ပဋိဇီဝဆေး) တွေကို ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်သုံးရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။