Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)
အဓိပ္ပါယ်ဖွင့်ဆိုချက် သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ။ တခြားကင်ဆာတွေနည်းတူ သားအိမ်ခေါင်းကင်ဆာဟာလည်း (သားအိမ်ခေါင်းဆိုတာသားအိမ်ရဲ့ အောက်ဖက်အဝတစ်လျှောက်ကို ဆိုလိုပါတယ်) ဆဲလ်တွေထိန်းမနိုင်သိမ်းမရ ပွားတာကနေ အစပြုပါတယ်။ ဆဲလ်တွေ ဒီလို အလွန်အကျွံပွားတာကြောင့် အလုံးအကျိတ်ဖြစ်လာပြီး သားအိမ်ခေါင်းကင်ဆာရယ်လို့ ဖြစ်လာရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Pap test လို့ခေါ်တဲ့ သားအိမ်ခေါင်းချွဲမြှေးစစ်တာကို သတ်မှတ်ထားတဲ့အချိန်တွေမှာ မှန်မှန်ပြုလုပ်စစ်ဆေးပေးမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ ဖော်ထုတ်သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို စောစီးစွာ သိရှိဖော်ထုတ်နိုင်မယ်ဆိုရင် ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်ခြေ ပိုများလာမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဘယ်လောက်အဖြစ်များသလဲ။ သားအိမ်ခေါင်းကင်ဆာဟာ အရမ်းအဖြစ်များပြီး အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ကာ အသက်အရွယ်မရွေး […]