
Royal Jelly နဲ့ အသားအရေ ကျန်းမာရေး
Royal Jellyက အသားအရေကို အခုလို ကျန်းမာစေပါတယ်။
- အရေးအကြောင်းတွေကို သက်သာစေတယ်
Royal Jellyမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကို အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
Royal Jelly ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ အသားအရောင် မညီတာကို သက်သာစေတာပါ။ အသားအရောင် ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အသားအရေမှာ ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့အတွက် Royal Jellyကို သောက်ပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေသလို ဝက်ခြံတွေ မဖြစ်အောင် ထောက်ကူပေးပါတယ်။
- ဝက်ခြံ အမာရွတ်တွေကို သက်သာစေတယ်
Royal Jellyမှာ ပါဝင်နေတဲ့ အာဟာရတွေက ဝက်ခြံကိုတင် သက်သာစေတာ မဟုတ်ပါဘူး။ ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေတာပါ။ ဝက်ခြံ အမာရွတ် သက်သာစေဖို့အတွက် အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။
- အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်
ရေဓာတ် ကြွယ်ဝတဲ့ Royal Jellyက အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေပြား ခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ပုံမှန်လေး လိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီး အစိုဓာတ် ထိန်းပေးနိုင်မှာပါ။ အရေပြား ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ ဓာတ်တည့်မှုရှိ၊ မရှိ အရင်စမ်းသပ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။