backup og meta

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

နွေရာက်ပြီလေ…ဆိုတာက သီချင်းစာသားအနေနဲ့ပဲ နားထောင်လို့ ကောင်းတာပါနော်။ နဖူးတွေ့ ဒူးတွေ့ ခံစားရတဲ့နွေရဲ့ အပူချိန်က ပူပြင်းလွန်းပါတယ်။ နေရထိုင်ရ ပူတဲ့အပြင် အသားတွေပါ မည်းတာနော်။ နွေရာသီ မှာ ဖြေရှင်းရတဲ့ အသားအရေပြဿနာကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ နွေရာသီရဲ့ အပူဒဏ်ကြာင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်နည်းလေးတွေ ပြောပြမယ်နော်။ ကဲ ….. နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် လိုက်ကြတော့နော်။

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

နေအပူကြောင့် အသားအရေထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့်အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ပြောပါရစေနော်။ နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် ပါ။

  • ဗီတာမင် စီ (Vitamin C) များများစားပါ

ကော်လာဂျင် ကောင်းကောင်းထုတ်နိုင်ဖို့အတွက် ဗီတာမင် စီ ပြည့်ပြည့်ဝဝရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် စီ ပြည့်ဝမှလည်း အသားအရေက စိုစိုပြည်ပြည်နဲ့ တင်းရင်းလှပနေမှာပါ။ အစိုဓာတ်လည်း ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် နွေရာသီ အပူဒဏ်ကို အံတုနိုင်ဖို့ လိမ္မော်သီး၊ သံပရိုသီး၊ ဇီးဖြူသီး၊ ဂရိတ်ဖရုခ်၊ ခရမ်းချဉ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါနော်။

ရာသီတိုင်းမှာ အရေးပါတဲ့ အသားအရေ ထိန်းသိမ်းနည်းတစ်ခုပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးမှ အသားအရေက ကျန်းမာပြီး အသားအရေထိန်းတဲ့ပစ္စည်းတွေကို အကောင်းဆုံးစုပ်ယူနိုင်မှာပါ။ ဒါကြောင့် အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့မမေ့ပါနဲ့။

နွေရာသီ မှာ အပြင်ထွက်မယ်ဆိုရင် လုံးဝမေ့လို့မဖြစ်တာက နေလောင်ကာခရင်မ်ပါနော်။ အပြင်မထွက်ခင် နာရီဝက်အလိုမှာ လိမ်းပေးမှ အသားအရေကို နေရောင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးတာမျိုးမဖြစ်စေမှာပါ။ နေလောင်တာကြောင့် အသားအရေမှာ အရေးအကြောင်းတွေပေါ်တာ၊ အမည်းစက်နဲ့ အသားအရေမညီညာတာတွေလည်း ကာကွယ်ပေးနိုင်ပါတယ်။

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

  • မျက်လုံးနဲ့ နှုတ်ခမ်းကိုမေ့မထားပါနဲ့

အသားအရေကို ဂရုစိုက်ဆိုလို့ နှုတ်ခမ်းနဲ့ မျက်လုံးကို မေ့မထားပါနဲ့။ ဒီအစိတ်အပိုင်းတွေကလည်း နေရောင်ကြောင့် ထိခိုက်နိုင်ပါတယ်နော်။ ဒါကြောင့် နေကာမျက်မှန်တပ်တာမျိုး၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးပါ။ နှုတ်ခမ်းအတွက်ကတော့ နေရောင်ဒဏ်ကနေ ကာကွယ်ပေးတဲ့ နှုတ်ခမ်းနီအဆီတစ်မျိုးမျိုး ဆိုးပေးပါ။ အပြင်က ပြန်လာတဲ့အခါ ခဏနားပြီး ရေအေးအေးလေးနဲ့ မျက်လုံးနဲ့ နှုတ်ခမ်းကိုဆေးကြောပေးပါ။

နေပူဒဏ်ကြောင့် ချွေးတွေထွက်တာ၊ အနံ့ဆိုးတွေ ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အသားအရေမှာ ဖုန်မှုန့်တွေနဲ့ ရောဂါပိုးတွေ ကပ်ညှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ရေချိုးသန့်စင်ပေးပါ။ ဒါမှလည်း နွေအပူကြောင့်ဖြစ်တဲ့ မိတ်ပြဿနာကို ဖြေရှင်းနိုင်မှာပါ။

နွေပူတဲ့အချိန်မှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်နေစေဖို့အတွက် ဖရဲသီး၊ သခွားမွှေးနဲ့ အခြားအရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားပေးပါ။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်ပေးဖို့လည်း မမေ့ပါနဲ့။ အပူဒဏ်ကို သက်သာစေမယ့် အစားအစာတွေကို စားသုံးပေးပါ။

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

  • ချည်သားပွပွချောင်ချောင်တွေ ဝတ်ဆင်ပေးပါ

ချွေးစုပ်တဲ့ ချည်သားပွပွချောင်ချောင်လေးတွေကို ဝတ်ပေးပါ။ တင်းကျပ်တဲ့ အဝတ်အစားတွေက နေရထိုင်ရတာ သက်သောင့်သက်သာမဖြစ်စေတဲ့အပြင် ချွေးပိုထွက်စေနိုင်ပါတယ်။ ဒီအခြေအနေက အရေပြားကို ယားယံစေပြီး မိတ်တွေပိုထွက်စေနိုင်သလို ပြင်းထန်တဲ့ အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။

  • သဘာဝအသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို အသုံးပြုပေးပါ

မီးဖိုချောင်ထဲမှာရှိနေတဲ့ အသားအရေကို ကောင်းကျိုးပြုတဲ့ ပစ္စည်းတွေကိုလည်း မေ့မထားဖို့ပြောချင်ပါတယ်။ ဥပမာ သံပရိုသီး၊ ခရမ်းချဉ်သီးတို့ကို အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းတာမျိုးပေါ့။ ခရမ်းချဉ်သီးကို အရည်ညှစ်လို့ အခဲခံပြီး မျက်နှာမှာ ပွတ်ပေးတာမျိုးပေါ့။

ကဲ… ဒီနည်းလမ်းလေးတွေသုံးလို့ ပူပြင်းတဲ့နွေရာသီမှာ အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်လိုက်ပါနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Summer Skin Care Tips: 7 Essential Tips To Follow This Seasonhttps://www.ndtv.com/food/summer-skin-care-tips-7-essential-tips-to-follow-this-season-1829051 Accessed Date 4 march 2019

Summer Skin Care Tips: Follow These 10 Tips For A Radiant Skinhttps://food.ndtv.com/beauty/10-summer-skincare-tips-to-follow-this-season-1674797 Accessed Date 4 march 2019

ယခုပုံစံ

24/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

နွေနေပူပူ မှာ ဒါတွေဆောင်ထားပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/03/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။