ပစ်မှတ်ထားတဲ့ နေရာတွေကို အလင်းရောင်ပေးပြီး collagen ထုတ်လုပ်မှုကို တိုးတက်စေခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ချွေးပေါက်ကျယ်ခြင်းကို ကုသဖို့အတွက် ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီး အပေါ်ယံအလွှာကို မထိခိုက်စေဘဲ အရေပြားရဲ့ အတွင်းဆုံးအလွှာအထိ ထိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိပါတယ်။
- Isolaz Lazr Deep Pore Therapy
ဒီနည်းလမ်းဟာ အသိမများပေမယ့် US FDA ရဲ့ ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ IPL လိုမျိုးပဲ သူဟာ အလင်းရောင်ကို အသုံးပြုကာ ဘက်တီးရီးယားတွေကို သတ်ပစ်ခြင်း၊ ဆဲလ်အသေတွေကို ဖယ်ရှားခြင်း၊ အဆီပိုတွေကို ဖယ်ရှားခြင်း၊ collagen ကို လှုံ့ဆော်ပေးခြင်းတွေ ပြုလုပ်ပါတယ်။
ဒီနည်းလမ်းဟာ အရေပြားမျက်နှာပြင်ကနေ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ ကြမ်းတမ်းတဲ့ အစေ့သေးသေးလေးတွေကို အသုံးပြုခြင်း ဖြစ်ကာ အရေပြားကို ချောမွေ့စေပါတယ်။ Microdermabrasion ဟာ ချွေးပေါက်ကျယ်ခြင်းကို ခဏတာ သက်သာစေပါတယ်။
ချွေးပေါက်ကျယ်ခြင်းကို ဘယ်အရာတွေက ဖြစ်စေလဲဆိုတာ သိရှိခြင်းဟာ အကောင်းဆုံးအဖြေကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။
ရေးသားသူ− Dr Phyu Mon Latt
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။