အရင်တုန်းကတော့ skincare ဆိုရင် Cream type ( ခရင်ပုံစံ) လိုမျိုးတွေသာ ခေတ်စားခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ gel type ( ဂျယ်လ်ပုံစံ) ၊ serum ( အဆီပုံစံ) Milk ( နို့ရည်) ဆိုပြီး အမျိုးအစားတွေ အများကြီးပေါ်လာပါတယ်။ နို့ရည် ဂျယ်လ်ပုံစံ နဲ့ ခရမ်တို့ကတော့ ရှင်းပါတယ်။ serum ကျတော့ အားလုံးနဲ့ မတူတစ်မျိုးလေးကွဲတယ်။ ရေဓာတ်ဖြည့်ပေးပေမယ့် အစိုဓာတ်ထိန်းခရင်မ်လည်း မဟုတ်ပြန်ဘူး။ အဆီတွေပါတယ်ဆိုပေမယ့် အဆီတွေချည်းစုထားတဲ့ skin care လည်းမဟုတ်ပြန်ဘူး။ ရေပါဝင်မှုများတဲ့ essence လည်းမဟုတ်ပြန်ဘူး။ ဒီတော့ serum ဆိုတာ ဘာများပါလိမ့်။ အသားအရေအတွက်ဘယ်လိုကောင်းကျိုးတွေ များရှိတာပါလိမ့်။