backup og meta

ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး

    ဟင်းခါးလေး ချက်သောက်သောက်၊ အာလူးလေးနဲ့ ကြော်စားစား စားလို့ ကောင်းတဲ့ ဒန့်သလွန်ရွက်လေးကို သဘောတကျ စားတတ်သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒန့်သလွန်ရွက် စားပေးတာက အသားအရေကို ပါ ကျန်းမာစေတယ်ဆိုတာရော သိပြီးပြီလားလို့ မေးပါရစေ။ ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး အကြောင်း ပြောပြပေးချင်ပါတယ်။

    ဒန့်သလွန်ရွက် ဆိုတာ

    ဒန့်သလွန်ရွက် ဆိုတာက တောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။

    ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီး ကြွတ်ဆတ်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့ အာနိသင် ရှိသလို ရောဂါပိုးတွေကိုလည်း တိုက်ဖျက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ရောင်ရမ်းမှုကို လျော့ပါးစေနိုင်စွမ်းလည်း ရှိပါတယ်။

    ဒန့်သလွန်ရွက်မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ

    ဒန့်သလွန်ရွက်က အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတွေအပြင် ဒန့်သလွန်ရွက်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဒန့်သလွန်ရွက်မှာ

  • ဗီတာမင် A
  • ဗီတာမင်B1
  • ဗီတာမင် B2
  • ဗီတာမင်B3
  • ဗီတာမင် B-6
  •  ဖောလိတ်
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • ပိုတက်ဆီယမ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • ဖော့ဖရိတ်နဲ့
  • ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အကျိုးမပြု ကိုလက်စထရောတွေလည်း မပါဝင်ပါဘူး။
  • ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး

    ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး

    ဒန့်သလွန်ရွက်က ကျန်းမာရေးအတွက် အကျိုးများသလို အသားအရေ ကျန်းမာရေးကိုလည်း အခုလို ထောက်ကူပေးပါတယ်။ ဒန့်သလွန်ရွက်မှ အရေပြားရဲ့ ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးမယ့် ဗီတာမင် A နဲ့ အရောင်ကျစေနိုင်တဲ့ ဗီတာမင် E၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးတဲ့ ဗီတာမင် C လိုမျိုး အသားအရေ ကျန်းမာစေမယ့် အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    အသားအရေ ကျန်းမာလှပစေဖို့ ဒန့်သလွန်ရွက်ကို စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။

    အရွယ်တင်စေနိုင်တယ်

    ဒန့်သလွန်ရွက်က အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြား မွဲခြောက်ခြောက် ဖြစ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဗီတာမင် C ပါဝင်နေတာက ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ အရေပြားတွဲကျတာ၊ မျက်အိတ်တွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့လည်း ကူညီပေးပါတယ်။ အရေးအကြောင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    အစိုဓာတ် ထိန်းပေးတယ်

    ဒန့်သလွန်ရွက်က အသားအရေကို ရေဓာတ်​ဖြည့်ပေးပြီး အရေပြားကို ခြောက်သွေ့မှု ကင်းစေဖို့ အစိုဓာတ် ထိန်းပေးပါတယ်။ အရေပြား ခြောက်သွေ့မှု ကင်းစေပြီး အရေပြား ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    နှုတ်ခမ်းသား ကျန်းမာစေတယ်

    ဒန့်သလွန်ရွက်ရဲ့ နောက်ထပ် အလှအပ အကျိုးကျေးဇူး တစ်ခုက နှုတ်ခမ်းသားကို နူးညံ့စေတာပါ။ ခြောက်သွေ့တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေ မဖြစ်စေဖို့အတွက်လည်း ဒန့်သလွန်ရွက်ကို စားပေးလို့ ရပါတယ်။ နှုတ်ခမ်းသားကို နေလောင်တာကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဝက်ခြံ သက်သာစေတယ်

    ဒန့်သလွန်ရွက်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ဝက်ခြံဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒန့်သလွန်ရွက်ကို အရေပြားမှာ တိုက်ရိုက် လိမ်းပေးတာက ဝက်ခြံကို သိသိသာသာ သက်သာစေပါတယ်။

    ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။  အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝက်ခြံတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေကို ကြည်လင်စေဖို့လည်း ထောက်ကူပေးပါတယ်။

    ချွေးပေါက်ကျဉ်းစေတယ်

    ဒန့်သလွန်ရွက်က ကော်လာဂျင် ထွက်ရှိစေတာကြောင့် အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ကျဉ်းစေနိုင်ပါတယ်။ အရေပြားပေါ်က အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ အပူလောင်တာ၊ အရေပြားမှာ အင်ပြင်ထွက်တာ၊ နေလောင်တာ၊ ပိုးကောင်ကိုက်တာ၊ အရေပြားပိုးဝင်တာ၊ အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး

    ဒန့်သလွန်ရွက်က ကျန်းမာရေးအတွက် အကျိုးများသလို အသားအရေ ကျန်းမာရေးကိုလည်း အခုလို ထောက်ကူပေးပါတယ်။
    • အရွယ်တင်စေနိုင်တယ်
    • အစိုဓာတ် ထိန်းပေးတယ်
    • နှုတ်ခမ်းသား ကျန်းမာစေတယ်
    • ဝက်ခြံ သက်သာစေတယ်
    • ချွေးပေါက်ကျဉ်းစေတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement