backup og meta

ဝက်ခြံအမာရွတ်တွေ ဘယ်လိုဖြစ်လာသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအမာရွတ်တွေ ဘယ်လိုဖြစ်လာသလဲ

    လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။

    ဝက်ခြံအမာရွတ်သည်မည်သို့ဖြစ်ပေါ်လာသနည်း။

    လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ၊ အညစ်အကြေး၊ ဘက်တီးပိုးမွှားများပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။

    ဝက်ခြံကို မကိုင်ရ၊ သူ့ဟာသူပျောက်ကင်းသည်အထိစောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန်အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟုဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံအချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။

    ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် မကြာမကြာ အရေပြားဆရာဝန်ထံသို့သွား၍ ဝက်ခြံကုသမှုခံယူရပါမည်။ ကာကွယ်မှုယူထားရပါမည်။

    ဝက်ခြံအမာရွတ်အမျိုးအစားများမှာ အဘယ်နည်း။

    ဝက်ခြံကိုညှစ်ထုတ်ပြီးပါက အမာရွတ်ကျန်နိုင်ပါသည်။ တစ်ခါတစ်ရံ အမာရွတ်များ ခုံးတက်လာပါက အသားတက်သော အမာရွတ်မျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ရှားပါသည်။ အများစုသော အမာရွတ်များသည် ချိုင့်ဝင်လေ့ရှိပါသည်။ တစ်ရှုးများ ပျက်စီးဆုံးရှံုးပြီး ချိုင့်ဝင်၍အပေါက်ငယ်လေးများဖြစ်ပေါ်နိုင်ပါသည်။

    ဝက်ခြံအမာရွတ်ကို မည်ကဲ့သို့ကာကွယ်မည်နည်း။

    အကောင်းဆုံးမှာ ကာကွယ်သောနည်းလမ်းဖြစ်ပါသည်။ အပြောထက် အလုပ်က ပို၍ပင်လွယ်ကူပါသည်။ အဘယ်ကြောင့်ဆိုသော် ဝက်ခြံဖြစ်စေနိုင်သော အကြောင်းအချက်မျိုးစုံရှိပါသည်။ ဥပမာ ဟော်မုန်းပြောင်းလဲခြင်း၊ ဘက်တီးရီးယားပိုးမွားများနှင့် စိတ်ဖိစီးမှုတို့ဖြစ်ပါသည်။ တစ်ကိုယ်ရည်သန့်ရှင်းမှု ၊ အသားရေထိန်းသိမ်းခြင်း ပြုလုပ်ခြင်းဖြင့် ဝက်ခြံဖြစ်ပွားမှုမှကာကွယ်နိုင်ပါသည်။ ဝက်ခြံဖြစ်ပေါ်လာလျှင် ကိုယ်တိုင်ညှစ်ထုတ်ခြင်းမပြုပဲ ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆိုးရွားသော အခြေအနေများတွင် ဆေးဝါးများသုံးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ဝက်ခြံထုတ်ပြီးလျှင် အရေပြားအနည်းငယ် လန်တတ်ပါသည်။ မခွာ၊ မဆိတ်ရပါ။ ရောဂါပိုးမွှားများသာ ပို၍ပေါက်ပွားစေနိုင်သောကြောင့် ဖြစ်ပါသည်။ အရေပြားအရောင်လည်း ပြောင်းလဲသွားစေနိုင်ပါသည်။

    အပြင်ဆေးဆိုင်များတွင် အလွယ်တကူဝယ်၍သုံးစွဲနိုင်သော အလှကုန်များရှိသော်လည်းအကျိုးသက်ရောက်မှု သိပ်မရှိပါ။ အကောင်းဆုံးမှာ အရေပြားဆရာဝန်နှင့်ပြ၍ အသင့်တော်ဆုံး ကုသမှုမျိုးကို ခံယူပါ။

    သေချာစွာဂရုစိုက်မှုပြုလုပ်သည့်တိုင် ဝက်ခြံအမာရွတ်ဖြစ်နိုင်ပါသေးသည်။ ဆရာဝန် နှင့် သေချာတိုင်ပင်သင့်ပါသည်။

    အရေပြားကုသမှုခံယူခြင်း နှင့် အရေပြားအစားထိုးကုသခြင်းများဖြင့် အမာရွတ်များ၊ အရောင်ပြောင်းသွားသော နေရာများကို အစားထိုးကုသနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement