backup og meta

ဇီးဖြူသီး အသားအရေ လှစေသလား ....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇီးဖြူသီး အသားအရေ လှစေသလား ....

    ဇီးဖြူသီးလို့ ပြောလိုက်ရင် တော်တော်များများ အာရုံထဲကို ရောက်လာမယ့် အချက်က ငယ်ငယ်က အဖွားက စားကြည့် ဆေးဖက်ဝင်တယ်ဆိုလို့ စားလိုက်မိတုန်းက ခံစားမိဖူးတဲ့ ဖန်သလိုလို ခါးသလိုလိုနဲ့ ရေသောက်ချလိုက်ရင် ချိုသွားတဲ့အရသာကိုပဲ ဖြစ်မယ်ထင်ပါတယ်။ ဇီးဖြူသီးက ကျန်းမာရေးအတွက် ကောင်းကျိုးများသလို အသားအရေကိုရော ထောက်ကူပေးနိုင်သလား။ ပြောချင်တာကတော့ ဇီးဖြူသီး အသားအရေ လှစေသလား …. ဆိုတာပါ။

    ဒီတော့ ဇီးဖြူသီးက အသားအရေအတွက် ဘယ်လိုတွေ ထောက်ကူပေးလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဇီးဖြူသီး ဆိုတာ

    ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။

    အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တွေကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း ရှိပါတယ်။

    ဇီးဖြူသီးမှာ ဘာတွေပါလဲ

    ဇီးဖြူသီး အသားအရေ လှစေသလား ....

    ဇီးဖြူသီးလေးမှာ

  • ရေဓာတ်
  • အဆီဓာတ်
  • ပရိုတင်း
  • အမျှင်ဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။
  • ဇီးဖြူသီး အသားအရေ လှစေသလား ….

    ဇီးဖြူသီး အသားအရေ လှစေသလား …. ဆိုတော့ ဇီးဖြူသီးက အသားအရေ လှစေပါတယ်။ ဘယ်လို အသားအရေကို ကျန်းမာလှပစေသလဲဆိုတော့

    ဇီးဖြူသီးက ဝက်ခြံတွေကိုရော ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေနိုင်ပါတယ်။ သွေးသန့်စေပြီး အသားအရေကို ကြည်လင် လှပစေပါတယ်။ အသားအရေကို ကြည်လင်လှပစေဖို့ ထောက်ကူပေးပါတယ်။ အစက်အပြောက်တွေကို သက်သာစေသလို အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကို ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    ဇီးဖြူသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်တွေ ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပါတယ်။ အရေပြားမှာ ဇီးဖြူသီး အရည်ကို လိမ်းပေးလို့ ရသလို အနှစ်ကြိတ်ပြီး လိမ်းပေးလို့လည်း ရပါတယ်။ အသားအရေကို ကြည်လင်နူးညံ့စေမှာပါ။

    ဇီးဖြူသီးက အသားအရေကိုတင် ကြည်လင်စေတာ မဟုတ်ပါဘူး။ အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ အသားဖြူစေဖို့ ဇီးဖြူသီးမှုန့်ကို စားပေးလို့ ရပါတယ်။ အရေပြားဓာတ်မတည့်တာ၊ နှင်းခူတွေ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။

    အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်နုပျိုစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုက အသားအရေကို  နုပျိုစေဖို့ ထောက်ကူပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

  • အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်
  • အရေပြားမှာ ဓာတ်မတည့်မှုကြောင့် နီမြန်းတာ ယားယံတာတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ဇီးဖြူသီး သတ္တုရည်ကို လိမ်းပေးလို့ ရပါတယ်။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

    ဇီးဖြူသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေပေါ်က အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေဇီးဖြူသီး ကြည်လင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    • ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအနေနဲ့ ဇီးဖြူသီးစားသုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် ဇီးဖြူသီးကို အလွန်အကျွံ မစားသုံးသင့်ပါဘူး။
    • ဇီးဖြူသီးက အချို့သူတွေမှာ သွေးယိုစိမ့်တာမျိုးဖြစ်စေနိုင်တာကြောင့် Bleeding disorders ရှိတဲ့သူတွေအနေနဲ့ ဇီးဖြူသီး ကို အတိုင်းအချင့်နဲ့သာ စားသုံးသင့်ပါတယ်။
    • ဇီးဖြူသီးက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
    • ဇီးဖြူသီးကို အသည်းရောဂါရှိအခံရှိသူတွေ စားမယ်ဆိုရင် ဆရာဝန်ရဲ့ အကြံပြုချက်ကို တောင်းခံသင့်ပါတယ်။
    • ဇီးဖြူသီးက ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနဲ့ ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ သွေးထွက်များစေနိုင်တာကြောင့် ခွဲစိတ်မှုမခံယူခင် အနည်းဆုံး ၂ ပတ်လောက်အလိုကတည်းက ဇီးဖြူသီးစားတာကို ရပ်ထားသင့်ပါတယ်။

    ဇီးဖြူသီး အသားအရေ လှစေသလား ....

    ဇီးဖြူသီးက အသားအရေကို အခုလို ကျန်းမာလှပစေပါတယ်။
    • ဝက်ခြံ သက်သာစေတယ်
    • အသားအရေ ကြည်လင်စေတယ်
    • အမည်းစက်တွေကို သက်သာစေပါတယ်
    • အရွယ်တင်စေနိုင်တယ်
    • အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်
    • ဆဲလ်သေတွေ ဖယ်ရှားပေးတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement