အာနိသင် – ပျားရည်ဟာ မျက်နှာအရေပြားကို အာဟာရဖြည့်တင်းပေးပြီး နုပျိုလန်းဆန်းစေတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းနဲ့ သံပရာရည်ဟာ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ ဖုန်မှုန့်၊ အဆီတွေကို ဖယ်ရှားပေးပြီး ဝက်ခြံဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေနိုင်တယ်။
၃။ မျက်နှာကို အေးမြကြည်လင်စေတဲ့ သစ်သီး ၃မျိုး Mask
ပါဝင်ပစ္စည်း – သင်္ဘောသီး၊ သခွားသီး၊ ငှက်ပျောသီး
ပြုလုပ်ပုံ – အနေတော်သခွားသီးကို တစ်ဝက်စိတ်ပြီး ပါးပါးလေးလှီးထားပါ။ ကြိတ်စက်ထဲမှာ သခွားသီးစိတ်၊ သင်္ဘောသီး အမှည့် ၂ဇွန်း၊ ငှက်ပျောသီး အမှည့် ၂ဇွန်း ရောမေပြီး ကြေညက်တဲ့အထိ ကြိတ်ပေးပါ။
အသုံးပြုပုံ – ရလာတဲ့ သစ်သီးအနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်နေရင် ရေနွေးနဲ့ အရင်ဆေးကြောပေးပါ။ တော်တော်လေး ပြောင်သွားတော့မှ ရေအေးနဲ့ အချောသတ် ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ် ပုံမှန် မျက်နှာပေါင်းတင်ပေးရပါမယ်။
အာနိသင် – သခွားသီးဟာ အရေပြားကို ရေဓါတ်ြဖည့်တင်းပေးပြီး အေးမြစေတယ်။ ငှက်ပျောသီးရဲ့ အဆီအနှစ်ကြောင့် အသားအရေကို နူးညံ့စေပြီး အစိုဓါတ်ထိန်းပေးတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းသွားစေတယ်။ နေလောင်ခံအသားအရေ၊ နီရဲယားယံနေတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။
၄။ ချွေးပေါက်တွေကို ကျဉ်းစေမယ့် သင်္ဘောသီး Mask
ပါဝင်ပစ္စည်း – သင်္ဘောသီး အမှည့်၊ ကြက်ဥ အကာတစ်လုံး
ပြုလုပ်ပုံ – အရင်ဆုံး သင်္ဘောသီးအမှည့်ကို ၄ဇွန်းလောက် ကြိတ်ချေထားပါ။ ကြက်ဥအကာကို အမြှုပ်ထတဲ့အထိ ခေါက်ပေးပါ။ သင်္ဘောသီးအနှစ်ထဲကို ကြက်ဥအမြှုပ် နည်းနည်းစီထည့်ပြီး မွှေပေးပါ။
အသုံးပြုပုံ – ရလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ နှံ့နေအောင် လိမ်းပြီး အခြောက်ခံထားပါ။ ၁၅မိနစ်ကြာရင် ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ် အသုံးပြုပေးရင် လုံလောက်ပါတယ်။
အာနိသင် – ချွေးပေါက်ကျယ်တာကို သက်သာစေပြီး အမည်းစက်တွေကို ပျောက်ကင်းစေတယ်။ အရေးအကြောင်းတွေကို ပြေလျော့စေပြီး တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။
၅။ အဆီပြန် အသားအရေပိုင်ရှင်တွေအတွက် မျက်နှာပေါင်းတင်နည်း
ပါဝင်ပစ္စည်း – သင်္ဘောသီးအမှည့်၊ လိမ္မော်သီးစိတ်
ပြုလုပ်ပုံ – လိမ္မော်သီးစိတ် ၅-၆စိတ်ကို လက်ဖြင့် အရည်ညှစ်ထားပါ။ သင်္ဘောသီးကို အနေတော်အတုံးလေး လှီးစိတ်ပြီးရင် လိမ္မော်ရည်ထဲ ထည့်စိမ်ထားပါ။
အသုံးပြုပုံ – သေချာစိမ်ထားတဲ့ သင်္ဘောသီးစိတ်ကို မျက်နှာပေါ်မှာ တင်ထားလိုက်ပါ။ ၁၅ မိနစ်ခန့် ထားထားပြီးရင် ရေအေးနဲ့ ပြောင်အောင် ဆေးကြောလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ် အသုံးပေးရပါမယ်။
အာနိသင် – မျက်နှာပေါ်က မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်တယ်။ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ အဆီပြန်မနေတော့တဲ့အတွက် ဝက်ခြံဖြစ်နိုင်ခြေကို လျော့နည်းစေတယ်။ မျက်နှာပေါ်က မှဲ့ခြောက်၊ အစက်အပျောက်၊ အရောင်မှိန်တာတွေကို သက်သာစေနိုင်ပါတယ်။
မျက်နှာပေါင်းတင်ရာမှာ သင်္ဘောသီးကို ဘာလို့ အသုံးပြုကြတာလဲ။
၁။ သင်္ဘောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ဟာ အသားအရေကို ရေဓါတ်ဖြည့်တင်းပေးပြီး အသားခြောက်တာ၊ အရောင်မှိန်တာကို သက်သာစေတယ်။
၂။ အသားအရေဖြူစင်ဝင်းပလာစေဖို့ လိုအပ်တဲ့ ဗီတာမင် A နဲ့ C ဓါတ်တွေ သင်္ဘောသီးမှာ အများအပြားပါဝင်ပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အရေးအကြောင်းတွေကို လျော့နည်းလာစေတယ်။
၃။ မျက်နှာအရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်သန့်စင်သွားစေတယ်။
၄။ ဝက်ခြံပေါက်စေတဲ့ ဘက်တီးရီးယားပိုးတွေ၊ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ ဖုန်နဲ့ အဆီတွေကို ဖယ်ရှားပေးပြီး အရေပြားအတွင်းထဲထိ သန့်စင်ပေးတယ်။
၅။ နေလောင်ဒဏ်ကြောင့် အသားအရေ မဲခြောက်သွားတာ၊ ပျက်စီးကြမ်းတမ်းသွားတာ၊ နီရဲပြီး ယားယံတာတွေအတွက်လည်း ကုသပေးလို့ ရတယ်။
၆။ ပိုးသေစေတဲ့ အာနိသင်ကြောင့် ဝက်ခြံအပြင် တခြားသော မှိုနဲ့ အရေပြားရောဂါ မကူးစက်စေဖို့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။