backup og meta

ကိုဗစ်နဲ့ စည်းကမ်းမဲ့ တံတွေး ထွေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်နဲ့ စည်းကမ်းမဲ့ တံတွေး ထွေးခြင်း

    အရင်ထဲက တို့ဆီက လူတွေက စည်းကမ်းနဲ့ ပတ်သတ်ရင် အားနည်းကြတယ်။ ပြောရတာလည်း အားနာပါတယ်။ ခုလို အိမ်ထဲက အိမ်ပြင် မထွက်ကြတဲ့ အချိန်မှာသာ လမ်းမပေါ်မှာ အမှိုက်တွေ နည်းသွားတာ၊ အရင်တုန်းက ဆိုရင်တော့ အမှိုက်တွေ လမ်းမမှာ အများကြီးပါပဲ။ အမှိုက်တွေပဲလား ဆိုတော့ ကွမ်းတံတွေးတွေ၊ တံတွေး သလိပ်တွေပါ အဆစ်ပါပါသေးတယ်။ အရင်တုန်းကတော့ မသိချင်ယောင်ဆောင်လို့ ရပေမယ့် ခုတော့ အရေးတယူ ပြောမှ ရတော့မှာပါ။ ဘာလို့လဲ ဆိုတော့ ခုဖြစ်နေတဲ့ COVID-19က တံတွေးတွေကနေတစ်ဆင့် ကူးနိုင်တယ်လေ။

    ဘာဖြစ်လို့ တံတွေး ထွေးတာကို ရှောင်ရမလဲ။

    • မြန်မာနိုင်ငံမှာ ဓာတ်ခွဲစစ်ဆေးချက်တွေအရ ၂၈.၄.၂၀၂၀အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၆ဦးအနက် ၈၃ဦး (၅၇%)က ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ပိုးရှိနေတာကို တွေ့ရပါတယ်။
    • ကိုရိုနာဗိုင်းရပ်စ်က ရောဂါရှိသူရဲ့ တံတွေးဂလင်းမှာ ခိုအောင်းနေလေ့ရှိပြီး နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှ တဆင့် ထွက်လာသော တံတွေးအစက်အမှုန်များတွင် ရောဂါပိုး အမြောက်အမြား ပါဝင်နိုင်ပါတယ်။ သုတေသန စစ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူရဲ့ တံတွေးသလိပ်မှာ ဗိုင်းရပ်စ်ပါဝင်မှုနှုန်း  ၉၁.၇% ရှိတာကို တွေ့ရပါတယ်။
    • ကိုရိုနာဗိုင်းရပ်စ်ပိုး ပါဝင်သည့် တံတွေးအစက်အမှုန်များသည် အနီးကပ်ထိတွေ့သူရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှ တဆင့် တိုက်ရိုက်ဝင်လို့ပဲ ဖြစ်ဖြစ်၊ တံတွေးအစက်အမှုန်များရှိနေတဲ့ မျက်နှာပြင်၊ အရာဝတ္ထုတို့ကို ကိုင်တွယ်မိသော လက်နဲ့ ကိုယ့်ရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိရင်ပဲ ဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။
    • ဒါကြောင့် ရောဂါကူးစက်မှုကို လျှော့ချင်တယ်ဆိုရင် စည်းကမ်းမဲ့ တံတွေးထွေးတာကို (အထူးသဖြင့် လူအများကြီးရှိတဲ့နေရာမှာ) လုံးဝကို ရှောင်ကြဉ်သင့်ပါတယ်။

    ကွမ်းစားခြင်းနဲ့ ကွမ်း တံတွေး ထွေးတာကိုပါ ရှောင်ကြဉ်ရပါမယ်။

    • တံတွေးထွေးတာအပြင် ဒီနိုင်ငံမှာ နောက်ထပ်သတိထားစရာ တစ်ခုက ကွမ်းစားတာပါ။ ဟိုးအရင်ကတည်းက လမ်းတွေမှာ၊ အဆောက်အအုံထောင့်တွေမှာ၊ ကွမ်းတံတွေးမထွေးရဆိုတဲ့ နေရာအထိပါ ကွမ်းသွေးတွေ ရဲနေအောင် ထွေးထားကြပါတယ်။ အရင်တုန်းကတော့ သန့်ရှင်းရေးအရ ကြည့်မကောင်းတာ သက်သက်ဆိုပေမယ့် ခုလိုကာလမှာတော့ ရောဂါပိုးပါ ကူးနိုင်လို့ ပိုပြီး သတိထားသင့်ပါတယ်။
    • ၂၀၁၄ စစ်တမ်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား လူဦးရေရဲ့ ၄၃%က ကွမ်းစားကြပါတယ်။ အများစုကတော့ အမျိုးသားတွေပါ။
    • မတော်တဆများ ကွမ်းစားတဲ့သူဆီမှာ ဗိုင်းရပ်စ်ပိုးရှိနေမယ်ဆိုရင် ကွမ်းတံတွေးမှာလည်း ပိုးတွေ အများကြီးရှိနေမှာပါ။ ဒါကြောင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမယ်ဆိုရင် သူများကို ကူးဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။
    • နောက်တစ်ခါ ကွမ်းတံတွေးထွေးလိုက်လို့ ဘေးက မျက်နှာပြင်တွေ၊ အရာဝတ္ထုတွေမှာ စင်သွားမယ်။ ဒါကို နောက်တစ်ယောက်က မသိဘဲ ကိုင်လိုက်ပြီး မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိလိုက်မယ်ဆိုရင် ရောဂါပိုးကူးနိုင်ပါတယ်။
    • ကွမ်းယာစားတဲ့သူတွေအနေနဲ့လည်း ကွမ်းယာသူ ဒါမှမဟုတ် ကိုင်တွယ်သူရဲ့ လက် မသန့်ရှင်းရင် ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။
    • ဒါကြောင့် ဒီကာလမှာ ကွမ်းစားတာ၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

    တံတွေး ထွေးတော့မယ်ဆိုရင်

    • ဒါ့ကြောင့် ဒီကာလမှာ အပြင်ရောက်တုန်း တံတွေးထွေးတော့မယ်ဆိုရင် တစ်ရှူးထူထူ ဒါမှမဟုတ် ကျွတ်ကျွတ်အိတ်ထဲ ထည့်ထွေးပြီး အမှိုက်ပုံးထဲကို သေချာ စွန့်ပစ်ပါ။ အရင်လို လမ်းပေါ်မှာ ဒီတိုင်း မထွေးချပါနဲ့တော့။ ကွမ်းတံတွေးလည်း တူတူပါပဲ။ တတ်နိုင်ရင် ဒီကာလမှာ ကွမ်းယာ မစားပါနဲ့။
    • နှာရည်၊ တံတွေး၊ သလိပ်၊ ကွမ်းတံတွေး စသဖြင့် အညစ်အကြေးတွေ ပေကျံနေတဲ့ အသုံးပြုပြီး တစ်ရှူးတွေ၊ နှာခေါင်းစည်းတွေကို အဖုံးပါတဲ့ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။
    • ပြီးရင် လက်ဆေးပါ။ ဒါတွေကို စည်းကမ်းမဲ့ စွန့်ပစ်ပြီး ဒီပစ္စည်းတွေကို ထိထားတဲ့လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိလိုက်မယ်ဆိုရင် ရောဂါပိုးကူးနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement