backup og meta

ပေါင်းစပ်အသားအရေအတွက် သဘာဝပစ္စည်းတွေကိုဘယ်လိုရွေးချယ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပေါင်းစပ်အသားအရေအတွက် သဘာဝပစ္စည်းတွေကိုဘယ်လိုရွေးချယ်မလဲ

    ပေါင်းစပ်အသားအရည်မှာ အဆီပြန်တဲ့နေရာတွေ နဲ့ ခြောက်သွေ့တဲ့နေရာ သို့မဟုတ် ပုံမှန်နေရာလေးတွေ ပေါင်းစုဖြစ်တည်နေတတ်ပါတယ်။ ပေါင်းစပ်အသားအရည်ဟာ ဟော်မုန်းကြောင့်သော်လည်းကောင်း မျိုးရိုးအရသော်လည်းကောင်း တစ်နေရာတည်းမှာ အဆီဂလင်းလေးတွေ ပိုပြီးအလုပ်လုပ်တဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။

    များသောအားဖြင့် ပေါင်းစပ်အသားအရည်ရှိတဲ့သူတွေဟာ T-zone နေရာမှာအဆီပြန်တတ်ကြပါတယ်။ T-zone မှာ နဖူး၊ နှာခေါင်းနဲ့၊ မေးစေ့တို့ပါဝင်ပါတယ်။ ပေါင်းစပ်အသားအရည်ဟာ အဆီပြန်တဲ့အသားအရည် သို့မဟုတ် ခြောက်သွေ့တဲ့အသားအရည်တွေထက် အနည်းငယ်ကွဲပြားတဲ့ အလှကုန် အသုံးပြုပုံတွေလိုအပ်ပါတယ်။

    ပေါင်းစပ်အသားအရည်ကိုဂရုစိုက်မယ်ဆိုရင် ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေ မလိုအပ်ပါဘူး။ သဘာဝနည်းလမ်းအနည်းငယ်ကို သင်ကိုယ်တိုင်အသုံးပြုကြည့်လိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့ ပေါင်းစပ်အသားအရည်ဟာ သင့်ကိုဒုက္ခပေးနိုင်တော့မှာမဟုတ်ပါဘူး။

    • သဘာဝမျက်နှာသန့်စင်ဆေး

    သင့်အသားအရည်ကို သင့်အိမ်မှာရှိတဲ့ပစ္စည်း သို့မဟုတ် အော်ဂဲနစ်အလှကုန်တွေသုံးပြီး သဘာဝအတိုင်းသန့်စင်ပေးပါ။ ပေါင်းစပ်အသားအရည်အတွက် သဘာဝမျက်နှာသန့်စင်ဆေးကတော့ ပျားရည်စစ်စစ်ပါပဲ။ ပျားရည်စစ်စစ်က သဘာဝအကျဆုံးပါပဲ။ ပျားရည်မှာ အသားအရည်ကို ပြုပြင်ကောင်းမွန်စေနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပြီး ပေါင်းစပ်အသားအရည်ရဲ့ ခြောက်သွေ့နေတဲ့အပိုင်းတွေကို အစိုဓါတ်ကိုထိန်းသိမ်းပေးနိုင်ပါတယ်။

    ပျားရည်ဟာ အသားအရည်နူးညံ့ချောမွေ့စေပြီး သဘာဝသတ္တုဓါတ်တွေနဲ့ ဗီတာမင်တွေ (ဗီတာမင် Bနဲ့ biotinကဲ့သို့သောအရာများ) နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြောက်များစွာပါဝင်ပါတယ်။ ပျားရည်ရဲ့ ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိဟာ အရေပြားပေါ်က ဘက်တီးရီးယားတွေကိုလျှော့ချခြင်းအားဖြင့် ပေါင်းစပ်အသားအရည်ရဲ့ အဆီပြန်တဲ့နေရာတွေမှာဖြစ်တတ်တဲ့ ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။

    • သဘာဝတိုနာများ

    အသားအရည်ကို တိုနာသုံးပေးခြင်းဟာ အရေပြားထိန်းသိမ်းနည်းတွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အထူးသဖြင့် အသားအရည်ကိုညီမျှအောင်လုပ်ပေးနိုင်တာမို့ ပေါင်းစပ်အသားအရည်တွေအတွက် ပိုအရေးကြီးပါတယ်။

    တိုနာတွေဟာ အသားပေါ်က မျက်နှာသစ်ဆေးအကြွင်းအကျန်တွေ ၊ အဆီပြန်တဲ့အပိုင်းပေါ်က ပြန်ထွက်လာတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ခြောက်သွေ့တဲ့အပိုင်းကိုတော့ အစိုဓါတ်ပြန်လည်ဖြည့်ပေးနိုင်ပါတယ်။ သခွားသီးနဲ့ ပေါင်းခံရည် အရောအနှောကို မျက်နှာသစ်ပြီးတိုင်းမှာ တိုနာအဖြစ်အသုံးပြုပေးနိုင်ပါတယ်။

    နှင်းဆီရည်(rose water) သို့မဟုတ် အခြား hydrosols တွေဟာလည်း ပေါင်းစပ်အသားအရည်အတွက် တကယ်ကောင်းတဲ့ သဘာဝတိုနာတွေပါ။ သံပုရာရည်လို astringent toner တွေက ပေါင်းစပ်အသားအရည်အတွက် ပြင်းထန်လွန်းပါတယ်။ ဒီ astringent ပစ္စည်းတွေဟာ အရည်ပြားပေါ်ကအဆီတွေကိုဖယ်ရှားလိုက်တဲ့အခါ အပြန်အလှန်အနေနဲ့ အရည်ပြားက ဆုံးရှုံးသွားတဲ့အဆီတွေကိုပြန်ဖြည့်ဖို့ အဆီပိုတွေထုတ်ပေးနေရမှာပါ။

    • သဘာဝအစိုဓါတ်ထိန်းဆေးများ (moisturizers)

    Glycerin ကို ပေါင်းစပ်အသားအရည်အတွက် အစိုဓါတ်ဖြည့်ပေးဖို့သုံးပါ။ glycerin တစ်ဆ ပေါင်းခံရည် ၄ဆကို ရောပြီး လက်ချောင်းထိပ်လေးတွေနဲ့ အသားထဲစိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ အေးတဲ့ရာသီတွေမှာဆိုရင်အသားခြောက်တဲ့အပိုင်းတွေကို မခြောက်သွေ့အောင် အစိုဓါတ်နဲ့ထိန်းဖို့ Moisturizer ထဲကို ဆီ(လာဗင်ဒါဆီ သို့ ဗာဒံဆီ) တစ်စက်လောက်ထပ်ထည့်ပေးပါ။ ဆီအမျိုးမျိုးနဲ့ စမ်းသုံးကြည့်ပါ။

    အချို့ဆီတွေက ပိုပြီးစေးကပ်ကပ်နိုင်ပြီး ဆီတစ်မျိုးချင်းစီမှာ ကိုယ်ပိုင်အနံ့တစ်ခုစီရှိပါတယ်။ glycerin ဟာ နေရောင်ခြည်ဒဏ်ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ဒါပေမဲ့ ဈေးကွက်ထဲမှာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်မယ့် သဘာဝပစ္စည်းတွေရှိပါတယ်။ ဒီနေရောင်ကာပစ္စည်းတွေမှာ ဓါတု ပစ္စည်းတွေအစား အများအားဖြင့် zinc oxide သို့မဟုတ် titanium oxide တွေပါဝင်ကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement