backup og meta

သင့်ခန္ဓါကိုယ်ပုံသဏ္ဍာန်ကို ဘယ်လိုဆုံးဖြတ်မလဲ


Wathun Myat Chal မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ခန္ဓါကိုယ်ပုံသဏ္ဍာန်ကို ဘယ်လိုဆုံးဖြတ်မလဲ

    သင့်ခန္ဓါကိုယ်ပုံသဏ္ဍာန်ကို ဘယ်လိုဆုံးဖြတ်မလဲ။

    အဓိက ခန္ဓါကိုယ်ပုံစံ ၅မျိုးကတော့ သဲနာရီ၊ ပေတံ၊ သစ်တော်သီး ၊ ပန်းသီး နှင့် တြိဂံပြောင်းပြန် ပုံစံတွေဖြစ်ကြပါတယ်။

    အထက်ဖော်ပြပါပုံစံတွေထဲ မဝင်တဲ့ အမျိုးသမီးတွေလည်းရှိနိုင်ပါတယ်။ ဒါဆိုရင် သင်က ပိန်သွယ်သွယ်ပုံစံ သို့မဟုတ် Plus size ဖြစ်နေလို့ပါပဲ။ အရိုးအဆစ်သေးတာနဲ့ အရိုးအဆစ်ကြီးတာ၊ ရင်သားကြီးတာ သို့မဟုတ် ရင်သားသေးငယ်တာ ၊ ခါးသိမ်တာ၊ ပိန်တာ၊ ကောက်ကြောင်းတွေပေါ်တာ၊ ဝကစ်ကစ်လေးဖြစ်နေတာ သို့မဟုတ် အရမ်းဝနေတာ စသဖြင့် ပုံစံတွေကတော့အမျိုးမျိုးရှိနေမှာပါ။

    အထက်ပါခန္ဓါကိုယ်ပုံစံတွေက သင့်ခန္ဓါကိုယ်ပေါ်မြင်တဲ့အမြင်တွေကိုပြောင်းလဲပစ်နိုင်ပါတယ်။ သင့်ကိုယ်သင် ပုံစံတစ်ခုထဲထည့်ဖို့က ပိုပြီးခက်ခဲစေပါတယ်။

    သင့်ခန္ဓါကိုယ်ပုံသဏ္ဍာန်ကိုဘယ်လိုဆုံးဖြတ်မလဲ။

    • ကိုယ်လုံးပေါ်မှန်မှ အနည်းငယ်ကွာဝေးသောနေရာကနေ သင့်ခန္ဓါကိုယ်ပုံစံကို လေ့လာပါ။

    အတွင်းခံလေးဝတ်ထားကတောင်မှ ဘယ်နေရာဘာရှိလဲဆိုတာကိုကြည့်တဲ့အခါ အနှောက်အယှက်ဖြစ်နိုင်တာကြောင့် ကိုယ်လုံးတီးသာလုပ်ပါ။ ဥပမာ- ဘောင်းဘီတိုအပွတွေဝတ်တာက သင့်ခါးကို ပိုသိသာထင်ရှားစေပြီး အောက်ပိုင်းတုတ်သလိုမြင်နေရပါလိမ့်မယ်။

    • အခု သင့်ကိုယ်ပိုင်းကိုပဲအာရုံစိုက်ပါ။ ပခုံးကနေ ခါးထိ ဝတ်စုံတစ်ခုလိုမျိုး မြင်ယောင်ကြည့်လိုက်ပါ။

    ဒါက သင့်ခန္ဓါကိုယ်ရဲ့ ကောက်ကြောင်းတွေပါပဲ။ သင့်ရဲ့ ခါးအသိမ်ဆုံးနေရာကနေ နံရိုးအိမ်နေရာအထိနဲ့ ခါးလိုင်းက သင့်ခန္ဓါကိုယ်တစ်ခုလုံးကိုဆုံးဖြတ်ပေးနိုင်မှာပါ။

    သင့်ခန္ဓါကိုယ်ပုံသဏ္ဍာန်ကို လေ့လာပြီးသွားပြီဆိုရင် သင်က ဘယ်ပုံစံမျိုးထဲမှာပါသလဲဆိုတာ ဆက်ကြည့်ရအောင်။

    ခန္ဓါကိုယ်ပုံစံများ

    • ခန္ဓါကိုယ်အချိုးအစား၅မျိုး

    သဲနာရီ ခန္ဓါကိုယ်ပုံစံ : နာမည်မှာအားလုံးပါပြီးသားပါပဲ။ ဒီခန္ဓါကိုယ်မျိုးဟာ မှန်ကန်တဲ့နေရာတွေ (ရင်သား နဲ့ တင်) မှာကောက်ကြောင်းတွေထွက်နေတာမျိုးပါ။ ဒီလိုပုံစံမျိုးကို မိန်းမဆန်ဆန်ဆွဲဆောင်မှုရှိတယ်လို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့လက်ခံထားကြပါတယ်။

    ကျန်းမာရေးဆိုင်ရာ ခန့်မှန်းချက် : သဲနာရီပုံလေးတွေဟာ သူတို့ရဲ့ ရင်သားနဲ့ တင်ကြီးထွားမှုကြောင့် အီစထရိုဂျင်ပိုများပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ဖို့နဲ့ မျိုးအောင်နိုင်စွမ်းအတွက် အဓိကကျပါတယ်။

    အလှအပပိုင်းဆိုင်ရာ : pencil skirt တွေကို အရောင်ဗြောင်ဝတ်တာက ကောက်ကြောင်းတွေကို ဖော်ပြနိုင်တဲ့အပြင် ပုံရိပ်တွေ စွဲကျန်နေစေမှာပါ။

    ပေတံပုံစံ ခန္ဓါကိုယ် : ပေတံအတိုင်းပါပဲ။ ခါးနေရာမှာ ကောက်ကြောင်းအနည်းငယ်ရှိတာကလွဲလို့ ကျန်တာတဖြောင့်တည်းပါ။ သူတို့ရဲ့ကိုယ်ပိုင်းဟာ တစ်ဖြောင့်တည်းရှိပြီး ပုခုံးကလည်း ကိုယ်နဲ့တစ်ဖြောင့်တည်းပါပဲ။

    ကျန်းမာရေးဆိုင်ရာ ခန့်မှန်းချက် : WHR အချိုး မြင့်တာဟာ ရောဂါဖြစ်နိုင်ခြေတော့များပါတယ်။ သင့်ရဲ့ ခန္ဓကိုယ်အချိုးအစား body mass index ကို ကျန်းမာသော ပမာဏအတွင်းမှာထိန်းထားခြင်းက ဒီအန္တရာယ်တွေဖြစ်စေတော့မှာမဟုတ်ပါဘူး။

    အလှအပပိုင်းဆိုင်ရာ: ပေတံပုံစံလေးတွေဟာ မိန်းမဆန်ဆန် ဘလောက်စ် ဝတ်စုံလေးတွေနဲ့လိုက်ဖက်ပြီး အောက်ခြေဝိုင်းစကဒ်လေးတွေနဲ့လိုက်ဖက်ပါတယ်။

    တြိဂံပြောင်းပြန်ပုံ ခန္ဓါကိုယ်များ : ယေဘုယျအားဖြင့်တော့ ဒီခန္ဓါကိုယ်က သန်မာပြီး ကိုယ်ကာယလိုက်စားထားတဲ့ပုံမျိုးပါ။ ခန္ဓါကိုယ်ရဲ့ အကျယ်ဆုံးအစိတ်အပိုင်းလား။ ပုခုံးနဲ့ ရင်ဘတ်ပါ။ ကိုယ်ပိုင်းနဲ့ ခါးက ပိုပြီး ကျစ်လျစ်ပါတယ်။

    ကျန်းမာရေးဆိုင်ရာအကြံပြုချက် : သင့်ခါးသေးသေးလေးက နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။

    အလှအပပိုင်းဆိုင်ရာ: တြိဂံပြောင်းပြန်လေးတွေကတော့ ခြေထောက်နေရာမှာပွနေတဲ့ဘောင်းဘီနဲ့ဆိုရင်တော့ ခန္ဓါကိုယ်ကို ညီမျှသလိုဖြစ်စေပြီး ထင်ရှားနေမှာပါ။

    ပန်းသီးပုံခန္ဓါ : သင့်မှာတော့ ခါးနေရာနားအနည်းငယ်တုတ်ပြီး လုံးနေတဲ့ ပုံသဏ္ဍာန်မျိုးရှိနိုင်ပါတယ်။ သင့်ခါးလိုင်းဟာ ခါးလို့တောင်သတ်မှတ်လို့မရပါဘူး။ ရင်သားနဲ့ တင်ပါးဟာ ကျယ်ပြန့်ပြီး ခါးနဲ့တစ်ဆက်တည်းဖြစ်နိုင်ပါတယ်။ သင့်ပုံရိပ်ကလည်း လုံးနေတတ်ပြီး များသောအားဖြင့်တော့ ကလေးမွေးထားတာနဲ့ ဝနေတာကြောင့်ဖြစ်တတ်ပါတယ် ရင်သား၊ ခါးနဲ့ တင်ပါးတွေရဲ့အတိုင်းအတာတွေက အတူတူနီးပါးပါပဲ။

    သစ်တော်သီးပုံ ခန္ဓါ : သင့်မှာတော့ ခါးကနေရာတကျရှိမှာပါ။ ရင်သားနဲ့ ပုခုံးတွေက ခါးလိုင်းထက် ပိုကျဉ်းနိုင်ပြီး ပေါင်တွေနဲ့ တင်ပါးတွေကတော့ ပြည့်တင်းလုံးဝန်းနေတတ်ကာ ပုခုံးကျဉ်း (သို့) ပုခုံးလျှောလျှောတွေလည်းရှိနိုင်ပါတယ်။ သင်က အရပ်ပုနေရင်သော်လည်းကောင်း ကြွက်သားပြည့်ဝနေတဲ့ခြေထောက်တွေရှိရင်သော်လည်းကောင်း ဒီလိုဖြစ်နိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement