home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသားဖြူစေတဲ့ ကုသနည်းအကြောင်း ဘာတွေသိထားသင့်လဲ

အသားဖြူစေတဲ့ ကုသနည်းအကြောင်း ဘာတွေသိထားသင့်လဲ

အသားအရေဖြူစေသောကုထုံးများသည် အလှအပအတွက်အသုံးများကြသည်။ ထိုအကြောင်းသင်မည်မျှသိသလဲ။

အသားဖြူစေသောကုထုံးဆိုတာဘာလဲ။

လေ့လာချက်များအရ အသားအရေအရောင်ကို မယ်လနိုစိုက်မှထုတ်သော မယ်လနင်များကလုပ်ပေးသည်။ မယ်လနင်သုံးမျိုးရှိသည်။ ထိုသည်မှ ယူမယ်လနင် ဖီရိုမယ်လနင် နှင့်နူရိုမယ်လနင်တို့ဖြစ်သည်။ ယူမယ်လနင်သည် အသားနက်စေပြီး ဖီရိုမယ်လနင်သည်ဖြူစေသည်။ နူရိုမယ်လနင်က ဦးနှောက်တွင်ရှိသည်။ ထိုကြောင့် အသားဖြူစေသောကုထုံးများက မယ်လနင်လုပ်ဆောင်ချက်ကိုပြောင်းပြန်ဖြစ်စေသည်။ ယူမယ်လနင်မှ ဖီရိုမယ်လနင်သို့ပြောင်းခြင်းဖြင့်လည်းကောင်း မယ်လနင်ထုတ်ခြင်းကိုရပ်စေခြင်းလည်းကောင်းလုပ်ပေးသည်။

အသားဖြူစေသောကုထုံးဆိုသည်မှာ သဘာဝနည်းပညာသို့မဟုတ် နည်းလမ်းများကိုသုံးပြီး အသားပိုဖြူစေအောင်လုပ်ခြင်းဖြစ်သည်။

ဘာကြောင့်အသားဖြူကုထုံးကိုလုပ်သလဲ။

အဘယ်ကြောင့် မကောင်းသောဆိုးကျိုးအနည်းငယ်ရှိသောလည်းအသားဖြူကုထုံးကိုလူအများလုပ်ကြသလဲမေးကြည့်ဘူးပါသလား။ အဖြေ သည် အသားဖြူခြင်းက ပိုလှစေသည် ဆွဲဆောင်မှုရှိစေသည် ပိုယုံကြည်မှုရှိစေသည်ဟုယူဆသော်ကြောင့်ဖြစ်သည်။ သို့သော် အချို့ကိစ္စများတွင်ရောဂါအခြေအနေကြောင့်ကုသမှုခံယူကြသည်။ ဥပမာ ခရုသင်း အဖြူကွက်များအရေပြားပေါ်တွင်ပေါ်လာသည့်အခြေအနေမျိုးတွင်ပြုလုပ်သည်။ ထိုအရေပြားကိုအဖြူ အကွက်အစား အသားညီစေရန် အသားအရောင်တင်ပြီး ကုသခြင်းများလုပ်သည်။

ဘယ် အသားဖြူကုထုံးကသင်နှင့်သင့်တော်ပါသလဲ။

ကုထုံးနှစ်မျိုးရှိသည်။ သဘာဝကုထုံးနှင့် ဓါတုကုထုံးဖြစ်သည်။

ခေတ်မှီသောကုထုံးကိုနှစ်သက်သူများအတွက်-

  • ဓါတုအရေပြားခွာကုထုံး။ အရေပြားပေါ်တွင်တင်ပြီး အပေါ်ယံအလွာကိုကွာကျစေကာ ပိုသစ်လွင်တောက်ပသော အောက်အလွာကိုချန်ထားပေးသည်။ မိမိဘာသာ သို့မဟုတ် အရေပြားဆရာဝန်မှတစ်ဆင့်လုပ်နိုင်သည်။
  • ခရိုင်ရိုတရဖီ။ နိုင်ထရိုဂျင်အရေကို အရေပြားတစ်လျောက်ဆေးဘူးသို့မဟုတ် ဝါဂွမ်းဖြင့်လိုက်သုတ်သည်။ ထိုသို့လုပ်ခြင်းက ဆဲလ်များကိုခဲစေပြီး ပျက်ဆီးကာ သဘာဝအတိုင်း အသစ်များပြန်ပွားစေနိုင်သည်။
  • လေဆာဖြင့် အရေပြားပြန်ပွားစေခြင်း။ ပါဝင်နှုန်းများ အလင်းတန်းကို အရေပြားနေရာသို့ပြပေးခြင်းဖြင့် အလွာကိုဖယ်ရှားပေးသည်။
  • မိုင်ခရိုဒန်အဖယ်လေးရှင်း။ စိန် -နေထိသောအရေပြားကိုဖယ်ရှားပေးသည့်တုတ်တံ-ကိုသုံး၍ပျက်စီးပြီး သေနေသောအရေပြားဆဲလ်များကိုဖယ်ပေးသည်။
  • ဒန်အဖယ်လေးရှင်း။ အရေပြားဆရာဝန်မှခွဲစိတ်ခြင်းဖြင့် အနာသို့မဟုတ် ဝက်ခြံရှိ အမာရွတ်ကိုဆူးရာမှ ပျော့ပြောင်းအောင်လုပ်ပေးသည်။
  • အရေပြားအရောင်ချွတ်ခြင်း။ အရောင်ချွတ်သောဓါတုပါပစ္စည်းများ ဥပမာ ဟိုင်ဒရိုကွီနှုန်းများကဈေးထဲတွင်ရနိုင်သည်။ ဈေးလဲသက်သာသည်။
  • အရေပြားဖြူစေသောထိုးဆေးများ

အထက်တွင်ဖော်ပြထားသောအချို့သောဓါတုကုထုံးများကဈေးကြီးနိုင်သည်။ သို့သော် စိတ်မပူပါနှင့်သဘာဝကုထုံးများလည်းရှိပါသေးသည်။

  • သင်္ဘောသီး။ သင်္ဘောသီးစိမ်းကိုခွာပြီး အရေပြားပေါ်ပွတ်တိုက်ပေးခြင်းဖြင့် ဖြူလာစေနိုင်သည်။
  • နို့ဆား။ နို့နှင့် အခြားသဘာဝပါဝင်ပစ္စည်းများကိုရောပြီး အရေပြားပေါ်နိုပ်နယ်ပေးကာ ရေဖြင့်သန့်စင်နိုင်သည်။
  • စန္ဓကူးအနှစ်။ စန္ဒကူးအမှုန့်ကို သံပရာသီးအရည်ဖြင့်ရောပြီး ဖြစ်သောနေရာတွင်တင်ပါ။၁၅မိနစ် မှ မိနစ်၂၀အတင်းထားပြီးရေဖြင့်ဆေးပါ။
  • ကြက်ဥ အုတ်ဂျုံမှန့် နှင့် သံပုရာသီး မျက်နှာကပ်။ ကြက်ဥတစ်လုံး အုတ်ဂျုံမှုန့် နှင့် သံပရာရည်အနည်းငယ်ကို အနှစ်ဖြစ်အောင်လုပ်ပြီး အရေပြားပေါ်တင်ပါ။၁၅မိနစ်ခန့်အခြောက်ခံပြီး ရေဖြင့်ဆေးပါ။
  • ရေသောက်ခြင်း။ သင့်ခန္ဓါကိုယ်အတွက်ရေသောက်ခြင်းသည် ခန္ဓါကိုယ်ရှိအဆိပ်များဖယ်ပေးခြင်းနှင့် အမဲစက်များကိုအရောင်ဖျော့စေသည်။
  • အစားအစာ။ လိုချင်သောအသားအရေအရောင်ရရန်ကျန်းမာသောအစာအာဟာရစားသုံးပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးကိုထိန်းသိမ်းရန်အရေးကြီးသည်။ သွေးစီးခြင်းနှင့် ခန္ဓါကိုယ်အနှံ့ကို လိုအပ်သည့်အောက်ဆီဂျင်ကိုရစေသည်။

အသားဖြူကုထုံးအကြောင်းဘာတွေသိသင့်သလဲ။

သင့်အသားအရေကိုဖြူအောင်လုပ်တော့မည်ဆိုပါက အထူးသဖြင့် ဓါတုကုထုံးသုံးမည်ဆိုပါက သင်သတိထားသင့်သည့်အရာများရှိပါသည်။

  • အရေပြားစပ်ခြင်း။
  • ဓါတ်မတည့်ဖြင်း။
  • အရေပြားခဏတာ သို့မဟုတ် တသက်လုံးအရောင်ပြောင်းခြင်း။
  • စတီးရွိုက်ပါသောထုတ်ကုန်များက နှာတာရှည်ကျန်းမာရေးပြသာနာများ ဥပမာ ခုခံအားကျခြင်းတို့ကိုဖြစ်စေနိုင်သည်။
  • အရေပြားပါးခြင်း ရောဂါပိုးဝင်ခြင်း အနာဝက်ခြံ ကျက်ရန်ကြာခြင်း
  • ကင်ဆာဖြစ်နှုန်းများခြင်း
  • အရေပြားအသက်ကြီးမှုစောခြင်း

အကယ်၍အသားဖြူဖို့လုပ်မည်ဆိုပါက ပိုလေ့လာမှုများလုပ်သင့်ပြီး သင့်ကျန်းမာရေးနှင့်သင့်တော်မတော် သိထားသင့်သည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Skin whitening treatments: what you need to know about. https://www.illuminatural6i.com/info/skin-whitening-treatment/ Accessed July 29, 2016

How to get whiter skin. http://theskinwhiteningtreatment.com/Accessed July 29, 2016

စာရေးသူ ဓာတ်ပုံbadge
Nadi မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။