မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
အပူလွန်ကဲတာကြောင့် မိတ်ထွက်ခြင်းဟာ အင်မတန်အဖြစ်များပြီး ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ အဖြစ်များလေ့ရှိပါတယ်။ မိတ် ဟာပုံမှန်အားဖြင့် နာကျင်လေ့မရှိပေမယ့် အင်မတန်ယားယံစေတာမို့ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် တချက်တချက် စူးခနဲ နာသလို ခံစားရလေ့ရှိတာကြောင့် သင့်ကို စိုးရိမ်ပူပန်စိတ်တွေ ဖြစ်စေနိုင်ပြီး တချို့ မိတ်ဖုလေးတွေဟာ သွားထိရင် နာတတ်ပါတယ်။ မိတ်ထွက်တာဟာ ပုံမှန်အားဖြင့် အထူးတလည်ကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားလေ့ရှိပေမယ့် အရမ်းကြီးဆိုးရွားလာရင်တော့ ဆေးကုသမှုခံယူဖို့လိုမှာဖြစ်ပြီး အကောင်းဆုံးကုသမှုကတော့ သင့်အရေပြားကို အေးမြအောင်ထားတာနဲ့ တတ်နိုင်သမျှ ချွေးမထွက်အောင် ကာကွယ်တာပဲ ဖြစ်ပါတယ်။
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အဓိက တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ဦးခေါင်း၊လည်ပင်း နဲ့ ပုခုံးတို့မှာ သေးငယ်ပြီး ယားယံစေတဲ့ အဖုလေးတွေ ပေါက်လာတာ ဖြစ်ပါတယ်။ မိတ်ပေါက်နေတဲ့ နေရာတွေကို အဝတ်အစားနဲ့ ထိမိတာ ဒါမှမဟုတ် ကုတ်တဲ့အခါ အင်မတန် အနေရအထိုင်ရ ခက်စေပြီး ရှားရှားပါးပါးဆိုသလို အရေပြားပိုးဝင်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ချွေးဂလင်းရဲ့ပြွန်တွေကို ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ပိတ်ဆို့စေသလဲဆိုတာကို မူတည်ပြီးတော့ မိတ်ဖုတွေကို အမျိုးအစား ခွဲခြားနိုင်ပြီး အမျိုးအစားတခုချင်းစီမှာ သက်ဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
ချွေးဂလင်းပြွန်တွေ ပိတ်ဆို့တာကြောင့် မိတ်ပေါက်ရပါတယ်။ ချွေးဂလင်းပြွန်တွေ ဘာလို့ပိတ်ဆို့ရသလဲဆိုတာ အတိအကျ မသိရသေးပေမယ့် အောက်ဖော်ပြပါ အချက်တွေကတော့ တစိတ်တဒေသပါဝင်နေမှာပါ။
အပူကြောင့် မိတ်ပေါက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အလှုပ်အရှားများခြင်း ။ ။ ချွေးအလွန်အကျွံထွက်စေတဲ့ လှုပ်ရှားမှုတွေ (အထူးသဖြင့် ချွေးအငွေ့ပျံဖို့ မလွယ်ကူတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့အခါ) ပြုလုပ်ရင် ပိုပြီး မိတ်ပေါက်စေပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။
သင့်ဆရာဝန်အနေနဲ့ မိတ်တွေရဲ့ ပုံစံကို ကြည့်ရုံနဲ့ အလွယ်တကူ အဖြေရှာ အတည်ပြုနိုင်မှာဖြစ်ပြီး ဒါဟာ အရေးကြီးစိုးရိမ်စရာ ကိစ္စလည်း မဟုတ်ပါဘူး။
မိတ်တွေဟာ ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်သွားလေ့ ရှိပြီး အနည်းငယ် ဆိုးရွားလာရင်တော့ ရောဂါလက္ခဏာတွေသက်သာသွားဖို့နဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် မိတ်ဖုလေးတွေကို calamine lotion ၊ anhydrous lanolin နဲ့ စတီးရွိုက် အစရှိတဲ့ လိမ်းဆေးရည်တွေ လိမ်းပေးနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။