backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသက်ကြီးလာ၍ ပေါ်လာသော အစက်အပြောက်များ (Age spot) ဆိုတာဘာလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက်ကြီးလာ၍ ပေါ်လာသော အစက်အပြောက်များ (Age spot) ဆိုတာဘာလဲ

Age spot ဆိုသည်မှာ နေလောင်များရင်၊ အသက်အရွယ်ရလာရင်ပေါ်လာတတ်ပြီး အသည်းထိခိုက်မှုရှိလျှင်လည်းပေါ်တတ်တဲ့ အရေပြားပေါ်က အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် အမည်းရောင် အစက်အပြောက်တွေဖြစ်တယ်။ မျက်နှာ၊ လက်၊ ပုခုံးနဲ့ လက်မောင်းများကဲ့သို့ နေလောင်ခံများသော အရေပြားပေါ်မှာ ပေါ်လေ့ရှိတယ်။ အရွယ်အစားအမျိုးမျိုးရှိပြီး အရေပြားကင်ဆာနဲ့ ဆက်နွယ်ခြင်းမရှိပါဘူး။ အသက် ၅၀ နောက်ပိုင်းမှာ ပေါ်ပေါက်လေ့ရှိပြီး အသက်ငယ်သူတွေမှာတော့ နေရောင်အထိများသောလူများမှာ ပေါ်လေ့ရှိပါတယ်။

ဘယ်လိုပုံစံရှိလဲ

များသောအားဖြင့် အသားလတ်သော၊ ဖြူသောသူများမှာ ထင်ရှားလေ့ရှိပြီး အသားညိုသူတွေမှာလည်း တွေ့ရတတ်ပါတယ်။ မှဲ့ခြောက်အရွယ်မှ တစ်စင်တီမီတာအထိ အရွယ်အမျိုးမျိုးရှိသော ဘဲဥပုံ ရှည်မျောမျောအစက်တွေဖြစ်တယ်။ ပုံမှန်အသားအရေ အရောင်ပေါ်မူတည်ပြီး အညိုဖျော့ဖျော့မှ အမည်းထိ အရောင်အမျိုးမျိုးရှိပါတယ်။ လက်ဖမိုး၊ ခြေဖမိုး၊ မျက်နှာ၊ ပုခုံး၊ ကျောပြင်အပေါ်ပိုင်းတွေလို နေရောင်ကို နှစ်ရှည်လများထိတွေ့လာရသော အစိတ်အပိုင်းတွေမှာ ပေါ်လေ့ရှိတယ်။ တစ်စက်တစ်စက်ဟာ သေးငယ်ပေမယ့် ပေါင်းစပ်သွားပြီး ထင်ရှားလာတတ်ပါတယ်။

ဘယ်အချိန်မှာဆရာဝန်ပြသင့်လဲ

အများစုက ထိုသို့ပေါ်လာတာကို သဘောမကျကြပေမယ့် ထိုအစက်အပြောက်တွေဟာ အန္တရာယ်မရှိတဲ့အတွက် ဆေးကုသဖို့မလိုပါဘူး။ ဒါပေမယ့် အရောင်ပြောင်းလာတာ၊ ပုံစံပြောင်းလာတာနဲ့ အစက်တွေရဲ့ အနားသတ်က ပုံစံမမှန်ရင်တော့ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ မှဲ့ကင်ဆာ လက္ခဏာတွေဖြစ်နေနိုင်တာကြောင့် ဆရာဝန်ပြသင့်ပါတယ်။

ဘာတွေက ထိုအစက်တွေ ဖြစ်စေသလဲ

မယ်လနင် (Melanin) ဆိုတာ အရေပြား အပေါ်ယံလွှာမှာရှိတဲ့ ကျွန်ုပ်တို့ အသားအရေ အရောင်ကို ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးပါ။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ အရေပြား အောက်လွှာတွေကို ကာကွယ်ပေးဖို့ ထိုရောင်ခြယ်ပစ္စည်း ပိုထုတ်ရပါတယ်။ ထို့ကြောင့် နေရောင်မှ ခရမ်းလွန်ရောင်ခြည် နှစ်ပေါင်းများစွာ ထိတွေ့တဲ့အခါ ထိုအစက်တွေ ပေါ်လာရပါတယ်။ အနောက်နိုင်ငံတွေမှာ အသားညိုစေရန်အသုံးပြုတဲ့ အိပ်ရာ၊ မီးချောင်း စသည်တို့ကို အသုံးပြုနည်းလွဲနေရင်လည်း ထိုအစက်များပေါ်တတ်ပါတယ်။

ထိုအစက်အပြောက်တွေဟာ အသက်လေးဆယ် ကျော်ချိန်လောက်မှာ ပေါ်လာတတ်တယ်။ အသက်ကြီးလာတာနဲ့အမျှ အရေပြားဟာ ပါးလာပြီး ကျုံ့ဆန့်သတ္တိ နည်းလာပါတယ်။ ထို့အတူပဲ အသားအရေ အရောင်ပြောင်းစေတဲ့ နေလောင်မှုကြောင့် အရေပြားထိခိုက်မှုတွေလည်း ပိုဖြစ်လာတတ်တယ်။

တချို့သော သိပံပညာရှင်တွေ ကတော့ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ စားသောက်မှုပုံစံ မှားယွင်းခြင်းနဲ့ အသည်းမကောင်းလျှင်လည်း ထိုအစက်အပြောက်တွေ ပေါ်လာနိုင်တယ်လို့ ဆိုကြပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement