backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရေပြားအနီ၊ခရမ်း အစက်အကွက် Purpura ဆိုတာဘာလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရေပြားအနီ၊ခရမ်း အစက်အကွက် Purpura ဆိုတာဘာလဲ

Purpura ဆိုတာ အရေပြား အောက်ရှိ သွေးကြောငယ်လေးများမှ သွေးယိုမှုကြောင့် အရေပြားမှာပေါ်လာတတ်သော ခရမ်းရောင်၊ အနီရောင် အစက်အကွက်များဖြစ်တယ်။ ဖိလိုက်ပါက ပျောက်သွားခြင်းမရှိပါ။ ကိုယ်တွင်းအင်္ဂါများ၊ ပါးစပ်အတွင်းရှိ အမြှေးအပါအဝင် အမြှေးများတွင်ပါ ဖြစ်ပေါ်လေ့ရှိပြီး အရေပြားပေါ်ရှိအစက်များက အသိသာဆုံးဖြစ်တယ်။

Purpura ဖြစ်စေသောအချက်များ

  • Non thrombocytic Purpura ။ သွေးခဲစေသော သွေးမွှားဥ (platelet) လျှော့ကျခြင်းမရှိဘဲ ပေါ်လာသော purpura
  • Thrombocytopenic Purpura ။ သွေးခဲစေသော သွေးမွှားဥ (platelet) ပမာဏ လျော့ကျသောကြောင့် ပေါ်လာသော purpura ဟူ၍နှစ်မျိုးရှိပါတယ်။
  • သွေးမွှားဥ ပမာဏလျော့ကျခြင်း မရှိသော purpura ကို ဖြစ်စေသော အကြောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • သွေးခဲခြင်းနှင့်ပတ်သက်၍ ပြဿနာများရှိခြင်း
    • Telangiectasia (အရေပြားနှင့် တွယ်ဆက်တစ်ရှူး များ အားနည်းသော ရောဂါ)နှင့် Ehlers-danlos syndrome ကဲ့သို့ မွေးရာပါရောဂါများ
    • Steroids ၊ sulfonamides စသည့် သွေးမွှားဥ လုပ်ငန်းကို ထိခိုက်စေသောဆေးများ မှီဝဲနေခြင်း
    • သွေးကြောများ ရောင်ရမ်းခြင်း
    • ဗီတာမင် စီလျှော့နည်းခြင်း

    ကလေးရော လူကြီးပါ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေမှာ ဗိုင်းရပ်စ်ပိုးဝင်အပြီး ဖြစ်ပေါ်တတ်ပြီး တစ်ခါတရံကုသမှုမလိုဘဲ ပျောက်ကင်းတတ်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှတွေ့ရတဲ့ purpura ကတော့ နာတာရှည်တတ်ပြီး သွေးမွှားဥ (platelet) ပမာဏထိန်းထားနိုင်မယ့် ကုသမှုမျိုးလိုအပ်ပါလိမ့်မယ်။

    ကုသမှု

    Corticosteroids လူနာအများစုဟာ prednison ကဲ့သို့ Corticosteroids တစ်မျိုးသောက်ခြင်းဖြင့် ကုသမှုစတင်လေ့ရှိပါတယ်။ ထိုဆေးဟာ ကိုယ်ခံအားစနစ်ကို လျှော့ချလိုက်ခြင်းဖြင့် သွေးမွှားဥပမာဏ တက်လာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ သွေးမွှားဥ ပမာဏ ပုံမှန်ပြန်ရောက်ဖို့ ၂ပတ်မှ ၆ပတ်အထိ ကြာနိုင်ပြီး ထို့နောက်တွင်တော့ ဆေးရပ်လိုက်ဖို့ ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။

    Intravenous immunoglobulin (IVIG) ။ ခုခံအား အကြောဆေးသွင်းခြင်း ။ အကြောဆေးထိုးရပြီး ကုန်ကျစရိတ်များတာကြောင့် ကုသဖို့အတွက် ပထမဆုံးရွေးချယ်မှုမဟုတ်ပေ။ သွေးမွှားဥ ပမာဏလျင်မြန်စွာ တက်စေသော်လည်း အချိန်တို သာဖြစ်သောကြောင့် IVIG ကို ခွဲစိတ်မှုမတိုင်မီ သို့မဟုတ် သွေးအလွန်အကျွံထွက်နေသည့်လူနာမျိုး ကဲ့သို့ သွေးမွှားဥ ပမာဏ အလျင်အမြန်ပြန် တက်လိုသည့် အခြေအနေမှာ အရေးပေါ်ကုသမှုအနေနဲ့ သုံးတတ်ကြပါတယ်။ ထိုကုသမှုဟာ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ ဖျားခြင်းနှင့် သွေးပေါင်ကျခြင်းကဲ့သို့ ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေနိုင်ပါတယ်။

    Splenectomy ဘေလုံးထုတ်ခြင်း ။ အကယ်၍ အခြေအနေဆိုးပြီး သာမန်ကုသမှုများ မထိရောက်တော့ပါက ဆရာဝန်က ဘေလုံး ဖယ်ထုတ်ပစ်ဖို့ အကြံပေးပါလိမ့်မယ်။ ဘေလုံးဟာ ခန္ဓါကိုယ်မှာ သွေးမွှားဥကို အဓိက ဖျက်ဆီးသော အင်္ဂါဖြစ်တာကြောင့် ဘေလုံးထုတ်ခြင်းဟာ သွေးမွှားဥ ပမာဏလျင်မြန်စွာတက်စေသော နည်းတစ်နည်းဖြစ်တယ်။ ဒါပေမယ့် ထိုနည်းဟာ အားလုံးအတွက် ထိရောက်သော နည်းတစ်နည်းတော့မဟုတ်ပေ။ ခွဲစိတ်မှုဖြစ်တာကြောင့် ရောဂါပိုးဝင်နိုင်ချေ များခြင်းကဲ့သို့ အန္တရာယ်များကြုံရနိုင်ပါတယ်။

    ကုသမှုခံယူနေစဉ်မှာ aspirin ၊ ibuprofen ကဲ့သို့ သွေးမွှားဥ ပမာဏကျစေသော ဆေးများမှီဝဲခြင်း ရှောင်ရှားရပါမယ်။ ဒဏ်ရာရမှု၊ ထိခိုက်မှု၊ သွေးယိုမှုတွေကို အတတ်နိုင်ဆုံးရှောင်နိုင်ရန် လှုပ်ရှားမှုများ ကိုလည်းသတိထားရပါမယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement