အထိုင်များလို့၊ လှုပ်လှုပ်ရှားရှား သိပ်မရှိလို့ အကြောအခြင်တွေ တောင့်တင်းနေတာ၊ အကြောတက်တာ၊ နာကျင်ကိုက်ခဲတာ၊ ခြေထောက် တွေလေးလံတာ စတဲ့ အဆင်မပြေမှုတွေ အဖြစ်များကြပါတယ်။ ဒါတွေကို သက်သာစေဖို့ gym လည်း မသွားနိုင်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးနိုင်၊ လမ်းလျှောက်ထွက်ပြန်တော့လည်း ခြေထောက်ပိုတောင့်လာတယ်ဆိုသူတွေ အတွက် ၅ မိနစ်မကြာတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။