backup og meta

ချွေးပေါက်ပိတ်ဆို့မှုတွေကို သက်သာစေမယ့် အိမ်တွင်းကုထုံး


Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချွေးပေါက်ပိတ်ဆို့မှုတွေကို သက်သာစေမယ့် အိမ်တွင်းကုထုံး
    ချွေးပေါက်ပိတ်ဆို့မှုကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအရေပြားပြဿနာတွေကအများကြီးပါ။ မျက်နှာပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့တဲ့ အခါ အဆီဖုတွေဖြစ်တာ၊ ဝက်ခြံတွေဖြစ်တာနဲ့ အခြားသောအရေပြားပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့်ချွေးပေါက်လေးတွေ ပွင့်နေစေဖို့ကိုလည်းသေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    ဒါတွေကြောင့်ချွေးပေါက်ပိတ်ရတာပါ

    ချွေးပေါက်ပိတ်စေရတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အရေပြားပေါ်က ဆဲလ်သေတွေ ကြောင့်ချွေးပေါက်တွေ ပိတ်ဆို့ရတာပါ။ချွေးပေါက်လေးတွေက အရေပြားအတွင်းပိုင်းထဲကချွေးတွေ အဆီတွေကိုပြင်ပကို ထုတ်လွှတ်ပေးဖို့ အဓိက လုပ်ဆောင်ကြပါတယ်။ တကယ်လို့ချွေးပေါက်လေးတွ ပိတ်ဆို့သွားတဲ့ အခါ ဒီအလုပ်တွေကို မလုပ်ဆောင်နိုင်တော့ဘဲ မျက်နှာအသားအရေပေါ်မှာ ဆားဝက်ခြံတွေ၊ ဝက်ခြံတွေဖြစ်လာရပါတော့တယ်။နောက်ထပ်တွေ့ကြုံရနိုင်တဲ့ အရေပြားပြဿနာတစ်ခုက အသားအရေခြောက်သွေ့ညိုမွဲတာမျိုးပါ။

  • လေထုထဲက အဆိပ်အတောက်တွေကြောင့်
  • noncomedogenic မိတ်ကပ်တွေကြောင့်
  • မျက်နှာကိုလက်နဲ့ထိတွေ့တဲ့အခါ လက်မှာပါသွားတဲ့ အဆီတွေကြောင့်
  • ချွေးကြောင့် စတဲ့အချက်တွေကြောင့်အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့ရတာပါ။
  • အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့မှုကို သက်သာစေမယ့် အရေပြား ကုထုံးတွေက ဘာတွေများလဲ……..

    အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့မှုကင်းပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့

    ဆဲလ်သေတွေကို ဖယ်ရှားပါ

    အပေါ်မှာပြောခဲ့သလိုပါပဲ။ တစ်ခါတလေမှာ အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့ရတာက ဆဲလ်သေတွေကြောင့် ပါ။ ဒါကြောင့် တစ်ပတ်တစ်ကြိမ်၊ အများဆုံး ၂ ကြိမ်လောက် သဘာဝပစ္စည်းတွေနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ဓါတုပစ္စည်းပါဝင်တဲ့ ဆဲလ်သေဖယ်ရှားတဲ့ ဂျယ်လ်ကို သုံးပြီးဖြစ်ဖြစ် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါ။

    ရေနွေးငွေ့ခံပါ

    မျက်နှာကိုရေနွေးငွေ့ခံပေးတာကလည်းချွေးပေါက်တွေကို ပွင့်စေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကြောင့် မျက်နှာကို သန့်စင်အောင်ဆေးကြော သန့်စင်ပြီးတဲ့အခါရေဇလုံတစ်ခုထဲကိုရေနွေးထည့်လို့ မျက်နှာကိုရေနွေးခံပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးပါ။ အသားအရေကို ကြည်လင်စေဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။

    ရေနွေးဝတ်ကပ်ပါ ဒါမှမဟုတ်ရေအေးဝတ်ကပ်ပါ

    ချွေးပေါက်ပိတ်တာ၊ ဝက်ခြံတို့ကို သက်သာစေဖို့ရေနွေးဝတ်ကပ်ပေးလို့ရသလိုရေအေးဝတ်ကပ်ပေးလို့လည်းရပါတယ်။ ဒီလိုလုပ်ပေးတာကချွေးပေါက်ထဲက အရာတွေကို ဖယ်ရှားပေးပြီးချွေးပေါက်တွကိုပြေလျော့စေနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက ဝက်ခြံတွေကို သက်သာစေနိုင်ပြီးရောင်ရမ်းမှုကို ပါသက်သာစေနိုင်ပါတယ်။

    ခရမ်းချဉ်သီးအရည်

    ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့တို့ယူလို့ချွေးပေါက်လေးတွေပေါ်မှာ လိမ်းပေးပါ။ပြီးရင် ၅ မိနစ်လောက်ထားပေးပါ။ပြီးရင်တော့ရေဆေးချလိုက်ပါ။ ပျားရည်နဲ့ခရမ်းချဉ်သီးအရည်ကိုရောစပ်ပြီး မျက်နှာပေါင်းတင်ဖို့အတွက်လည်း သုံးလို့ရပါတယ်။

    သံပရာရည်နဲ့သကြား

    သံပရာရည်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ သဘာဝပစ္စည်းတစ်ခုပါ။ ဆဲလ်သေတွေဖယ်ရှားပေးမှုနဲ့အတူချွေးပေါက်တွေကိုပါ ပွင့်စေနိုင်ပါတယ်။ သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ရောစပ်လို့ သံလွင်ဆီ နှစ်စက်လောက်ကို ပါထပ်ရောလိုက်ပါ။ ရလာတဲ့အရောကို သန့်စင်ပြီးရေခြာက်အောင်သုတ်ထားတဲ့ အရေပြားပေါ်မှာ လူးပေးပါ။ သကြားနဲ့သံပရာရည်က အရေပြားပေါ်က ဆဲလ်သေတွေကို ထိထိရော်ကရောက်ဖယ်ရှားပေးပြီး သံလွင်ဆီက အစိုဓာတ်ကို ထိန်းပေးမှာပါ။ပြီးရင်တော့ရေနွေးဝတ်သန့်သန့်လေးနဲ့ မျက်နှာကို သန့်စင်ပေးပါ။

    နနွင်းနဲ့သနပ်ခါး

    နနွင်းက အဆီပိုတွေကို ဖယ်ရှားပေးပြီး အရေပြားပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ထိထိရောက်ရောက် နှိမ်နှင်းပေးနိုင်ပါတယ်။ သနပ်ခါးကတော့ အရေပြားကိုချောမွေ့စေနိုင်ပါတယ်။ နနွင်းနဲ့သနပ်ခါးကို ဆတူရောစပ်ပြီး မျက်နှာပေါ်မှာလိမ်းလိုက်ပါ။ခြောက်သွားတဲ့အခါရေနဲ့ဆေးချလိုက်ပါ။

    တမာရွက်

    အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားယားယံတာ၊ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ တမာရွက်ကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ထဲကို နနွင်းနည်းနည်းထည့်လိုက်ပါ။ပြီးရင် မျက်နှာပေါ်မှာ လူးပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက အရေပြားချွေးပေါ်တွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement