backup og meta

ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ

    ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆောင်းရာသီက အေးမြပြီး နေရထိုင်ရ အဆင်ပြေပေမယ့် ဆောင်းရာသီမှာ အရေပြားဆံသားနဲ့ ဦးရေပြားတွေကိုတော့ ဂရုစိုက်ရပါမယ်။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာ ဖြစ်နိုင်သလို၊ ဆံသား ခြောက်သွေ့ကြမ်းတမ်းတာနဲ့ ဦးရေပြားမှာ ဗောက်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

    ဗောက်ဆိုတာ

    ဗောက်ဆိုတာက ဦးရေပြားမှာ အဖြူရောင် အဖတ်အဖတ်လေးတွေဖြစ်ပေါ်တာပါ။ဗောက်ဖြစ်တာက အလှပျက်စေသလို ဦးရေပြားမှာ ယားယံမှုကိုဖြစ်စေနိုင်ပါတယ်။ဗောက်က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ကုသဖို့လည်း မလွယ်ကူပါဘူး။ ဆောင်းရာသီလိုမျိုး အေးမြတဲ့ရာသီမှာ ပုံမှန်ထက် ဗောက်တွေပိုဖြစ်နိုင်ပါတယ်။ ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရပေမယ့် ဗောက်မဖြစ်အောင်ကာကွယ်လို့တော့ရပါတယ်။

    ဒီအချက်တွေကြောင့် ဗောက်ထနိုင်ပါတယ်

    ဆံပင်ကို ဖြီးသင်မှု သိပ်မရှိတာ – ဆံပင်ကို မှန်မှန်လေးဖြီးပေးတာက ဗောက်တွေကို သက်သာစေနိုင်ပါတယ်။

    မှိုပိုးတွေကြောင့် – မှိုပိုးတွေကြောင့်ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာဗောက်ဖြစ်လွယ်ပါတယ်။ ဗောက်တွေက ဆောင်းရာသီမှာပိုဆိုးပြီး နွေရာသီလိုမျိုးရာသီမှာတော့ နည်းနည်းသက်သာပါတယ်။နေရောင်ခြည်မှာပါတဲ့ UVA က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    အရေပြားခြောက်သွေ့တာ – အရေပြားခြောက်သွေ့တာ ဦးရေပြားမှာ ဗောက်ပိုထစေတဲ့အကြောင်းအရာပါ။ ဆောင်းရာသီရဲ့ အေးမြတဲ့လေထုနဲ့ အခန်းတွင်းအပူချိန်တွေက ဦးရေပြားမှာ ဗောက်ပိုဖြစ်စေနိုင်သလို ယားယံမှုတွေကို ပါဖြစ်စေနိုင်ပါတယ်။

    ခေါင်းလျှော်ရည်တွေကြောင့် -ခေါင်းလျှော်ရည်တွေကြောင့်လည်း ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထနိုင်ပါတယ်။ မကြာခဏခေါင်းလျှော်ရည်အမျိုးမျိုးသုံးပြီး ခေါင်းလျှော်တာကလည်းဗောက်ထစေနိုင်ပါတယ်။

    ရောဂါအခံတစ်ခုခုရှိတာကြောင့် – အာရုံကြောဆိုင်ရာရောဂါတစ်ခုခု ခံစားနေရသူတွေမှာလည်းဗောက်ထနိုင်တဲ့ အခြေအနေက အခြားသူတွေထက်ပိုများပါတယ်။ ပါကင်ဆန်ဝေဒနာခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေက အခြားသူတွေထက် ဗောက်ပိုထနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်သွားတာ၊ လေဖြတ်တာမျိုးခံစားရဖူးတဲ့သူတွေမှာ ဗောက်ထနိုင်ခြေက တော်တော်လေးများပါတယ်။

    စားသောက်မှုပုံစံ -နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဇင့်၊ ဗီတာမင် B နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီတွေမပါဝင်တာကြောင့်လည်း ဗောက်ထနိုင်ပါတယ်။

    စိတ်ဖိစီးတာစိတ်ဖိစီးတာက ဗောက်ထတာအပြင် အရေပြားပြဿနာအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။

    အသက်အရွယ် – ဆယ်ကျော်သက်တွေနဲ့ သက်လတ်ပိုင်းအရွယ်တွေက အသက်ကြီးတဲ့သူတွေထက်ဗောက်ပိုဖြစ်နိုင်ပါတယ်။ဟော်မုန်းပြောင်းလဲမှုကြောင့် အခုလိုမျိုးဖြစ်ရတာပါ။

    ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ ကို ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေက

    ဒီနည်းလမ်းတွေက ဗောက်ဖြစ်တာကို ရပ်တန့်သွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဗောက်ပျောက်အောင် လုပ်ဆောင်တဲ့နေရာမှာ အသက်အရွယ်နဲ့ ဗောက်ဖြစ်တဲ့ အခြေအနေပြင်းထန်မှုအပေါ်မူတည်ပြီး ဗောက်ပျောက်အောင်လုပ်ဆောင်ရတာက ကွာခြားနိုင်ပါတယ်။ ဒီနည်းလေးတွေလုပ်ကြည့်ပြီးဗောက်သက်သာအောင်လုပ်ဆောင်ပေးကြည့်ပါ။

    စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ – စိတ်ဖိစီးမှုကြောင့် ဦးရေပြားမှာ ဗောက်ထနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းလေးတွေရှာကြည့်ပါ။

    ပုံမှန် ခေါင်းလျှော်ပေးပါ – ဦးရေပြားအဆီပြန်တတ်တဲ့သူတွေအနေနဲ့တော့ ခေါင်းကို ပုံမှန်လေးလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း တွေ့ကရာခေါင်းလျှော်ရည်နဲ့ လျှော်တာမျိုးမလုပ်ဘဲ ဗောက်သက်သာတဲ့ခေါင်းလျှော်ရည်မျိုးနဲ့ လျှော်ဖို့ပြောပါရစေ။ ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ ဆံသားနဲ့ကိုက်ညီမယ့် အမျိုးအစားကို သတိထားရွေးချယ်ဖို့က မမေ့သင့်ပါဘူး။ ဗောက်ထနေတာအတွက် ထုတ်ထားတဲ့ခေါင်းလျှော်ရည်တွေထဲမှာမှ အမျိုးသားသုံးနဲ့ အမျိုးသမီးသုံးဆိုပြီး ကွာပါသေးတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ကို ဂရုတစိုက်ရွေးချယ်ဖို့ လိုပါလိမ့်မယ်။

    နေရောင်ခြည်နဲ့ထိတွေ့ပါ – ဦးရေပြားကို နေရောင်ခြည်ထိတွေ့ပေးတာကလည်း ဗောက်သက်သာစေတဲ့ နည်းလမ်းတွေထဲကတစ်ခုပါ။

    လက်ဖက်ဆီလက်ဖက်ဆီက ဗောက်ပျောက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဦးရေပြားကို လက်ဖက်ဆီလူးပြီး နှိပ်နယ်ပေးပါ။

    ဒိန်ချဉ်နဲ့ သံပရိုသီး – ဒိန်ချဉ်ထဲကို သံပရိုသီးနည်းနည်းလောက်ညှစ်ထည့်ပြီး ဆံပင်ကို ပေါင်းတင်ပေးမယ်ဆိုရင်ဆောင်းရာသီအအေးဒဏ်ကြောင့် ဗောက်ထတာကိုရော ဆံပင်ကျွတ်တာကိုပါ သက်သာစေနိုင်ပါတယ်။

    ဆီအပူပေးပြီး နှိပ်နယ်ပါသံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို အပူပေးပြီး ခဏအအေးခံလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံသားမှာလူးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဆံပင်ကို အရင်းကနေ အဖျားအထိ အာဟာရပြည့်ဝစေပြီး ဆောင်းရာသီအအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာကို သက်သာစေနိုင်ပါတယ်။

    တမာရွက်နဲ့ အုန်းဆီတမာရွက်က မှိုပိုးတွေကိုသေစေနိုင်ပြီး ဦးရေပြားယားယံတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီထဲကို တမာရွက်ထည့်စိမ်ပြီး လူးပေးလို့ရပါတယ်။

    အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပြီး အေးမြတဲ့ ဆောင်းရာသီမှာ ဗောက်ကင်းစင်ပြီး တောက်ပြောင်တဲ့ ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 01/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement