backup og meta

လက်သည်းကြီးတွေ ခုံးပြီးဖောင်းနေတာ ဘာ့ကြောင့်လဲ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းကြီးတွေ ခုံးပြီးဖောင်းနေတာ ဘာ့ကြောင့်လဲ ။

    ပုံမှန်ဆို လက်သည်း တွေက ရေပြင်ညီအတိုင်း ပြေပြေလေးပဲရှိနေရမှာပါ။ ဒါပေမယ့် လက်သည်းတွေ ခုံးပြီး ဖောင်းနေတယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ပြဿနာတစ်ခုခုဖြစ်နေပါပြီ။ ဒီတော့ ဆေးပညာအရ clubbing လို့ခေါ်တဲ့ ဒီလက်သည်းခုံးတဲ့ ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။

    ပုံမှန်မဟုတ်တဲ့ လက်သည်းခုံးခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

    လက်သည်းခုံးခြင်း clubbing ကိုဖြစ်စေတဲ့အကြောင်းအရင်းအများကြီးရှိပါတယ်။ ဆက်ကြည့်လိုက်ရအောင်။

    လက်သည်းခုံးခြင်းကို primary နဲ့ secondary ဆိုပြီး ၂ မျိုးခွဲခြားလို့ရပါတယ်။ primary ဆိုတာ လက်သည်းကိုယ်တိုင်က ဖြစ်တာကို ပြောတာဖြစ်ပြီး secondary ကတော့ အခြားကျန်းမာရေး အခြေအနေတွေကြောင့် လက်သည်းခုံးလာတာကို ပြောဖြစ်ပါတယ်။

    Primary clubbing…

  • မိသားစု မျိုးရိုးမှာကိုတည်းက ဒီလို လက်သည်းခုံးနေတဲ့ ပြဿနာရှိရင် အခြား ကျန်းမာရေးဘာပြဿနာမှ မရှိဘဲ လက်သည်းခုံးနေနိုင်ပါတယ်။
  • secondary clubbing…

    အပေါ်မှာပြောထားတဲ့အတိုင်း ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဒီလို လက်သည်းခုံးရတယ်ဆိုတော့ ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်မလဲ။

    အဆုတ် –

    • အဆုတ်နဲ့ ပက်သက်ပြီး နာမည် အကြီးဆုံးကတော့ အဆုတ်ကင်ဆာပါ။ အဆုတ်ကင်ဆာဖြစ်နေတဲ့ လူနာ ၂၉ ရာခိုင်နှုန်းလောက်မှာ Clubbing ရှိတဲ့ အတွက် Clubbing ဟာ အဆုတ်ကင်ဆာရဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ အဆုတ်ကင်ဆာမှာဆို small cell lung cancer ထက်စာရင် non-small cell lung cancer သမားတွေ က ပိုဖြစ်နိုင်ပါတယ်။
    • အဆုတ်ရောဂါတွေထဲက နောက်တစ်ခုဖြစ်တဲ့ bronchiectasis ( လေပြွန်တွေကျယ်နေပြီး အဆုတ်ပိုးဝင်ချွဲထတဲ့ပြဿနာ) ဟာလည်း လက်သည်းခုံးခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတွေထဲက တစ်ခုပါ။
    • နောက်ပြီး အဆုတ်ပြည်တည်တာ၊ အဆုတ်တီဘီရောဂါဖြစ်တာနဲ့၊ အဆုတ်ခဲတဲ့ ပြဿနာတွေကလည်း clubbing ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲတစ်ခုပါ။

    ကင်ဆာ

    • အဆုတ်ကင်ဆာအပြင် လက်သည်းခုံးခြင်းကိုဖြစ်စေတဲ့ နောက်ကင်ဆာတစ်ခုကတော့ Hodgkin’s lymphoma လို့ခေါ်တဲ့ သွေးကင်ဆာပဲ ဖြစ်ပါတယ်။

    နှလုံး

  • နှလုံးထဲမှာဆိုရင်တော့ မွေးရာပါ နှလုံးရောဂါဖြစ်တဲ့ tetralogy of Fallot လို့ခေါ်တဲ့ နှလုံးရောဂါကြောင့် နှလုံးကောင်းကောင်းမညှစ်နိုင်တော့ဘဲ အောက်ဆီဂျင်ကောင်းကောင်းမရကာ ပြာနှမ်းလာတဲ့ ရောဂါတစ်ခုပါ။ tetralogy of Fallot ရဲ့ လက္ခဏာတွေထဲမှာ လက်သည်းခုံးတဲ့ ပြဿနာဟာလည်း တစ်ခုအပါအဝင်ပါ။
  • အစာအိမ်နှင့် အူလမ်းကြောင်း ။ ။

  • Crohn’s disease နဲ့ ulcerative colitis.တို့လို အစာအိမ်အနြာဖစ်တဲ့ပြဿနာတွေ၊ အသည်းခြောက်တဲ့ပြဿနာတွေဟာလည်း လက်သည်းခုံးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေထဲကတစ်ခုပါ။
  • Endocrine problems ( ဟော်မုန်းနဲ့ ဆိုင်တဲ့ပြဿနာ)

    Clubbing ရှိမရှိဘယ်လိုသိနိုင်သလဲ ။ ။

    တစ်ချို့လက်သည်းတွေက မသိမသာခုံးနေတာမျိုးရှိတတ်တာကြောင့် ကိုယ့်မှာ clubbing ရှိမရှိသိချင်ရင် ဆေးခန်းမသွားခင် အရင်စမ်းကြည့်လို့ရပါတယ်။

    • ပုံမှာပြထားတဲ့အတိုင်း ပုံမှန်လက်သည်းဆိုရင် အလယ်နားမှာ အပေါက်လေးရှိနေရပါမယ်။ clubbing ဖြစ်နေတဲ့ လက်သည်းမှာဆိုရင် ကြားထဲက အပေါက်ကလေးပျောက်နေတာ တွေ့ရပါလိမ့်မယ်။
    • နောက်ပြီး ပုံမှန် လက်သည်း အောက်က အသားလေးတွေ ပြင်ညီအတိုင်းရှိရမှာကို clubbing သမားတွေရဲ့ လက်သည်းမှာကျ ဖောင်းနေတတ်ပါတယ်။

    Clubbing ကို ဘယ်လိုကုသမလဲ ။

    လက်သည်းခုံးတဲ့ ပြဿနာဟာ အခြားကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာဖြစ်တာများတဲ့အတွက် ဖြစ်နေတဲ့ကျန်းမာရေးပြဿနာကို ခြေရာခံပြီး ကုသလိုက်လို့ရှိရင် လက်သည်းခုံးတဲ့ ပြဿနာလည်း ပျောက်သွားမှာ ဖြစ်ပါတယ် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement