မပေါ့ဆသင့်တဲ့ သိုင်းရွိုက်ပြဿနာ လက္ခဏာများ
သိုင်းရွိုက်
အသံအိုးနဲ့ ညှပ်ရိုးကြားမှာရှိပြီး လက်မအရွယ်အစားလောက်တောင်မရှိတဲ့ သိုင်းရွိုက်ဂလင်းဟာ ခန္ဓါကိုယ်တစ်ခုလုံးနီးပါးကို သက်ရောက်မှုပေးနိုင်ပါတယ်။ သိုင်းရွိုက်က သင့်ခန္ဓါကိုယ်မှာ ကယ်လိုရီဘယ်လောက်လောင်ကျွမ်းသွားသလဲ၊ ဦးနှောက်၊နှလုံး၊အသည်းနဲ့တခြား ကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုအနှေးအမြန်ကို ထိန်းချုပ်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေမယ့်ဟော်မုန်းတွေထုတ်ပေးပါတယ်။