backup og meta

ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

    ခေါင်း ချွေးထွက် လွန်းလို့ မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ ဆံပင်တွေ ကပ်သွားတဲ့ အဖြစ်မျိုး လူတိုင်း ကြုံတွေ့ဖူးမှာပါ။ တကယ်တော့ ချွေးထွက်တယ် ဆိုတာ ကိုယ်တွင်းမှာ ရှိနေတဲ့ အပူတွေကို ချွေးအဖြစ် ပြောင်းလဲပြီး အပြင်ကို ထုတ်ပေးတဲ့အတွက် ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် အရမ်းကြီး ချွေးထွက်များ တဲ့အခါကျ ချွေးနဲ့ ပြင်ပက ဖုန်တွေ ရောသွားပြီး ဦးရေပြားမှာ ဂျီး( ချေး) တွေ များလာတာ၊ ခေါင်းယားတာနဲ့ ဆံပင်တွေ ကပ်သွားတဲ့ ပြဿနာတွေ ဖြစ်လာတော့ စိတ်ညစ်ရပြီပေါ့။

    ဘာလို့ ကိုယ့်ကျမှ ပိုပြီး ဦးရေပြား ချွေးထွက် ရတာလဲ။

    ဦးရေပြားမှာ ချွေးထွက် သန်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

  • စိတ်ဖိစီးမှု များတာ၊ ပူပန်စရာတွေ များတာ
  • ဒေါသထွက် လွယ်တာ
  • ဟော်မုန်း အပြောင်းအလဲ ဖြစ်တာ
  • ရာသီဥတု ပူတာ
  • သိုင်းရွိုက်ဟော်မုန်း မမျှတတာ
  • လေ့ကျင့်ခန်း လုပ်ထားတာ နဲ့
  • ပူစပ်တဲ့ အစားအသောက်တွေ စားထားတာကြောင့် ဖြစ်နိုင်ပါတယ်။
  • ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

    ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေ ကပ်နေတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်း ကြမလဲ ဆိုတော့

  • ခေါင်းလျှော်ရည် အပျော့စား နဲ့ ခေါင်းလျှော်ပေးလို့ ရပါတယ်။ မိမိ ဆံပင်ပေါ် မူတည်ပြီး သင့်တော်သလို လျှော်ပေးနိုင်ပါတယ်။ ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်မှာ for oily scalp အတွက် ထုတ်ထားတာမျိုးဆို ပို အဆင်ပြေပါတယ်။
  • ပန်းသီး ရှာလကာရည် စားပွဲတင်ဇွန်း အနည်းငယ်လောက်ကို ရေနွေးလေးနဲ့ ဆတူရောပြီး ဦးရေပြားမှာ မိနစ် ၃၀ ခန့် သုတ်လိမ်းထားပေးပါ။ ပြီးရင် ပုံမှန် အတိုင်း ရေ ပြန်ဆေးချပါ။
  • ပုံမှန်ခေါင်းပုံမှန်လျှော်ပေးပါ။ ကိုယ်က သူများထက် ခေါင်းချွေးထွက်တယ်ဆိုရင် ၁ရက်ခြား၊ ၂ရက်ခြားလောက် လျှော်ပေးဖို့ လိုနိုင်ပါတယ်။
  • Hair oilတွေကို ဦးရေပြားမှာ မလိမ်းပါနဲ့။ ချွေးထွက်တဲ့အခါ ဆီတွေနဲ့ဆို ပိုပြီး ညစ်ပတ်လွယ်ပါတယ်။ ဆံပင်အဖျားမှာပဲ လိမ်းပေးပါ။
  • ဘယ်လိုကာကွယ်ကြမလဲ ။

    • ပူစပ်တဲ့ အစားအသောက်တွေက ချွေးထွက် များစေတာကြောင့် စပ်တဲ့ အစားအစာတွေကို လျှော့စားပါ။
    • လေဝင်လေထွက် ကောင်းပြီး သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်ပါ။
    • ဆံပင် အုံထူတဲ့ သူဆို hair stylist နဲ့ တိုင်ပင်ပြီး ပေါ့ပေါ့ပါးပါး ရှိတဲ့ ဆံပင် ပုံစံ ညှပ်ပါ။
    • ဆံပင်ကို စုစည်းထားတာအစား ဆံပင် ကြားထဲကို လေဝင်လေထွက် ကောင်းစေမယ့် ပုံစံလေးတွေ ပြင်ဆင်ပါ။
    • ရေ များများ သောက်ပါ။ ရေ များများ သောက်တာကြောင့် ကိုယ်တွင်း အပူချိန် လျော့ကျသွားပြီး ချွေးထွက်လည်း နည်းသွားမှာပါ။
    • စိတ်ဖိစီးမှု မရှိအောင် အတတ်နိုင်ဆုံး နေပါ။ စိတ်ဖိစီးမှု များခြင်းကလည်း ခေါင်းချွေးထွက်စေတဲ့ ပြဿနာတွေထဲက တစ်ခု ဖြစ်လို့ စိတ်ဖိစီးမှု နည်းအောင် တရားထိုင်ပါ၊ ယောဂ ကျင့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement