Probiotic ဆိုတာ ဘာလဲ သိကြရဲ့လား။
Probiotic ဆိုတာ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေပေါ့။ အစာခြေစနစ် ကျန်းမာအောင် အထောက်အကူပြုပေးတာပါ။ ဒိန်ချဉ်၊ ကင်မ်ချီ တို့လိုမျိုး အစားအစာတွေမှာ ပါဝင်နေတတ်ကြပါတယ်။ အစာအိမ်နဲ့ အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုကောင်းအောင်လုပ်ဆောင်ပေးတယ်၊ ဝမ်းမှန်စေတယ်၊ အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို သက်သာစေတယ်။