သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု

လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု

လိင်ဆက်ဆံတယ်ဆိုတာက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ သံယောဇဉ်တွေ တိုးလာဖို့ပါ၊၊ ခန္ဓာကိုယ်ချင်း ထိတွေ့မှု၊ စိတ်ချင်း ရင်းနှီးမှုတွေကြောင့် အတူနေတာက စိတ်ကျေနပ်မှုကို ရစေပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်၊၊ ဒါပေမယ့် တစ်ခါတလေမှာ အချစ်လွန်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတတ်ပါတယ်၊၊ ဒါကြောင့် လိင်ဆက်ဆံရင်း နဲ့ ထိခိုက်ဒဏ်ရာရခဲ့ရင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်၊၊

လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု

ထိုးသွင်းဆက်ဆံတဲ့အခါ ကြမ်းသွားတာ ဒါမှမဟုတ် sex toys တွေနဲ့ ထိုးမိတဲ့အခါ ဖြစ်တတ်ပါတယ်၊၊

နည်းလမ်း

မွေးလမ်းကြောင်း ဘယ်လောက်ပြဲသွားလဲဆိုတာပေါ် မူတည်ပါတယ်၊၊ သေးသေးလေး၊ အပေါ်ယံလေးပဲဆိုရင် အိမ်မှာတင် သက်သာအောင်ကုလို့ရပါတယ်၊၊ ကြီးလွန်းတယ်၊ သွေးထွက်များတယ်ဆိုရင်တော့ ချုပ်ဖို့လိုနိုင်လို့ ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်၊၊

အိမ်မှာသက်သာစေတဲ့ နည်းတွေကတော့

  • နာတာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်ပါ၊၊
  • ရေနွေးဇလုံထဲမှာ တစ်ခါစိမ်ရင် ၁၀-၁၅မိနစ်နဲ့ ၃-၄ကြိမ် စိမ်ပေးပါ၊၊
  • အနာမပျောက်ခင် Tampon ထည့်တာ၊ အတူနေတာကို ရှောင်ပါ၊၊
  • များများအနားယူပေးပါ၊၊

လိင်ဆက်ဆံရင်းနဲ့ မွေးလမ်းကြောင်းပြဲတာ မဖြစ်ဖို့ဆိုရင် အတူမနေခင်မှာ အချိန်ပေးပြီး နှိုးဆွဖို့လိုပါတယ်၊၊ ဒါမှ မိန်းမကိုယ်စိုစွတ်မှာ ဖြစ်ပါတယ်၊၊ ဒါမှမဟုတ် ရေဓာတ်အခြေခံပြီး ထုတ်ထားတဲ့ ချောဆီကိုလည်း အသုံးပြုပေးနိုင်ပါတယ်၊၊

သာမန်အချိန်ဆို လိင်တံက ပျော့နေလို့ မကျိုးနိုင်ပေမယ့် ထောင်မတ်နေတဲ့ လိင်တံကတော့ အခန့်မသင့်ရင် ကျိုးသွားနိုင်ပါတယ်၊၊ အထူးသဖြင့် အားပြင်းပြင်းနဲ့ လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးရဲ့ ဆီးခုံရိုးနဲ့ ညပ်ပြီး ကျိုးတတ်ပါတယ်၊၊

နည်းလမ်း

လိင်တံကျိုးတာက အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကို မဖြစ်မနေ သွားဖို့လိုပါတယ်၊၊ လိုအပ်ရင် ခွဲစိတ်ရမှာ ဖြစ်ပါတယ်၊၊

လိင်ဆက်ဆံရင်းနဲ့ လိင်တံမကျိုးအောင် ကာကွယ်လို့ရပါတယ်၊၊ စုံတွဲတွေအနေနဲ့ စိတ်မလောဖို့၊ အတူနေတဲ့အခါ မကြမ်းဖို့လိုပါတယ်၊၊ ချောဆီသုံးတာကလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်၊၊

  • ကြွက်သားဒဏ်ဖြစ်တာ

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီး နောက်နေ့ဆို ကြွက်သားတွေ ဒဏ်ဖြစ်ပြီး နာတာကို ကြုံဖူးမှာပါ၊၊ ဒါနဲ့ အလားတူပါတယ်၊၊ လိင်ဆက်ဆံတယ်ဆိုတာကလည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်း ဖြစ်တဲ့အတွက် ကြွက်သားတွေကို ဆွဲဆောင့်မိပြီး ဒဏ်ဖြစ်တတ်ပါတယ်၊၊ အထူးသဖြင့်တော့ ပေါင်ခြံက ကြွက်သားတွေပါ၊၊

နည်းလမ်း

ကြွက်သားဒဏ်ဖြစ်တာက အိမ်မှာတင် သက်သာအောင် လုပ်လို့ရပါတယ်၊၊

  • ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ၊၊
  • နာတာ၊ ရောင်တာ သက်သာအောင် ရေခဲဝတ်ကပ်ပါ၊၊
  • ကြွက်သားတွေကို အနားပေးပါ၊၊

ဒီနည်းလမ်းတွေနဲ့လည်း မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်၊၊

လိင်ဆက်ဆံရင်းနဲ့ ကြွက်သားတွေ ဒဏ်ဖြစ်တာကို ကာကွယ်ဖို့ဆိုရင် လိုက်နာရမယ့်အချက်လေးတွေ ရှိပါတယ်၊၊ အနေအထားတစ်ခုကနေ နောက်တစ်ခုကို ပြောင်းမယ်ဆို ဖြည်းဖြည်းပြောင်းပါ၊၊ အထူးသဖြင့် လုပ်နေကျ မဟုတ်တဲ့ ပုံစံတွေဆို ပိုပြီးသတိထားသင့်ပါတယ်၊၊ စစချင်းမှာ အင်တိုက်အားတိုက် ဆက်ဆံတာကို ရှောင်ပါ၊၊

  • တင်ပဆုံကြွက်သားတွေ နာတာ

ဒါကလည်း ကြွက်သားဒဏ်ဖြစ်တာနဲ့ ဆင်တူပါတယ်၊၊ ဒါပေမယ့် အနည်းငယ်ကွာခြားတဲ့အချက်လေးတွေ ရှိပါတယ်၊၊

အမျိုးသားရော အမျိုးသမီးရဲ့ တင်ပဆုံကွင်းထဲမှာ ကြွက်သားတွေ ရှိပါတယ်၊၊ ဒီကြွက်သားတွေက ရှေ့ဆီးခုံရိုးနဲ့ နောက်မြီးညှောင့်ရိုးနဲ့ကို ပုခက်လို ချိတ်ထားတာ ဖြစ်ပါတယ်၊၊ ဒီကြွက်သားတွေကြားထဲမှာ ဆီးအိမ်တို့၊ သားအိမ်တို့၊ မစင်အိမ်တို့ ရှိနေပါတယ်၊၊

အတူနေတဲ့အခါ ဒီကြွက်သားတွေကလည်း အနည်းနဲ့ အများ ထိခိုက်တတ်ပါတယ်၊၊ ဒါကြောင့် လိင်ဆက်ဆံရတာ နာတာ၊ သက်သောင့်သက်သာ မဖြစ်တာတွေ ခံစားရတတ်ပါတယ်၊၊

နည်းလမ်း

တင်ပဆုံကြွက်သားတွေ တောင့်နေတဲ့အခါ အတူနေရင် သက်သောင့်သက်သာ မဖြစ်တာ၊ အတွင်းထဲက အင်္ဂါတွေကို ဖိထားသလိုဖြစ်နေတာကြောင့် ဒီအချက်တွေကို လိုက်နာသင့်ပါတယ်၊၊
  • စိတ်ထဲမှာ သက်သောင့်သက်သာ မဖြစ်တဲ့အခါ၊ စိုးရိမ်စိတ်တွေများနေတဲ့အခါ ကြွက်သားတွေ တင်းနေတတ်ပါတယ်၊၊ ဒီလိုအချိန်မျိုးမှာ အတူနေတာကို ရှောင်သင့်ပါတယ်၊၊ တင်းနေတဲ့ ကြွက်သားတွေက ပိုပြီးဒဏ်ဖြစ်လွယ်ပါတယ်၊၊
  • တင်ပဆုံကြွက်သားတွေ သက်သောင့်သက်သာရှိစေဖို့ ချောဆီကို သုံးနိုင်ပါတယ်၊၊
  • Kegel လေ့ကျင့်ခန်းလည်း လုပ်ပေးနိုင်ပါတယ်၊၊

လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု

  • မိန်းမကိုယ်ထဲမှာ ပစ္စည်းညပ်နေတာ

အတူနေရင်းနဲ့ မတော်တဆ မိန်းမကိုယ်ထဲမှာ ပစ္စည်းညပ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်၊၊ အတွေ့ရအများဆုံးကတော့ ကွန်ဒုံးတို့၊ sex toys တို့ပဲ ဖြစ်ပါတယ်၊၊

ဒီလိုမျိုး ပစ္စည်းညပ်နေတာက အချိန်ကြာလာတဲ့အခါ ပိုးဝင်တာ၊ ဘေးနားက ကြွက်သားတွေကို ထိခိုက်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်၊၊

နည်းလမ်း

အရင်ဆုံး စိတ်အေးအေးထားပါ၊၊ စိတ်လှုပ်ရှားပြီး ကြွက်သားတွေ တင်းနေရင် ထုတ်ရတာ ပိုခက်ပါတယ်၊၊ ပြီးရင်တော့

  • လက်ချောင်းလေးတွေကို သုံးပြီး ညပ်နေတာကို ထုတ်ဖို့ ကြိုးစားကြည့်ပါ၊၊ တခြားပစ္စည်းတစ်ခုခုနဲ့ ထည့်ပြီး မစမ်းပါနဲ့၊၊
  • ကိုယ့်ဘာသာကိုယ် ထုတ်လို့မရရင် အတင်းမလုပ်ပါနဲ့၊၊ နီးရာ ဆေးရုံ၊ ဆေးခန်းသွားပြီး ထုတ်လိုက်ပါ၊၊
  • အရေပြားပွန်းပဲ့ဒဏ်ရာ

ဒါကလည်း အတွေ့ရများတဲ့ ပြဿနာပါ၊၊ Carpet burn လို့ခေါ်ပါတယ်၊၊ အိပ်ရာမဟုတ်ဘဲ တခြားကြမ်းတမ်းတဲ့နေရာ (ဥပမာ ကြမ်းပြင်)မှာ လိင်ဆက်ဆံတဲ့အခါ ပွန်းပဲ့တာ ဖြစ်တတ်ပါတယ်၊၊ အရေပြားနဲ့ အောက်က မျက်နှာပြင်နဲ့ ပွတ်တိုက်တဲ့အတွက် လက်၊ တံတောင်၊ ဒူးနဲ့ ကျောမှာ ပွန်းရာ ပဲ့ရာလေးတွေ ဖြစ်တတ်ပါတယ်။

နည်းလမ်း

ပွန်းရာတွေ သိပ်မဆိုးဘူးဆိုရင် ရေနဲ့ ဆပ်ပြာနဲ့ ဆေးပြီး ပိုးသတ်ဆေး (Antiseptic) တစ်ခုခု လိမ်းထားလိုက်ပါ၊၊ အတွဲတွေအနေနဲ့လည်း အိပ်ရာမဟုတ်တဲ့ တခြားနေရာမှာ လိင်ဆက်ဆံမယ်ဆိုရင် အောက်ကနေ အဝတ်ထူထူ ခင်းထားဖို့ လိုပါတယ်၊၊

  • ခါးနာတာ

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင် ခါးနာတတ်သလိုပဲ အတူနေတာကလည်း ပုံမကျရင် ခါးနာတတ်ပါတယ်၊၊

နည်းလမ်း

လိင်ဆက်ဆံပြီး ခါးနာတဲ့ဝေဒနာ ခံစားရရင် ရေနွေးလေးနဲ့ ရေချိုးကြည့်ပါ၊၊ နောက်တစ်ခါ လိင်ဆက်ဆံရင်း ခါးနာတာ မဖြစ်စေဖို့ အတူမနေခင်မှာ အကြောလျှော့သလိုမျိုး လှုပ်လှုပ်ရှားရှား နေပေးပါ၊၊ ခါးမနာစေမယ့် ပုံစံနဲ့အတူနေပါ၊၊ အတူနေတာ ခံစားဖို့ကောင်းဖို့ ဆိုပေမယ့် ကျန်းမာရေးကလည်း အရေးကြီးပါတယ်၊၊

တကယ်လို့ ခါးနာတာက ရက်ကြာလာရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်၊၊

အန္တရာယ်ကင်းကင်း လိင်ဆက်ဆံနိုင်ဖို့

လိင်ဆက်ဆံတာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရတာက မဖြစ်သင့်ပါဘူး၊၊ တကယ်လို့ မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ရင် ခုပြောထားတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ပါ၊၊ တချို့ပုံစံတွေက ကိုယ့်ကျန်းမာရေးကြောင့် နေဖို့ အဆင်မပြေရင် အဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ၊၊ ဒါက လိင်ဆက်ဆံရင်း မတော်တဆ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်၊၊

သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Vaginal Tear (Non-Obstetric) https://www.fairview.org/patient-education/116680EN Accessed May 5, 2022

It’s Not Just Childbirth That Can Give You a Vaginal Tear https://rightasrain.uwmedicine.org/life/sex/its-not-just-childbirth-can-give-you-vaginal-tear Accessed May 5, 2022

What is Penile Trauma? https://www.urologyhealth.org/urologic-conditions/penile-trauma#Prevention Accessed May 5, 2022

The pelvic floor · Pelvic Floor First http://www.pelvicfloorfirst.org.au/pages/the-pelvic-floor.html#:~:text=The%20pelvic%20floor%20is%20the,to%20side%20(diagram%201). Accessed May 5, 2022

Pelvic Floor Muscle (Kegel) Exercises for Women to Improve Sexual Health https://www.mskcc.org/cancer-care/patient-education/pelvic-floor-muscle-kegel-exercises-women-improve-sexual-health Accessed May 5, 2022

The hypertonic pelvic floor https://www.continence.org.au/news/hypertonic-pelvic-floor#:~:text=As%20high%20levels%20of%20stress,to%20a%20hypertonic%20pelvic%20floor. Accessed May 5, 2022

Vaginal Foreign Body, Removed (Adult) https://www.fairview.org/patient-education/116678EN#:~:text=If%20an%20object%20is%20left,or%20rash%20may%20also%20occur. Accessed May 5, 2022

BACK PAIN AND SEX: SAFE SEX POSITIONS FOR YOUR BACK PAIN https://www.peerwell.co/blog/2018/05/30/sex-back-pain-positions/ Accessed May 5, 2022

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 05/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။