backup og meta

လိင်တံကို ထိခိုက်စေနိုင်တဲ့ ဆက်ဆံမှုပုံစံများ


Dr. Phio Thiha မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံကို ထိခိုက်စေနိုင်တဲ့ ဆက်ဆံမှုပုံစံများ

    လိင်ဆက်ဆံခြင်းဆိုတဲ့ ကိစ္စဟာ လူတွေရဲ့ ဘဝမှာ ချန်ထားခဲ့လို့ မရတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ အဲဒီလို ဆက်ဆံတဲ့အခါ တချို့သော ဆက်ဆံမှုပုံစံတွေဟာ ကိုယ့်ရဲ့ အမျိုးသားလိင်တံကို ထိခိုက်မိစေနိုင်တယ်။ အဲဒါတွေက ဘာတွေလဲ။ အန္တရာယ် ဖြစ်နိုင်တဲ့ ပုံစံ(၄)မျိုးကို ပြောပြချင်ပါတယ်။

    ၁။ Eager Chef Position

    လိင်တံကျိုးခြင်းကိစ္စတွေရဲ့ အများစုဟာ ပြင်းထန်တဲ့ ဆက်ဆံမှုကြောင့် ဖြစ်တာပါ။ လိင်တံကျိုးတယ် ဆိုတာကတော့ လိင်တံထောင်မတ်လာချိန်မှာ သွေးတွေနဲ့ ပြည့်နေတဲ့ ပြွန်တွေ ကျိုးကုန်တာကို ဆိုလိုတာပါ။ အဖော်ကို စားပွဲတစ်ခုခုပေါ်မှာ ရှိနေမယ်၊ ကိုယ်က မတ်တပ်ရပ်ပြီး ဆက်ဆံတဲ့ အခုပုံစံမှာ လိင်တံထိခိုက်မှု ဖြစ်တတ်ပါတယ်။

    ၂။ Doggy Style

    ကိုယ့်အဖော်က ဒူးထောက်ပြီး ရှေ့ကိုကုန်းထားမယ်၊ ကိုယ်က နောက်ကနေပြီး ထိုးသွင်းဆက်ဆံမယ်။ အဲဒီပုံစံမှာ တကယ်လို့ ကိုယ့်ရဲ့ ထိုးသွင်းမှုက အနေအထားမမှန်ခဲ့ရင် သင့်အဖော်ကိုလည်း ထိခိုက်ဒဏ်ရာ ရစေနိုင်တယ်။ ဒါကြောင့်မို့ ဆက်ဆံမှုမပြုမီမှာ အနေအထားမှန်မှန် နေရာယူကြဖို့ သိပ်အရေးကြီးပါတယ်။

    အဲဒီအပြင် ဒီပုံစံနဲ့ ဆက်ဆံရင်း စအိုထဲ မှားယွင်းပြီး ထိုးသွင်းဆက်ဆံမိရင် စအိုပြဲတဲ့ဒဏ်ရာမျိုးတွေလည်း ရသွားနိုင်ပါတယ်။

    ၃။ Cowgirl and lean back

    ဒီပုံစံကတော့ ကိုယ်က လှဲအိပ်နေမယ်၊ ကိုယ့်အဖော်က ကိုယ့်အပေါ်မှာ ထိုင်ပြီး ဆက်ဆံတဲ့ပုံစံမျိုးပါ။ ရှေ့ကိုကိုင်းပြီး သူ့လက်တွေ ကိုယ့်ရင်ဘတ်ပေါ် တင်ထားရမယ့်အစား နောက်ကိုလှန်လှန်ပြီး ဆက်ဆံတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ကိုယ့်ရဲ့ တံတောင်ဆစ်၊ ဒူးတို့လို ပုံစံမျိုးပါပဲ၊ ထောင်မတ်နေတဲ့ လိင်တံကို ခဏခဏ ဖိမယ်၊ ဒါမှမဟုတ် အောက်ကို အတင်းဖိချပါများလို့ရှိရင် ကျိုးသွားနိုင်ပါတယ်။ ဒီပုံစံအတိုင်း မကြာခဏ ဆက်ဆံမယ်ဆိုရင် Peyronie’s disease လို့ခေါ်တဲ့ ရောဂါမျိုး ရနိုင်ပါတယ်။ အဲဒါကတော့ လိင်တံအတွင်းတစ်ရှူးတွေမှာ အမာရွတ်သဖွယ်ဖြစ်သွားပြီး လိင်တံကောက်သွားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ မကုဘဲ ကြာကြာထားလို့ရှိရင် လိင်ဆက်ဆံလို့ မရတော့တဲ့အနေအထားထိ ဖြစ်လာနိုင်ပါတယ်။

    ၄။ The Pogo Stick Position

    သမားရိုးကျ ဆက်ဆံနည်းနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ကိုယ်က မတ်တပ်ရပ်နေပြီး အဖော်ကို ချီပိုးထားတဲ့ ပုံစံဖြစ်ပါတယ်။ ဒီပုံစံဟာ ခွန်အားစိုက်ထုတ်မှု တအားလိုအပ်သလို နောက်ကျောနာကျင်မှုကိုလည်း ဖြစ်စေပါတယ်။ ဆက်ဆံတဲ့အခါ ချော်ထွက်သွားခြင်းမျိုးလည်း ဖြစ်တတ်တယ်။

    လိင်တံကျိုးမှန်း ဘယ်လိုသိမလဲ။

    ဆက်ဆံပုံ မမှန်လို့ လိင်တံကျိုးသွားမယ်ဆိုရင်

    • ရုတ်တရက် တစ်ခုခုကျိုးသွားသလိုမျိုး ဂျွတ်ခနဲ အသံကြားရပါမယ်။
    • လိင်တံမထောင်တော့ပါဘူး။
    • ရုတ်တရက် ပြင်းပြင်းထန်ထန် နာလာပါမယ်။
    • အညိုအမည်းစွဲသွားပါမယ်။
    • ပုံမှန်မဟုတ်ဘဲ လိင်တံကွေးသွားပါမယ်။
    • လိင်တံထိပ်ကနေ သွေးထွက်လာပါမယ်။
    • ဆီးသွားရခက်ပါမယ်။

    ဒါဆိုရင်တော့ လိင်တံကျိုးတာ ဖြစ်ဖို့များပါတယ်။ ဆေးရုံကို မြန်မြန်သွားပါတော့။

    ကိုယ့်ရဲ့ လိင်မှုဘဝတိုးတက်ဖို့ အခုပြောခဲ့တဲ့ ပုံစံတွေထဲက တစ်ခုခုကို လုပ်ကြည့်ချင်တယ်ဆိုရင်လည်း လုပ်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် သတိထားစေချင်တာကတော့ ဘေးကင်းဖို့သာ အဓိက ဆိုတာပါပဲ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို နာကျင်စရာကောင်းပြီး အန္တရာယ်များတဲ့ အခြေအနေအဖြစ် မပြောင်းပစ်လိုက်ပါနဲ့။ တကယ်လို့ ကိုယ့်ရဲ့ လိင်တံမှာ ပြဿနာတခုခုရှိတယ်လို့ သံသယရှိရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းတစ်ခုကို အမြန်ဆုံး သွားစေချင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement