backup og meta

မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက်

    မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်သူကမှ ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိကြတဲ့အတွက် ပုံမှန်ဖြစ်နေတာကိုလည်း ပုံမှန်မဟုတ်ဘူးလို့ အထင်မှားတတ်ကြပါတယ်။ ခုလို တစ်ခုခု သိချင်ရင် ရှာဖွေဖတ်ရှုလို့ရတဲ့ ခေတ်မှာတော့ ဒီလို ယုံတမ်းစကားတွေက အမှန်မဟုတ်ဘူးဆိုတာ သိဖို့ ပိုလွယ်လာပါပြီ။

    မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက်

    • မိန်းမကိုယ်က အနံ့မရှိရဘူး။

    မိန်းမကိုယ်က အရေပြားက တခြားအရေပြားတွေနဲ့ တူတူပါပဲ။ တခြားနေရာတွေမှာ ချွေးထွက်ရင် ချွေးနံ့ကျန်နိုင်သလို မိန်းမကိုယ်မှာလည်း ချွေးနံ့ရှိနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ အနံ့မရှိအောင် အမွှေးအကြိုင်တွေ လျှောက်သုံးမှ ပြဿနာတက်ပါလိမ့်မယ်။ မိန်းမကိုယ်က ပန်းခင်းကြီးလို မွှေးနေစရာ မလိုတာ အမှန်ပါ။

    • မိန်းမကိုယ်ကို အတွင်းထဲထိ  ဆေးမှ သန့်မှာပေါ့။

    မိန်းမကိုယ်က ကိုယ့်ကိုယ်ကို သန့်ရှင်းရေး လုပ်နိုင်တဲ့ အင်္ဂါပါ။ သူ့မှာ ရောဂါဖြစ်စေတဲ့ ပိုးတွေကို တိုက်ထုတ်နိုင်တဲ့ ကောင်းကျိုးပြု Lactobacillus ဘက်တီးရီးယားတွေရှိသလို အဖြူဆင်းတဲ့ထဲမှာလည်း ဆဲလ်အသေတွေ ပါသွားပါသေးတယ်။ ဒါကြောင့် အတွင်းထဲထိ ဆေးတာ၊ ဆပ်ပြာတွေနဲ့ ဆေးတာ မလုပ်သင့်ပါဘူး။

    မိန်းမကိုယ်က နူးညံ့တဲ့ အတွက် ဒီလို ဆေးတာတွေက အက်စစ်ဓာတ်ကို ပျက်စေပြီး ရောဂါပိုးတွေကို ဝင်လာစေနိုင်ပါတယ်။ ရေနိုင်နိုင်နဲ့ ဆေးရင် ရပါပြီ။

    မိန်းမကိုယ်က သားရေပင်လိုပါပဲ။ ကျုံ့နိုင်ဆန့်နိုင်ပါတယ်။ အတူနေချိန်မှာ ကျယ်နိုင်ပေမယ့် ပြီးရင် ပြန်ကျဉ်းသွားပါတယ်။ ပိုမြင်သာအောင် ပြောရရင် ကလေးမွေးထားရင်တောင်  ပြန်ပြီး ကျဉ်းလာပါတယ်။ ဒီအတိုင်း ဟောင်းလောင်းကြီး ဖြစ်မနေပါဘူး။

    တစ်ခုရှိတာက ကလေးခဏခဏ မွေးရင်တော့ အနည်းငယ်ကျယ်လာနိုင်ပေမယ့် ဒါကလည်း Kegel exercisesတွေ လုပ်ရင် ပြန်ပြီး တင်းလာပါတယ်။

    ဘယ်အချိန်မှာ လျော့ရဲရဲ ဖြစ်လာလဲဆိုတော့ သွေးဆုံးလို့ အီစထရိုဂျင် မရှိတော့ဘူးဆိုရင် မိန်းမကိုယ်က ခြောက်သွေ့ပြီး တစ်ရှူးတွေ အားပျော့လာတတ်ပါတယ်။

    မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက်

    • အဖြူဆင်းတာ လုံးဝမကောင်းဘူး။

    အဖြူဆင်းတာ သဘာဝဖြစ်စဉ်ပါ။ အထူးသဖြင့် ရာသီလာခါနီး၊ သားဥကြွေခါနီးဆိုရင် ပိုဆင်းတတ်ပါတယ်။ အဖြူဆင်းတာက မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်နည်းတစ်မျိုးလို့လည်း အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် တော်တန်ရုံ အဖြူဆင်းတာကို စိတ်ထဲမထားပါနဲ့။

    စိတ်ထဲထားရမှာက မိန်းမကိုယ်ယားတယ်၊ အနံ့ဆိုးတယ်၊ အရောင်ပါတဲ့ အဖြူဆင်းလာရင်ပါ။

    ဒါဆို အသားမည်းနေတာကရော ချေးမတွန်းလို့လား။ မိန်းမကိုယ်အရောင်၊ ပုံစံတွေက အမျိုးသမီးတစ်ဦးနဲ့ တစ်ဦး အနည်းငယ် ကွာခြားပါတယ်။ မိန်းမကိုယ်က ထူးခြားနေတာ မဟုတ်ပါဘူး။ သာမန် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ တခြားနေရာတွေတောင် တစ်ယောက်နဲ့ တစ်ယောက် မတူရင် မိန်းမကိုယ်ကလည်း တူမှာ မဟုတ်ပါဘူး။

    အရောင်တွေ၊ ပုံစံတွေ အနည်းငယ် ကွဲနေတာ သဘာဝပါ။ ဒါကို သန့်ရှင်းမှု မရှိဘူးဆိုတဲ့ အယူအဆတွေကြောင့် မိန်းမကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာ၊ ဓာတုဆေးတွေနဲ့ အရောင်ချွတ်တာတွေ မလုပ်ဖို့ အကြံပေးပါရစေ။ ဒီလို လုပ်တာကမှ အသားအရေတွေ ပွန်းပြီး အခန့်မသင့်ရင် ပိုမည်းသွားနိုင်ပါတယ်။

    အပျိုမြှေးဆိုတာ အမြှေးပါးလေး တစ်ခုပါ။ အမျိုးသမီး အများစုမှာ ရှိတယ်။ လိင်ဆက်ဆံရင် ပြဲသွားနိုင်တယ်ဆိုပေမယ့် အမြဲတမ်းတော့ မမှန်ပါဘူး။ တချို့ အမျိုးသမီးတွေက မွေးကတည်းက မပါလာတာတွေ ရှိပါတယ်။ တချို့အမျိုးသမီးတွေက ကျန်းမာရေးအတွက် မိန်းမကိုယ်အောက်ပိုင်းကို စစ်ဆေးစမ်းသပ်ရင်း၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင်း၊ Tampons ထည့်ရင်း မတော်တဆ ထိုးမိတဲ့အခါ ပြဲသွားနိုင်ပါတယ်။

    ဒါကြောင့် အပျိုမြှေးက အပျိုဖြစ်ခြင်း မဖြစ်ခြင်းရဲ့ certificate မဟုတ်ပါဘူး။

    မိန်းမကိုယ်နဲ့ ပတ်သက်လာရင် ဘယ်သူ့ကို ပွင့်ပွင့်လင်းလင်း မေးရမလဲဆိုတာ တကယ်ခက်ပါတယ်။ လူကြီးတွေကို မေးဖို့ကလည်း ခက်၊ အချင်းချင်း ဆွေးနွေးမိပြန်ရင်လည်း ဟုတ်သလိုလို မဟုတ်သလိုလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုလိုမျိုး တစ်ခုခုသိချင်ရင် အလွယ်တကူရှာလို့ရတဲ့ ခေတ်ကြီးမှာတော့ တစ်ခုခုဆို အလွယ်မယုံဘဲ စိတ်ချရတဲ့ စာတွေဖတ်ပြီး အတည်ပြုဖို့ အကြံပေးချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement