ဒီမေးခွန်းရဲ့ အဖြေကတော့မှန်လည်းမှန်နိုင်သလို မှားလည်းမှားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာတစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်းက ကွဲပြားနိုင်လို့ပါပဲ။ တချို့သူတွေကတော့ ရှည်ပြီး လုံးပတ်ကြီးတဲ့လိင်တံတွေကိုနှစ်သက်ကြသလို တချို့အဖော် တွေကတော့ တိုပြီး လုံးပတ်သေးတဲ့ လိင်တံကို ပိုသဘောကြပါတယ်။ တကယ်အရေးကြီးဆုံးကတော့ ကိုယ်ရဲ့လိင်တံအရွယ်အစားကို ကိုယ်ကျေနပ်ဖို့ပါပဲ။ ကိုယ်လိင်တံရဲ့ အရွယ်အစားနဲ့ ပုံစံအပေါ် ကျေနပ်မှုရှိတတ်မယ်ဆိုရင် ဒီလို အခိုက်အတန့်မှာ ယုံကြည်မှု ရှိပြီး စွမ်းဆောင်မှု ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။
လိင်မှုဘဝကို ပိုတိုးတက်အောင် ဘယ်လို လုပ်ကြမလဲ။
ပုံစံအနေအထားနဲ့ လိင်ဆက်ဆံမှု ပုံစံက လိင်စိတ်ခံစားနိုင်စွမ်းနဲ့ သာယာမှုအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ပုံစံအနေအထား အမျိုးမျိုးပြောင်းလဲခြင်းက သင့်နဲ့ သင့်အဖော်ဖြစ်သူရဲ့ လိင်မှုဘဝ အပေါ် ကျေနပ်စွမ်းကို တိုးတက်စေနိုင်ပါတယ်။
လိင်တံကြီးချင်ရင် လေစုပ်စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေလုပ်သင့်သလား။
အမျိုးသားတိုင်း သူတို့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက်တော့ အနည်းငယ်ပိုကြီးစေချင်ကြတာပါပဲ။ ဒီအတွက်ကြောင့်လည်း တစ်ကမ္ဘာလုံးမှာသာမက မြန်မာနိုင်ငံမှာပါ လိင်တံကို ပိုကြီးစေတယ်ဆိုတဲ့ ဆေးနည်းတွေ၊ နည်းလမ်းတွေ ပေါင်းစုံရှိနေကြပါတယ်။ ဒါပေမဲ့ ပြဿနာက လိင်တံကြီးစေတယ်ဆိုတဲ့ နည်းလမ်းတွေအားလုံးနီးပါးက တကယ်အလုပ်မဖြစ်ပါဘူး။ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ လိင်တံရဲ့ ပျှမ်းမျှ အရှည်ဟာ ၅ လက်မကနေ ၆ လက်မ ကြားရှိပြီး လုံးပတ်ကတော့ ၄ လက်မ ကနေ ၅ လက်မကြားရှိပါတယ်။ ပျော့ခွေနေတဲ့အချိန်မှာတော့ လိင်တံတွေအရွယ်အစားက ပိုသေးနိုင်ပါတယ်။
ဒါပေမဲ့ တချို့ အမျိုးသားတွေကျတော့ ဆေးပညာအရ “micropenis” လို့ခေါ်တဲ့ လိင်တံတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ဟာ အင်မတန် ရှားပါးပြီး အမျိုးသား ဝ.၆ ရာခိုင်နှုန်းမှာသာ “micropenis” ဝေဒနာ ရှိကြပါတယ်။ “micropenis” ဟုတ်၊ မဟုတ်ဆိုတာ ဘယ်လိုသတ်မှတ်မလဲဆိုတော့ ဆန့်ပြီးတိုင်းတာရတဲ့ လိင်တံအရှည် ၃. ၆၆ လက်မနဲ့ အောက် ရှိနေရင် “micropenis” လို့ သတ်မှတ်လို့ရပါတယ်။
“micropenis” ဝေဒနာဟာ ငယ်စဉ်က မျိုးရိုးဗီဇနဲ့ ဟော်မုန်း ပြဿနာတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး အသက်ကြီးလာတဲ့အချိန် ဆီးကျိတ်ကင်ဆာ ခွဲစိတ်မှုနဲ့ Peyronie’s disease လို့ခေါ်တဲ့ လိင်တံအတွင်း အမာရွတ်တစ်ရှူးတွေ ဖြစ်ပေါ်မှုကြောင့် ဖြစ်တဲ့ အမျိုးသားလိင်တံရောဂါတို့ကြောင့်လည်း လိင်တံသေးနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာချက်တွေအရ လိင်တံကြီးချင်နေတဲ့ အမျိုးသားတွေရဲ့ လိင်တံဟာ သာမန်အရွယ်အစားတွေဖြစ်ပြီး သူတို့တွေဟာ လိင်တံသေးနေတယ်လို့ ထင်နေကြတာ ဖြစ်ပါတယ်။
အောက်မှာတော့ လိင်တံကြီးစေတယ်ဆိုပြီး ဆိုထားတဲ့ နည်းလမ်းတွေအကြောင်း အသေးစိတ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
၁။ လေစုပ်စက် (vacuum pump)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။