backup og meta

လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် သင့်ကိုယ်သင်အပြစ်တင်မိခြင်းက ကျော်လွှားနိုင်မယ့် နည်းလမ်း ၅သွယ်

လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် သင့်ကိုယ်သင်အပြစ်တင်မိခြင်းက ကျော်လွှားနိုင်မယ့် နည်းလမ်း ၅သွယ်

လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် သင့်အနေနဲ့ ဒီအဖြစ်အပေါ် မကောင်းမြင်စိတ်တွေပေါ်ပေါက်လာပြီး စိတ်ထဲမှာလည်း မကောင်းခံစားရပြီးကိုယ့်ကိုယ်ကို လည်းအပြစ်တင်နေတတ်ပါတယ်။ ဒီခံစားချက်တွေက သင့်ဘဝကိုထိခိုက်နိုင်ပြီး ဘယ်လိုကျော်လွှားရမလဲသိပါသလား?အခြားသူတွေကသင့်ကိုကူညီပေးနိုင်ပေမယ့် သင့်ကိုယ်သင် ကူညီမှာကအရင်ပါ။ သင်တစ်ယောက်တည်းမဟုတ်ဘူးလို့ သတိရပေးပါ။ သင့်ကို နားလည်ပေးနိုင်တဲ့အခြားအမျိုးသမီးတွေလည်းရှိပါသေးတယ်။

(၁) သင့်ခံစားချက်ကို နားလည်ပါစေ

တစ်ချို့လူအသိုင်းအဝိုင်းဟာ ကျူ းလွန်ခံရသူကို ဒီမတရားမှုအတွက် အပြစ်ဖို့ကြပါတယ်။ သူတို့ယုံကြည်တာကတော့ ဒီလိုဖြစ်ရတာဟာ သင့်အဝတ်အစားကြောင့်, သင့်အပြုအမူကြောင့် , ဒါမှမဟုတ် သင်က အရက်ဆိုင်တွေ ဘားတွေသွားတာကြောင့်လိုပြောကြပါလိမ့်မယ်။ ဒါဟာ အပြစ်ရှိသလိုခံစားရပြီး ကိုယ်ကိုယ်ကိုလည်း အပြစ်တင်တတ်ပါတယ်။ သင့်ကိုယ်သင်ကာကွယ်ဖို့ ဒီကိစ္စမဖြစ်အောင်တားဖို့ သင်တစ်ခုခုလုပ်ခဲ့သင့်တယ်လို့တွေးသလို မလုပ်ခဲ့တာကို နောင်တရသလိုဖြစ်တတ်ပါတယ် ။ တကယ်လို့သင့်မှာ အနာတရတွေရှိမယ်ဆိုရင်တောင် သင်စိတ်သက်သာရာရပါဦးမယ်။ ဘာလို့လဲဆိုတော့ သင်ဟာ မတရားပြုကျင့်ခံရသူဆိုတာ သက်သေပြနေလို့ဖြစ်ပါတယ်။ ဒါတောင်မှ သင့်မိသားစုကို အရှက်ကွဲအောင်လုပ်ထားမိသလိုဖြစ်နေတဲ့အတွက် သင်အပြစ်ရှိသလိုခံစားနေရပါမယ်။

(၂) သင့်ကိုယ်သင် အကောင်းတွေပဲပြောပေးပါ

ဘာပဲဖြစ်ဖြစ် မုဒိန်းကောင်သာ အမှားကျူ းလွန်သူဖြစ်ပြီး သင်မဟုတ်ပါဘူး။ သင်လုပ်သမျှဟာ ဒီလိုဖြစ်အောင်တောင်းဆိုတာမရှိပါဘူး။ သင်ဟာ ဘယ်တော့မှဒီလိုကိစ္စ ဖြစ်ချင်ခဲ့တာမဟုတ်သလို သင်လိုအပ်နေတာ အကူအညီဖြစ်ပြီး အပြစ်တင်ခံရခြင်းမဟုတ်ပါဘူး။

ကံကောင်းတာက သင်ဟာ ဒီလိုလိင်ပိုင်း စော်ကားမှုကို မိသားစုနဲ့ ရဲတွေကိုပြောပြပြီး အခက်အခဲတွေကျော်လွှားနိုင်ပါတယ်။ သင့်မိသားစုက သင့်ကြောင့်ရှက်နေမှာမဟုတ်သလို သင့်ကိုလေးစားမှုတွေ အချစ်တွေနဲ့ ကူညီပေးပါလိမ့်မယ်။ သင့်ဘဝက ဆက်လျောက်လို့ရသေးသလို ပိုတောင်ကောင်းလာနိုင်ပါတယ်။ ပြီးတော့ အားကစား လည်ပတ်တာ နဲ့ ဟင်းချက်တာလိုမျိုး ကြိုက်တဲ့အလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်နိုင်ပါတယ်။

(၃) သင်ယုံကြည်ပြီး ချစ်ရတဲ့သူတွေနဲ့ တူတူနေပါ။

တစ်ခါတစ်လေမှာ စကားပြောဆိုခြင်းက ကြောက်စိတ်တွေ စိတ်ဓါတ်ကျတာတွေနဲ့ ပင်ပန်းတာတွေကို ကျော်လွှားနိုင်ပါတယ်။ သင့်သူငယ်ချင်း မိဘ မောင်နှမ နဲ့သင်ယုံကြည်ရသူတွေကို စကားပြောနိုင်ပါတယ်။ သူတို့ကိုရှက်စေမယ်လို့မတွေးလိုက်ပါနဲ့ ။ သူတို့ကသင့်ကို အမြဲချစ်နေပြီး ကူညီမှုတွေပေးနေမှာပါ။ သင့်မိသားစုနဲ့နေတာက စိတ်ချလုံခြုံမှုရှိစေပါတယ်။ ဒါကြောင့်သူတို့အကူအညီကို မရှောင်လွဲပါနဲ့ ။

(၄) နှစ်သိမ့် ဆွေးနွေးသူဆီကအကူအညီယူပါ။

သင်ဟာနှစ်သိမ့် ဆွေးနွေးသူ လိုအပ်ပါလိမ့်မယ်။ သူတို့တွေက professional တွေဖြစ်ပြီး အရည်အချင်းပြည့်သူတွေဖြစ်လို့ ဘာလုပ်ရမလဲသိပါတယ်။ သင့်ကြောက်စိတ်တွေ အတွေးတွေကို နှစ်သိမ့် ဆွေးနွေးသူနဲ့ ဆွေးနွေးနိုင်ပါတယ်။ သူတို့က သင့်အတွေးတွေက ဘာပြောသလဲဆိုတာပြောပြပါလိမ့်မယ်။ ပြီးတော့ဒါကိုရင်ဆိုင်ဖို့ကူညီပါလိမ့်မယ်။ သင်ဟာ နှစ်သိမ့် ဆွေးနွေးသူ နုဲ့တစ်ကြိမ်ထက်မကတွေ့ရဖို့ရှိပါတယ်။ ဒါကြောင့် သင်စကားပြောလို့အဆင်ပြေမယ့်သူကိုရွေးပါ။

(၅) စိတ်ရှည်ပါ။

သင့်ကိုယ်သင် အရမ်းဖိအားပေးဖို့မလိုပါဘူး။ ဘယ်အရာမဆိုအချိန်ယူရပါတယ်။ သင်ချက်ချင်းကြီးတော့ ပြန်အဆင်ပြေမှာမဟုတ်ပေမဲ့ အကူအညီကောင်းကောင်းရရင် ပုံမှန်အခြေအနေကို ပြန်ရောက်နိုင်ပါတယ်။ စိတ်ရှည်ပါ။ ကုသမှုလုပ်နေရင် လွယ်လွယ်အလျော့မပေးပါနဲ့။

လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် စိတ်ထဲမှာအပြစ်ရှိသလိုခံရတယ်လို့ မိန်းကလေးတိုင်းဖော်ပြကြပါတယ်။ ဒါပေမယ့် ဒီလိုခံစားရတိုင်းလည်း ဆိုးကျိုးတွေ အမြဲတမ်း မရှောင်လွှဲနိုင်ပဲသက်ရောက်မယ်လို့မဆိုလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Feelings after sexual assault. http://www.secasa.com.au/pages/feelings-after-sexual-assault/. Accessed
February 28, 2017.

What You May Be Feeling. https://sapac.umich.edu/article/161. Accessed February 28, 2017.

What is sexual assault and sexual abuse?. http://www.kemh.health.wa.gov.au/services/sarc/what_is.htm.
Accessed February 28, 2017.

Some common reactions to sexual assault. http://dean.williams.edu/policies/sexual-misconduct/some-common-reactions-to-sexual-assault/. Accessed February 28, 2017.

SELF-BLAME HELD TO BE IMPORTANT IN VICTIMS’ RECOVERY.

http://www.nytimes.com/1984/01/17/science/self-blame-held-to-be-important-in-victims-recovery.html?pagewanted=all. Accessed February 28, 2017.

ယခုပုံစံ

10/02/2022

Phyo Wai Yan မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဘာကြောင့်ခံစားရတာလဲ

သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ



Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement