ကာကွယ်ဆေးထိုးနှံပေးမယ့် ဆရာဝန်နဲ့ မိဘများအကြားက သဘောတူညီမှု – ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မေးစရာတွေရှိနေတာ ဒါမှမဟုတ် စိုးရိမ်မှုတွေရှိနေမှုက အချိန်နဲ့အမျှဖြစ်ပေါ်နေတာကြောင့် ဆရာဝန်တွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးတိုင်းမှာ မိဘတွေအနေနဲ့ စိတ်ဖိစီးမှုတွေရှိနေနိုင်ပါတယ်။ သင်က ကလေးရဲ့ ကျန်းမာရေးကိုစောင့်ရှောက်ပေးနေတာဆိုရင်မိဘတွေအနေနဲ့ ကလေးကိုထိုးနှံပေးမယ့် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အယုံကြည်ရဆုံးက သင်ဖြစ်မှာပါ။ ကိုယ့်ရဲ့ ရင်သွေးကို ကာကွယ်ဆေးထိုးနှံပေးဖို့ ကိစ္စမှာ စိတ်အပူဆုံးနဲ့ မေးစရာအများဆုံးရှိမယ့် ပုဂ္ဂိုလ်က မိဘဆိုတာတော့အသေအချာပါ။ သင်အနေနဲ့ ကလေးရဲ့ မိဘတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားမယ်ဆိုရင် ကလေးကို ကာကွယ်ဆေးထိုးနှံဖို့အကြံပေးရာမှာ ပိုပြီးအထောက်အကူပြုနိုင်ပါလိမ့်မယ်။ ကာကွယ်ဆေးအကြောင်းနားလည်အောင်ရှင်းပြရာမှာရော ကာကွယ်ဆေးရွေးချယ်ပေးရာမှာပါ ထိရောက်မှုရှိမှာပါ။ မိဘတွေနဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးပိုင်ဆိုင်ထားမှုက ယုံကြည်မှုတည်ဆောက်ဖို့အတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်မှာပါ။ သင့်အနေနဲ့ မိဘတွေနဲ့ ကလေးကို ကာကွယ်ဆေးထိုးနှံပေးဖို့ အကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးတော့မယ်ဆိုရင် ဒီအချက်တွေကို စဉ်းစားထားသင့်ပါတယ်။