လိင်အင်္ဂါကြွက်နို့ ကုသနည်း နဲ့ ကင်ဆာပြောင်းနိုင် မပြောင်းနိုင်
လိင်အင်္ဂါကြွက်နို့က HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး လိင်ကတဆင့်ကူးစက်တဲ့ ရောဂါဖြစ်ပါတယ်။ အမျိုးသားမှာရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်ပြီး လိင်တံ၊ မိန်းမကိုယ်နဲ့ စအိုတစ်ဝိုက်မှာ အဖုလေးတွေအနေနဲ့ ရှိတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ရှိတဲ့အခါ အများစုက ရှက်တာကြောင့် လာမကုကြတာ၊ တွေ့ရာဆေးတွေ လိမ်းကြတာတွေ ရှိပါတယ်။ ဒါကြောင့် လိင်အင်္ဂါကြွက်နို့ ကုသနည်း ကို ပြောပြပေးပါ့မယ်။ လိင်အင်္ဂါကြွက်နို့ ကုသနည်း တွေကို အိမ်မှာသုံးလို့ ရမရ အရင်ဆုံး သိထားရမှာက လိင်အင်္ဂါကြွက်နို့ကို ကိုယ့်ဟာကိုယ်ကုလို့ မရဘူးဆိုတာပါ။ ဘာမှန်းမသိတဲ့ လိမ်းဆေးတွေ၊ ကြွက်နို့ကပ်ခွာ၊ အသားမာကပ်ခွာ စတာတွေ မသုံးရပါဘူး။ ဒါတွေက လိင်အင်္ဂါနေရာအတွက် ထုတ်ထားတာမဟုတ်တဲ့အတွက် အရေပြားလောင်တာ၊ စားတာတွေ ဖြစ်ပြီး ပိုဆိုးတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ကို ကုမယ်ဆိုရင် အထွေထွေရောဂါကုဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ပြသရပါမယ်။ https://wp.hellosayarwon.com/sexual-wellness/genital-warts/ လိင်အင်္ဂါကြွက်နို့ကို ဘာကြောင့်ကုရတာလဲ လိင်အင်္ဂါကြွက်နို့က သူ့အလိုလိုလည်း ပျောက်ပါတယ်။ […]